Connect with us

Hi, what are you looking for?

သတင်း

KIA၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေ

ဗန်းမော်နှင့် မံစီတိုက်ပွဲ အခြေအနေများနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရဲဘော်များ ရှေ့တန်းတနေရာ၌ လက်နက်ကြီးဖြင့်ပစ်ခတ်ရန် ချိန်ရွယ်နေစဉ်။ ဓာတ်ပုံ - Getty Images − ပုံအဟောင်းအသုံးပြုထားပါသည်)
(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရဲဘော်များ ရှေ့တန်းတနေရာ၌ လက်နက်ကြီးဖြင့်ပစ်ခတ်ရန် ချိန်ရွယ်နေစဉ်။ ဓာတ်ပုံ - Getty Images − ပုံအဟောင်းအသုံးပြုထားပါသည်)

ထားမြတ်/People’s Spring

တရုတ်နယ်စပ်နှင့် မိုင်(၄၀)ခန့်သာကွာဝေးသော ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ယနေ့(ဒီဇင်ဘာ ၄ရက်) စတင်ရာ တိုက်ပွဲပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကချင်ပြည်နယ် ဗန်းမော်နှင့် မံစီဒေသတစ်ခုလုံး သိမ်းပိုက်နိုင်ရေး ထိုးစစ်ကို ယနေ့ နံနက်က စတင်ခဲ့ရာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ယနေ့ညပိုင်းတွင် ပြောသည်။

ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများနှင့် မံစီမြို့ရှိ စစ်ကောင်စီ လက်ကျန်စခန်းများကို KIAနှင့် မဟာမိတ်များက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗန်းမော်မြို့ လုံခြုံရေးကာကင်းစခန်းအချို့ သိမ်းရထားကြောင်း သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ညပိုင်းအထိ စစ်ရေးအခြေအနေကို မေးမြန်းရာ ကချင်သတင်းရင်းမြစ်က “ဗန်းမော်တိုက်ပွဲပြင်းထန်နေဆဲ။ ဗန်းမော်မကျရေး တော်တော်ခုခံနေကြတယ်” ဟု ပြောပြသည်။ စစ်ကောင်စီအနေဖြင့် ဗန်းမော်ကို မြေပြင်က စစ်ကူပေးနိုင်သည့် အခြေအနေမရှိဟုလည်း ၎င်းက ဆိုသည်။

KIA သတင်းရင်းမြစ်တစ်ဦးကလည်း စစ်ရေးအခြေအနေသည် အရေးကြီးသည့် အချိန်ဖြစ်၍ အတိအကျ သတင်းများကို ပြောဆို၍မရကြောင်း၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်လာနိုင်မှုကို သတိထားရမည်ဖြစ်ကြောင်း ပြောသည်။

“ အချို့သော သတင်းတွေက ကျနော်တို့သိပေမယ့် ကျနော်တို့လည်း ပြောလို့မရဘူး မီဒီယာမှာ အဲဒါကိုတော့ နားလည်ပေးပါ”ဟု KIA သတင်းရင်းမြစ်က ပြောပြသည်။

ကချင်ဒေသစစ်ရေး၊နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က “တိုက်ပွဲကတော့ ဆက်လက်ပြင်းထန်လာနိုင်ပါတယ်။ အဓိက စကစဘက်က လေကြောင်း အထူးသတိပြုဖို့လိုသွားပါပြီ”ဟု ပြောသည်။

ဗန်းမော်နှင့် မံစီတိုက်ပွဲ အခြေအနေများနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဗန်းမော်မြို့တွင် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ခလရ(၄၇)၊ ခလရ(၂၃၆)၊ အမှတ် (၉၃၃)ထောက်ပံ့ပို့ဆောင်ရေးတပ်၊ အမှတ်(၁၁) စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ်(၅)ဆက်သွယ်ရေးတပ်၊အမှတ်(၃၆၆)အမြောက်တပ်၊ အမှတ်(၃၁၄)အမြောက်တပ်၊အမှတ်(၇၀၀၆) သံချပ်ကာတပ်ရင်း၊ အမှတ်(၅၀၁၄)တင့်ကားတပ်ရင်း၊ အမှတ်(၉၁၄) စစ်အင်ဂျင်နီယာတပ်၊ အမှတ်(၉၄၄) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ် တို့ရှိနေသည်။

ဗန်းမော်မြို့တွင် စစ်​ကောင်စီတပ်ဖွဲ့ဝင်အင်အား ခန့်မှန်း ၂၅၀၀ ရှိကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လက ဗန်းမော်မြို့မှ စစ်ကောင်စီစခန်းအချို့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ဖူးသည်။ ဒေသခံများ စစ်ရေးသတိပြုနေထိုင်ကြရန် KIA က သတိပေးခဲ့သည်။ လက်ရှိတွင် မံစီမြို့ကို KIAက ထိန်းချုပ်ထားသလို ဗန်းမော်မြို့အနီးရှိ မိုးမောက်မြို့တွင်လည်း KIAက နယ်မြေစိုးမိုးမှုရယူထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် သံလွင်(စံလွင်) ရွှေမှော်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် (၁)နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၁၈ဦးသေဆုံးခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ် ပွားပြီး PDF ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Fact-Check

People’s Spring ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်ပိုင်းမှာ ကချင်အထူး​ဒေသ (၁)ကို စတင်ထိုးစစ်ဆင်ခဲ့ပြီး​နောက်ပိုင်းမှာ စစ်​ကောင်စီ ဝါဒဖြန့် တယ်လီဂရန်​ချန်နယ်လ်တွေကလည်း KIA အ​ပေါ် ထိုးနှက်တဲ့ ဝါဒဖြန့်ချိ မှုကို ပိုလုပ်လာကြပါတယ်။ စစ်တပ်ဝါဒဖြန့်တယ်လီဂရန် ချန်နယ်လ်​တွေက KIA အ​ပေါ် ​ ၂၀၂၄...

ဆောင်းပါး

"ကျွန်​တော်တို့အညာကလည်း အချဥ် မဟုတ်ပါဘူးဗျ " နှစ်သစ် ၂၀၂၅မှာ အညာသား PDF တ​ယောက်က ဂုဏ်ယူဝံ့ကြွားစွာ​ပြောလိုက်တဲ့ စကားဖြစ်ပါတယ်။