Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာရုံးများကို KIA ထိန်းချုပ်နိုင်ဟု စစ်ရေးသတင်းရင်းမြစ်ပြော

ဗန်းမော်- မိုးမောက်မြို့နယ်ကြား (၇)မိုင် အောင်မြေရွာရှိ စစ်ကောင်စီတပ်များလည်း ဗန်းမော်မြို့ထဲသို့ ဆုတ်ခွာသွားပြီဟု ဒေသခံများ သတင်းပေးပို့ထားဟု ဦးဇော်ဆန်က ပြောသည်။

(ဗန်းမော်မြို့တည်နေရာပြ မြေပုံ)
(ဗန်းမော်မြို့တည်နေရာပြ မြေပုံ)

▪️ဗန်းမော်မြို့တွင်းကို စစ်ကောင်စီ လက်နက်ကြီး ရမ်းသန်းပစ်ခတ်၍ ပြည်သူ ၇ဦးထက်မနည်းသေဆုံး၊ ပြည်သူများကို စစ်ရှောင်ခွင့်မပြုဘဲ စစ်ကောင်စီ လူသားဒိုင်းအဖြစ်အသုံးချထားဟုဆို

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများကို ဒီဇင်ဘာ ၅ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်များက သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

” ဗန်းမော်မြို့ထဲရှိ အစိုးရ ဌာနရုံးအားလုံးကို KIA ထိန်းချုပ်ထားလိုက်ပြီ။ ဒီနေ့( ဒီဇင်ဘာ ၅ရက်နေ့) မြို့ထဲ တိုက်ပွဲ ပြင်းထန်တယ်။ စခတွေမြို့ထဲ လက်နက်ကြီးရမ်းသန်း ပစ်ခတ်သဖြင့် ပြည်သူ အနည်းဆုံး ၇ယောက်သေ၊ ၁၀ယောက်ကျော်ဒဏ်ရာရသွားတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ယမန်နေ့ညပိုင်းတွင် ပြောသည်။

ဒီဇင်ဘာ ၅ ရက်​နေ့တွင် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)တပ်နေရာ၊ မင်းလှတပ်၊ ဗန်းမော်တက္ကသိုလ်၊ ခလရ(၄၇)တပ်ရင်း၊ မံစီမြို့နယ်ရှိ စစ်ကောင်စီ လက်ကျန်စခန်းနေရာများ၌ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဗန်းမော်နှင့် မံစီမြို့တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ဗန်းမော်မြို့သိမ်းတိုက်ပွဲ နှင့် မံစီမြို့နယ်မှ စစ်​ကောင်စီလက်ကျန်တပ်များကို KIAက ဒီဇင်ဘာ ၄ရက်တွင် စတင်ခဲ့ရာ စစ်ဆင်ရေးပထမရက်တွင် ဗန်း​မော်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာ ၁၀ နေရာ၊ စစ်ဆင်ရေး ဒုတိယရက် ဒီဇင်ဘာ ၅ရက်တွင် စစ်ကောင်စီတပ်စွဲရာ နေရာ ၅နေရာ သိမ်းနိုင်ခဲ့ကြောင်း အခြားစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကချင်စစ်ရေး၊နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်ကလည်း ဗန်းမော်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဗန်းမော်မြို့ပြင်ရှိ စစ်ကောင်စီကာကင်းစခန်းအားလုံးနီးပါး ထိန်းချုပ်ထားနိုင်ပြီဟုဒေသခံများက ပြောဆိုကြောင်း ပြောပြသည်။

“စစ်ကောင်စီဘက်ကတော့ အရပ်သား ပြည်သူလူထုတွေကို အကာအကွယ်ယူတဲ့အနေနဲ့ မြို့တွင်းမြို့ပြင် အဝင်အထွက်ကို ပိတ်ထားတယ်လို့ ပြောတယ်။ လောလောဆယ်တော့ မြို့ထဲမှာ ရှိတဲ့အရပ်သား ပြည်သူလူထုတွေက တိုက်ပွဲရှောင်ချင်ရင်တောင်မှ မြို့ပြင်ထွက်လို့မရတဲ့အနေအထားပေါ့။ ဒီကိစ္စဟာဆိုလို့ရှိရင် စစ်ကောင်စီဘက်က အရပ်သား ပြည်သူလူထုကို တိုက်ပွဲမှာ လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ပဲမြင်ပါတယ်”ဟု ဦးဇော်ဆန်က ပြောသည်။

မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို အရပ်သားပြည်သူများကို အသုံးချပြီး အကာအကွယ်ယူခြင်း၊ လူသားဒိုင်းအဖြစ်အသုံးပြုခြင်းများသည် စစ်ရာဇဝတ်မှုမြောက်ကြောင်း ၎င်းက ပြောသည်။

“အကယ်၍ ဗန်းမော်မြို့ထဲက အရပ်သားပြည်သူလူထုတွေ စစ်ဘေးရှောင်ကုန်ကြပြီဆိုရင်တော့ စစ်ကောင်စီက မကြာခင်မှာပဲ ဗန်းမော်မြို့ကို လက်လွှတ်ဆုံးရှုံးနိုင်ခြေရှိပါတယ်။” ဟု ဦးဇော်ဆန်က ပြောသည်။

ဗန်းမော်- မိုးမောက်မြို့နယ်ကြား (၇)မိုင် အောင်မြေရွာရှိ စစ်ကောင်စီတပ်များလည်း ဗန်းမော်မြို့ထဲသို့ ဆုတ်ခွာသွားပြီဟု ဒေသခံများ သတင်းပေးပို့ထားဟု ဦးဇော်ဆန်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းတွေက စစ်ရေးတင်းမာနေတဲ့ ရွှေကူနဲ့ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့အတွက် ခရီးသည်တင်ကားတွေမှာ အရပ်သားဟန်ဆောင်ပြီး အင်အားပို့ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။