Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်ဂိုဏ်းတွေ ခိုးသုံးနေတဲ့ တရားမဝင် အင်တာနက် ကေဘယ်လ်ကြိုးတွေ နယ်စပ်မှာ ထိုင်းရှာတွေ့

ထိုင်းရဲ့ဆိုက်ဘာလုံခြုံရေး အာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး မြန်မာ၊ လာအိုတို့နဲ့ နယ်စပ်တွေမှာ တရားမဝင် သွယ်တန်းထားတဲ့ အင်တာနက် ကေဘယ်လ်ကြိုးတွေ၊ ဆက်သွယ်ရေး တာဝါတိုင်တွေကို စုံစမ်းဖော်ထုတ်နေခဲ့တာ ဖြစ်ပါတယ်။

ကျားဖြန့်ဂိုဏ်းတွေ ခိုးသုံးနေတဲ့ တရားမဝင် အင်တာနက် ကေဘယ်လ်ကြိုးတွေ နယ်စပ်မှာ ထိုင်းရှာတွေ့
ကျားဖြန့်ဂိုဏ်းတွေ ခိုးသုံးနေတဲ့ တရားမဝင် အင်တာနက် ကေဘယ်လ်ကြိုးတွေ နယ်စပ်မှာ ထိုင်းရှာတွေ့

People’s Spring

ထိုင်း-မြန်မာ နယ်စပ်နားမှာ ရှာတွေ့တဲ့ အကြီးစား အင်တာနက် ကေဘယ်လ်ကြိုးကြီးတွေကို ငွေကြေးလိမ်လည်မှု ကျားဖြန့်ဂိုဏ်းတွေက ခိုးပြီး အသုံးပြုနေခဲ့တာလို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား အမှတ် (၁) နားမှာ အဲဒီ တရားမဝင် သွယ်တန်းထားတဲ့ အင်တာနက် ကေဘယ်လ်ကြိုးတွေကို ဒီဇင်ဘာ ၂ ရက်နေ့မှာ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကြိုးဟာ သောင်ရင်းမြစ်ကို ဖြတ်ပြီး မြန်မာဖက်ခြမ်းက မြဝတီမြို့နဲ့ ထိုင်းဖက်ခြမ်းက မဲဆောက်တို့ကြား ဆက်သွယ်ထားတာပါ။

ထိုင်းရဲ့ဆိုက်ဘာလုံခြုံရေး အာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး မြန်မာ၊ လာအိုတို့နဲ့ နယ်စပ်တွေမှာ တရားမဝင် သွယ်တန်းထားတဲ့ အင်တာနက် ကေဘယ်လ်ကြိုးတွေ၊ ဆက်သွယ်ရေး တာဝါတိုင်တွေကို စုံစမ်းဖော်ထုတ်နေခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အဲဒီလို တရားမဝင် သွယ်တန်းထားတဲ့ အင်တာနက် ဆက်ကြောင်းတွေကို မြန်မာနဲ့ နယ်စပ်မှာရော၊ လာအိုနဲ့ ထိစပ်နေရာ မဲခေါင်မြစ်ဝှမ်း ဒေသတွေမှာပါ ရှာတွေ့ခဲ့တယ်လို့ အမျိုးသား ရုပ်သံထုတ်လွှင့်မှုနဲ့ ဆက်သွယ်ရေး ကော်မရှင် အကြီးအကဲ နာသက်သောင် ပရူဆွန်တောင်က ပြောပါတယ်။

သူက ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၁ အနီးတဝိုက်မှာ ရှာတွေ့ခဲ့တဲ့ ကေဘယ်လ်ကြိုးတွေဟာ လုံးပတ်ကြီးမားပြီး အချက်အလက်တွေကို မြန်နှုန်းမြင့် ပို့ဆောင်နိုင်တဲ့ ဖိုင်ဘာအော့တစ် ကြိုးတွေဖြစ်ကြောင်း၊ အရေအတွက်အားဖြင့် ကေဘယ်လ်ကြိုး ၁၆ ချောင်း ရှာတွေ့ခဲ့ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

နောက်ဆက်တွဲ စုံစမ်းမှုတွေအရ အဲဒီ ကေဘယ်လ်တွေဟာ မြန်မာနိုင်ငံဖက်ခြမ်းကိုကီလိုမီတာ တချို့ထိ ဝင်ရောက်သွားပြီး ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်သွယ်ပေးထားတယ် ဆိုတာကို ဖော်ထုတ် တွေ့ရှိလာခဲ့ကြောင်း နာသက်သောင်က ဆက်ပြောပါတယ်။

သူက အခုတွေ့ရှိမှုဟာ တရားမဝင် အင်တာနက် ကေဘယ်လ်ကြိုးတွေကို ဖော်ထုတ်ဖမ်းဆီးရမိမှုမှာ ထုထည်ပမာဏ အကြီးမားဆုံးလို့ သတ်မှတ်နိုင်ကြောင်း မှတ်ချက်ပေးခဲ့သလို ကျားဖြန့်ဂိုဏ်းတွေ အင်တာနက် ချိတ်ဆက်မှု မရစေဖို့အတွက် ကေဘယ်လ်တွေကို ဖြတ်တောက်ပစ်ခဲ့ကြောင်းလည်း အတည်ပြု ပြောကြားသွားပါတယ်။

ကိုးကား- Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံမှာတရုတ်အလုပ်ရှင်ကိုသတ်ဖြတ်ခဲ့မှုအတွက် အလိုရှိနေတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၄ ဦးကအဖမ်းခံခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

သတင်း

ထိုင်း​ရောက်မြန်မာလုပ်သားတွေအတွက် မည်သူမည်ဝါဖြစ်​ကြောင်းသက်​သေခံလက်မှတ် (CI) ထုတ်ပေးရာ စင်တာမှာအာဏာသိမ်း မြန်မာစစ်တပ်ကခန့်ကိုယ်စားလှယ် ဆိုသူက ခြိမ်းခြောက်တာ ခံခဲ့ရတဲ့အပေါ် ထိုင်းအလွတ်တမ်း သတင်းထောက်က သက်ဆိုင်ရာကို တိုင်ကြားထားလိုက်ပါတယ်။

နိုင်ငံတကာ

ရုန့်ရင်းကြမ်းတမ်းတဲ့ ကိုယ်အမူအယာတွေ ပြသမှု၊ ဝတ္တရား နှောင့်ယှက်မှုတွေအတွက် အစ္စရေး အမျိုးသမီး တစ်ဦးရဲ့ ဗီဇာကို ရုပ်သိမ်းခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံတကာ

ရှားပါးပြီး ဥပဒေအရ ကာကွယ်ပေးထားတဲ့ ပန်ဒါနီလေး တစ်ကောင်ကို မှောင်ခိုသယ်ယူဖို့ ကြိုးစားခဲ့သူ နှစ်ယောက်ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။