Connect with us

Hi, what are you looking for?

သတင်း

ကျောက်ထုနှင့် ထီးလင်းတိုက်ပွဲများအတွင်း စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ် ၂၀ကျော်သေဟု ယောတပ်ပြော

စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာသည့်အပေါ် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယောတပ်တော်တာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးရမိသော စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - YA
ဖမ်းဆီးရမိသော စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - YA

▪️စစ်သုံ့ပန်းတစ်ဦးနှင့် လက်နက် ၅လက်ရဟု ယောတပ်တော် အသိပေး၊ ရဲဘော် ၂ဦး ကျဆုံး

ဟန်နွေ/People’s Spring

မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုဒေသနှင့် ထီးလင်းမြို့နယ် ထီးလင်းမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် သေဆုံးထိခိုက်သူများပြားကြောင်း ယောတပ်တော်(YA)က ယနေ့(ဒီဇင်ဘာ ၁ရက်)သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁၈ရက်မှ နိုဝင်ဘာ ၂၈ရက်အတွင်း တိုက်ပွဲဖြစ်ပွားမှု၊ နှစ်ဖက်ထိခိုက်ကျဆုံးနှင့် စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှု အခြေအနေများကို ယောတပ်တော်က တိုက်ပွဲဖြစ်စဉ်နှင့် နေ့ရက်အလိုက် အသိပေးထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဉ် ၄ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်က ၂၄ဦးသေဆုံးကြောင်း၊ အလောင်း ၈လောင်းရရှိကြောင်း ယောတပ်တော်တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” ဒီထက်ကျဆုံးတာတွေ ထိခိုက်ပြင်းထန်တွေနဲ့ ပျောက်ဆုံးနေတာတွေလည်းရှိသေးတယ်လို့ အတွင်းသတင်းအရသိရပါတယ် စကစထဲက အရာရှိအဆင့် စစ်ကြောင်းမှူး တစ်ယောက်လည်းကျတဲ့ထဲပါတယ်”ဟု ယောတပ်တော်မှ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲများအတွင်း YA ရဲဘော်တစ်ဦးနှင့် ပြည့်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာသည့်အပေါ် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယောတပ်တော်တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် စစ်ကြောင်းထိုးခြင်းထက် မြို့သိမ်းမခံရရေး အဓိကလုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။

” ရည်ရွယ်ချက်ကတော့ ကျောက်ထုမြို့သိမ်းမယ်သတင်းတွေထွက်နေတော့ သူတို့က နယ်မြေလုံခြုံရေးအင်အားပြစစ်ကြောင်းထွက်တဲ့သဘောမှာ ကျွန်တော်တို့ ယောတပ်တော်(YA) ရဲ့လှုပ်ရှားစစ်ကြောင်းနဲ့တိုးတာပါ”ဟု ယောတပ်တော် တာဝန်ရှိသူက တိုက်ပွဲများ ဖြစ်ပွားခဲ့ရသည့် အကြောင်းအရင်းကို ရှင်းပြသည်။

တိုက်ပွဲသတင်းကိုလည်း ဖြစ်စဉ်အလိုက် အသိပေးခဲ့ရာ နိုဝင်ဘာ ၁၈ရက်တွင် မကွေးတိုင်း၊ထီးလင်းမြို့မှ စတင်ထွက်ခွာလာသော စစ်ကောင်စီ၏ အင်အား (၈၀) ကျော်ပါစစ်ကြောင်းသည် နိုဝင်ဘာ ၂၀ရက် နံနက်တွင် ယောတပ်တော်၏ လှုပ်ရှားစစ်ကြောင်း (၂ )တပ်ဖြန့်ထားသောနေရာသို့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်ပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်လာ၍ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ယောတပ်တော် ပူးပေါင်းလှုပ်ရှားစစ်ကြောင်းနှင့် စစ်ကောင်စီ၏အဆိုပါစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီဘက်မှ Mi-35 ချေမှုန်းရေး ရဟတ်ယာဥ်များဖြင့် လေကြောင်းပစ်ကူကာ အပြင်းအထန် ထိုးစစ်ဆင်ခဲ့ကြောင်း၊ မဟာမိတ်တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)မှ တိုက်ခိုက်ရေး Droneများ၊ ဒေသခံပကဖများမှ လက်နက်ကြီးများဖြင့် ယောတပ်တော်ကို အားဖြည့်ပေးခဲ့ရာ ညပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းအထိအခိုက်၊ အကျအဆုံးဖြင့်ပြန်လည်ဆုတ်ခွာသွားခဲ့ဟု ထုတ်ပြန်သည်။

ထို့သို့ ဆုတ်ခွာစဥ် စစ်ကောင်စီစစ်ကြောင်းမှ ဒါဏ်ရာရသူများအား ထမ်းစဉ်လေးထမ်းဖြင့် မြို့တွင်းပြန်ဝင်သွားကြောင်း သတင်းရရှိခဲ့သည်ဟု ဖော်ပြသည်။

နိုဝင်ဘာ ၂၆ရက်တွင်လည်း ကျောက်ထုမြို့ အမြောက်တပ်၊အမတ (၃၆၈)တပ်ဝန်းအနီးတွင် ယောတပ်တော် (YA)၏လှုပ်ရှားစစ်ကြောင်း (၄) နှင့် ကျောက်ထုမြို့ အမတ(၃၆၈ )မှထွက်လာသော စစ်ကြောင်းမှ ရှေ့ပြေးအင်အား (၃၀) ကျော်တို့ အနီးကပ်တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

၁နာရီခွဲခန့်ကြာတိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း YA ရဲဘော်တစ်ဦး ကျဆုံးခဲ့ဟု အသိပေးသည်။

နိုဝင်ဘာ ၂၇ရက်တွင်လည်း ကျောက်ထုမြို့ အမတ (၃၆၈)တပ်ရင်းမှ ထပ်မံအင်အားဖြည့်တင်းပြီးထိုးစစ်ဆင်လာရာ ယောတပ်တော် မှ လက်ဦးမှုရရှိခဲ့၍ စစ်ကောင်စီတပ် အထိနာခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီသည် Mi-35 ချေမှုန်းရေး ရဟတ်ယာဥ်များကို အသုံးပြု၍ ရော့ကတ် ၊စက်လတ်တို့ဖြင့် လေးကြိမ် အပြင် လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း၊ ၂၃နာရီခန့်ကြာ တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်း ပစ်ကူ ကြားမှ စစ်ကောင်စီတပ်အား ဖိအားပေး တိုက်ခိုက်နိုင်ခဲ့ဟု ယောတပ်တော်က အသိပေးသည်။

နိုဝင်ဘာ ၂၈ရက်တွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွား၍ တိုက်ပွဲဖြစ်ပွားရာအား နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်ထံမှ လက်နက်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း ၂လောင်း ရရှိခဲ့သည်ဟု ယောတပ်တော်က ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၈ရက်တွင်လည်း ထီးလင်းမြို့၊ ရွှေထီးခန်းမမှ အနီးကျေးရွာများသို့ လုယက်ဖျက်ဆီးရန် ထွက်လာသော တပ်မ(၇၇)၊ တပ်ရင်း(၁၀၇) ပူးပေါင်း အင်အား ၈၀ပါ စစ်ကြောင်းအား ယောတပ်တော်က ကြားဖြတ်တိုက်ခိုက်ရာ ယောတပ်တော်က လက်ဦးမှုရယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်စစ်ကြောင်းအထိနာကာ မြို့တွင်းသို့ပြန်ဆုတ်ခွာသွားသည်ဟု ဖော်ပြသည်။

၅နာရီခွဲခန့် အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ Mi35 ခြေမှုန်းရေးရဟတ်ယဉ်ဖြင့် လေကြောင်းပစ်ကူပေးပြီး ၎င်းတပ်များကို ဆွဲထုတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲပြင်းထန်‌နေချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် ဒရုန်းတပ်ဖွဲ့မှလည်း ယောတပ်တော် (YA) နဲ့ လာရောက်ပူးပေါင်းခဲ့ကြပြီး ဟန်ချက်ညီညီ ဖြင့် တိုက်ပွဲဖေါ်ဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

ယောတပ်တော်(YA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်းကာ ထိုးစစ်ဆင်လာသော စစ်ကြောင်းကို ကစဥ့်ကလျားဖြင့် ထွက်ပြေးဆုတ်ခွာစေသည်ထိ တန်ပြန်ထိုးစစ်ဆင်ကာ ယောဒေသ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ် ပေးနိုင်ခဲ့ကြောင်း၊တိုက်ပွဲဖြစ်ပွားရာနေရာသို့ ရှင်းလင်းရေးဝင်ရောက်ချိန်တွင် ရန်သူ့ဘက်မှသုံ့ပန်း(၁)ဦး အလောင်း ၈လောင်း ၊MA သေနတ် (၁)လက် ၊ကာဘိုင် (၂)လက် ၊အခြားကျည်နှင့်ခဲယမ်းများ ၊စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

အလောင်းများတွင် ရန်သူ့တပ်မှ အရာရှိဗိုလ်ကြီးတစ်ဦးပါရှိပြီး စစ်ကြောင်းမှူး ဖြစ်ကြောင်းသတင်းရရှိသည်ဟု ယောတပ်တော်က ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲအတွင်း ယောတပ်တော် (YA)မှ ရဲဘော် နှစ်ဦး ပြင်းထန်ထိခိုက်ဒါဏ်ရာရရှိခဲ့ပြီး ပူးပေါင်းလာသော ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ဟု အသိပေးသည်။

ဆုတ်ခွာသွားသော စစ်ကောင်စီစစ်ကြောင်းမှ ဒါဏ်ရာပြင်းထန်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး မှာထပ်မံသေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရ သူ (၁၀)ဦးကျော် ဆေးကုသနေကြောင်းသိရှိရသည်ဟု ထုတ်ပြန်သည်။

ယောတပ်တော် (YA)အနေဖြင့် မဟာမိတ်ချင်းညီနောင် (CB) ၊ယောကာကွယ်ရေးတပ် (YDF)တို့နှင့်ပူးပေါင်းကာ ယောဒေသစစ်ဆင်ရေးများကို တိုးမြှင့် ဖေါ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။

ယခုတိုက်ပွဲဖြစ်စဉ်များတွင် နီးစပ်ရာဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၊ ခရိုင်တပ်ရင်းများနှင့် းရုန်းတပ်ဖွဲ့များလည်းပူးပေါင်းကာ ဟန်ချက်ညီတိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်ကြောင်း အသိပေးသည်။

ယောတပ်တော်(YA)အနေဖြင့် စစ်ပုံကျသော၊စနစ်ကျသော၊ အတွေ့အကြုံပြည့်ဝသော တပ်‌တော်တစ်ခုဖြစ်လာရန် အစဥ် တည်ဆောက် လျက်ရှိပြီး စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ယောဒေသနှင့် ယောအမျိုးသား လွတ်မြောက်ရေး၊ တန်းတူညီမျှသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် မဟာမိတ်များနှင့်ပူးပေါင်းကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်သည်။

” စစ်ရေးတွေပြင်းထန်လာဖို့ရှိမယ် ပြည်သူတွေ အစစအရာရာပြင်ဆင်ထားကြဖို့လိုမယ် ကျွန်တော်တို့ ယောတပ်တော်အနေနဲ့ စစ်အာဏာရှင်စနစ်အမြန်ဆုံးအမြစ်ဖြတ်ရေး ၊ ယောဒေသအမြန်ဆုံးလွတ်မြောက်ရေး၊ဖစ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ရွယ်ရွယ်ချက်တူမဟာမိတ်များနဲ့ပူးပေါင်းတိုက်ပွဲဝင်သွားပါမယ်”ဟု ယောတပ်တော် တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းရှိ စော်ဘွားရေရှင်ကျေးရွာအနီးကို စစ်ကောင်စီက ယနေ့ (ဇန်နဝါရီလ ၁၈ရက်) နံနက် ၇နာရီခန့်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း ရက်အနည်းငယ်အကြာ တိုက်ပွဲငြိမ်သက်ခဲ့ပြီးနောက် ဇန်နဝါရီ၁၆ရက်ညနက်ပိုင်းမှစ၍ ဘောမိကျေးရွာအနီး၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီက လေကြောင်းမှပါ ခုခံတိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခမ်းပါတ်မြို့နှင့် အင်းတော်မြို့နယ်၊ မော်လူးမြို့တို့တွင် ယမန်နေ့ညပိုင်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ငါးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက်ကို စစ်ကောင်စီက ပိိုက်စိပ်တိုက်စစ်ဆေးရာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း အဆိုပါမြို့နယ်ဒေသခံအချို့က လူထုနွေဦးသို့ ပြောသည်။