Connect with us

Hi, what are you looking for?

သတင်း

အရှေ့ဒဂုံစက်မှုဇုန်မီး ၃နာရီကျော်ကြာသည်အထိ မီးလောင်နေ

မီးသတ်တပ်ဖွဲ့က တိုက်ရိုက်ထုတ်လွှင့်ထားသည့် ဗီဒီယိုဖိုင်များ၌ ကျူးကျော်အိမ်ကဲ့သို့ လူနေအိမ် အများအပြားမီးလောင်နေသည်ကို တွေ့မြင်ရသည်။

(အရှေ့ဒဂုံစက်မှုဇုန်ရှိ စက်ရုံ မီးလောင်မှုငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ - MFSD)
(အရှေ့ဒဂုံစက်မှုဇုန်ရှိ စက်ရုံ မီးလောင်မှုငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ - MFSD)

▪️မီးသတ်နှင့် လူမှုကူညီရေးအသင်းသားအချို့ ဒဏ်ရာရဟုဆို

သတိုး၊သုည/People’s Spring

ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် စက်မှုဇုန်၌ မီးလောင်မှုဖြစ်ပွားနေရာ မီးလောင်ချိန် ၃နာရီကျော်သည်အထိ မငြှိမ်းနိုင်သေးကြောင်း မီးသတ်တပ်ဖွဲ့က အသိပေးထားသည်။

ဒီဇင်ဘာ ၅ ရက် ညနေ ၆ နာရီခန့်တွင် ဒဂုံအရှေ့စက်မှုဇုန် ပြင်စည်မင်းသားကြီးလမ်း၌ မီးလောင်မှုဖြစ်ပွားနေခြင်းဖြစ်ပြီး Level 2 အဆင့်မီးငြှိမ်းသတ်ယာဉ်များ ထွက်ခွာမီးငြှိမ်းသတ်နေရကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

(အရှေ့ဒဂုံစက်မှုဇုန်ရှိ စက်ရုံ မီးလောင်မှုငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ - MFSD)
(အရှေ့ဒဂုံစက်မှုဇုန်ရှိ စက်ရုံ မီးလောင်မှုငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ – MFSD)

မီးသတ်တပ်ဖွဲ့က တိုက်ရိုက်ထုတ်လွှင့်ထားသည့် ဗီဒီယိုဖိုင်များ၌ ကျူးကျော်အိမ်ကဲ့သို့ လူနေအိမ် အများအပြားမီးလောင်နေသည်ကို တွေ့မြင်ရသည်။

Public Service Announcement

Public Service Announcement

မီးလောင်မှုဖြစ်ပွားသည့်နေရာသည့် ကော်စက်ရုံဖြစ်ပြီး လောင်စာများသောကြောင့် မီးလောင်ချိန်ကြာမြင့်ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

မီးလောင်မှုအချိန်ကြာသည်အထိ Level 1 အဆင့်မီးငြှိမ်းသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ခဲ့သောကြောင့် အချိန်ပိုမိုကြာမြင့်ခြင်းဖြစ် နိုင်သည်ဟု ဒေသခံ အချို့က ဝေဖန်ထားသည်။

(အရှေ့ဒဂုံစက်မှုဇုန်ရှိ စက်ရုံ မီးလောင်မှုငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ - MFSD)
(အရှေ့ဒဂုံစက်မှုဇုန်ရှိ စက်ရုံ မီးလောင်မှုငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ – MFSD)

“မီးက လောင်နေတာတော်တော်ကြာပြီ။ ၇နာရီလောက်ထဲကနေ အခုထိ ၂ နာရီကျော်ကြာ လောင်နေတုန်းပဲ။ မီးကတော်တော်များတယ်။ ကော်စေ့စက်ရုံအတွင်းထဲကနေ လှိုက်လောင်နေတာလို့ သိရတယ်။ အနီးအနားရပ်ကွက်တွေဆို ကော်နံ့တွေကို ရတယ်။ အခုကျွန်တော်တို့ ဒဂုံတက္ကသိုလ်ဘက်ကနေ မီးသတ်ကား၊ လူနာတင် ကားတွေ တော​​က်လျှောက်သွားနေတာ တွေ့နေရတယ်”ဟု ဒဂုံမြို့သစ်(အရှေ့ပိုင်း)နေ ပြည်သူတစ်ဦးက ပြောသည်။

(အရှေ့ဒဂုံစက်မှုဇုန်ရှိ စက်ရုံ မီးလောင်မှုငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ - MFSD)
(အရှေ့ဒဂုံစက်မှုဇုန်ရှိ စက်ရုံ မီးလောင်မှုငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ – MFSD)

အဆိုပါ မီးလောင်မှုဖြစ်စဥ်တွင် မီးသတ်တပ်ဖွဲ့ဝင်အချို့နှင့် လူမှုကူညီရေးအသင်းသားအချို့ ထိခိုက်ဒဏ်ရာရရှိနေကြောင်း သွားရောက်ကူညီနေသူတစ်ဦးက ဆိုသည်။

” မငြိမ်းသေးဘူး။ အတွင်းမှာ လှိုက်လောင်နေတယ်။ မီးသတ်တပ်ဖွဲ့ဝင်အချို့ ညှော်နံ့တွေ အရမ်းမွန်းပြီး အသက်ရှုကြပ်တာတွေ မီးဟတ်တာတွေ ထိခိုက်မှုအချို့ရှိနေတယ်။ လူနာတင်ကားတွေရော ကူညီပေးသူတွေရောတော့ အားလုံးအသင့်ရှိနေကြပါတယ်” ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။