Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီခေါင်းဆောင်ခရီးစဉ်ရှိလို့ ပြင်ဦးလွင်မြို့ရဲ့ လုံခြုံရေးတင်းကြပ်

အခုနှစ် ဧပြီလအတွင်း ကတော့ DSA မှာ ပြုလုပ်တဲ့ သင်္ကြန်ပွဲ ကို တက်ရောက်ဖို့ စစ်ကောင်စီခေါင်းဆောင် ပြင်ဦးလွင်ကိုရောက်နေချိန် DSA ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကောင်စီပြန်ကြားရေး
ဓာတ်ပုံ - စစ်ကောင်စီပြန်ကြားရေး

ဆိုင်းမင်း/People’s Spring

မန္တလေး ၊ ပြင်ဦးလွင်မြို့ဆီ စစ်ကောင်စီ ခေါင်းဆောင် လာရောက်ဖို့ ရှိတဲ့အတွက် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေး တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

စစ်တက္ကသိုလ် (DSA) ကျောင်းဆင်းပွဲ ဒီဇင်ဘာလ ပထမ ပတ်အတွင်း ပြုလုပ်ဖို့ရှိနေပြီး စစ်ကောင်စီခေါင်းဆောင် တက်ရောက်ဖို့ ရှိတာကြောင့် မြို့လုံခြုံရေးကို နိုဝင်ဘာလကုန်ပိုင်းကစတင် တိုးမြှင့်လာတာလို့သိရပါတယ်။

” မီးပွိုင့်လိုနေရာမျိုးတွေ၊ လမ်းကြားနေရာတွေမှာ ရဲအင်အားများများချထားတယ်” လို့ ပြင်ဦးလွင်မြို့ ၊ နာရီစင်အနီးနေထိုင်တဲ့ အသက် ၄၀အရွယ်အမျိုးသားတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြင်ဦးလွင်မြို့အဝင် အနီးစခန်းစစ်ဆေးရေးဂိတ်၊ ဇီးပင်ကြီး စစ်ဆေးရေးဂိတ်နဲ့ ၁၆မိုင် စစ်ဆေးရေးဂိတ်တွေမှာ အဓိကထားစစ်နေသလို မြို့လည်းပတ်ပတ်လည်မှာလည်းကင်းပုန်းတွေ ချထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မန္တလေး – ပြင်ဦးလွင် လမ်းပိုင်းကို ယာဉ်အမျိုးအစားပေါ်မူတည်ပြီး သွားလာခွင့်ကန့်သတ်ပိတ်ပင်ထားပါသေးတယ်။ ဘေးတွဲဆိုင်ကယ်တွေ ၊ အုတ် ၊သဲကျောက် တင်တဲ့ ထရပ်ကားတွေကို သွားလာခွင့် ကန့်သတ်ထားတာပါ။

အခုနှစ် ဧပြီလအတွင်း ကတော့ DSA မှာ ပြုလုပ်တဲ့ သင်္ကြန်ပွဲ ကို တက်ရောက်ဖို့ စစ်ကောင်စီခေါင်းဆောင် ပြင်ဦးလွင်ကိုရောက်နေချိန် DSA ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကနေ ရှမ်းမြောက် နောင်ချိုမြို့နယ်က ဂုတ်ထိပ်တံတားနဲ့ ကူးသန်းတဲ့ ရထား လမ်းချော်ပြီး တိမ်းစောင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။