Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမန်းစစ်ဆင်ရေးက ပြန်လာတဲ့ ရွှေဘိုခရိုင်တပ်ရင်း(၂၆)က ရဲဘော်တွေကို ပြည်သူတွေကြိုဆို

(ရှမ်းမန်းစစ်ဆင်ရေးမှပြန်လာသော ရွှေဘိုခရိုင်အမှတ် (၂၆)တပ်ရင်းမှ ရဲဘော်များအား ပြည်သူများက ကြိုဆိုနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ဓာတ်ပုံ-C.M.O(ဂဏန်း))
(ရှမ်းမန်းစစ်ဆင်ရေးမှပြန်လာသော ရွှေဘိုခရိုင်အမှတ် (၂၆)တပ်ရင်းမှ ရဲဘော်များအား ပြည်သူများက ကြိုဆိုနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ဓာတ်ပုံ-C.M.O(ဂဏန်း))

ဇေအောင်/People’s Spring

ရှမ်းမန်းစစ်ဆင်ရေးမှာ အညာတပ်ရင်းတစ်ခုအနေနဲ့ ပါဝင်တိုက်ပွဲဝင်ခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း(၂၆)ရဲ့ အညာမြေအပြန်ခရီးမှာ အညာပြည်သူအများအပြား ကြိုဆိုခဲ့ကြပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း(၂၆)ဟာ ရှမ်းမန်းစစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲပေါင်းများစွာမှာ (၁)နှစ်နီးပါး ပါဝင်တိုက်ခိုက်ခဲ့ပြီး ရဲဘော်(၉)ဦး အသက်ပေးခဲ့ရတယ်လို့ သိရပါတယ်။

(ရှမ်းမန်းစစ်ဆင်ရေးမှပြန်လာသော ရွှေဘိုခရိုင်အမှတ် (၂၆)တပ်ရင်းမှ ရဲဘော်များအား ပြည်သူများက ကြိုဆိုနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ဓာတ်ပုံ-C.M.O(ဂဏန်း))
(ရှမ်းမန်းစစ်ဆင်ရေးမှပြန်လာသော ရွှေဘိုခရိုင်အမှတ် (၂၆)တပ်ရင်းမှ ရဲဘော်များအား ပြည်သူများက ကြိုဆိုနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – ဓာတ်ပုံ-C.M.O(ဂဏန်း))

အညာမြေမှာလည်း ရွှေဘိုခရိုင် တပ်ရင်း(၂၆)အနေနဲ့ ဆက်လက်လုပ်ကိုင်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေရှိနေပြီး ပါဝင်ကူညီထောက်ပို့ပေးနိုင်တယ်လို့ တပ်ရင်း(၁၆)က မေတ္တာရပ်ခံထားပါတယ်။

Public Service Announcement

Public Service Announcement

ရှမ်းမန်းစစ်ဆင်ရေးအတွင်း ရွှေဘိုခရိုင်တပ်ရင်းများမှ ရဲဘော် ၁၂ဦးထက်မနည်း ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

(ရှမ်းမန်းစစ်ဆင်ရေးမှပြန်လာသော ရွှေဘိုခရိုင်အမှတ် (၂၆)တပ်ရင်းမှ ရဲဘော်များအား ပြည်သူများက ကြိုဆိုနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ဓာတ်ပုံ-C.M.O(ဂဏန်း))
(ရှမ်းမန်းစစ်ဆင်ရေးမှပြန်လာသော ရွှေဘိုခရိုင်အမှတ် (၂၆)တပ်ရင်းမှ ရဲဘော်များအား ပြည်သူများက ကြိုဆိုနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – ဓာတ်ပုံ-C.M.O(ဂဏန်း))

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနဲ့ ရှမ်းမန်း စစ်ဆင်ရေးမှာ မန္တလေးတိုင်းအတွင်း စုဖွဲ့ထားတဲ့ ဗျူဟာများ၊ တပ်ရင်းများအပြင် စစ်ကိုင်းတိုင်း၊ ဗျုဟာ (၅၂)မှ ရွှေဘိုခရိုင် တပ်ရင်း (၇)၊ ရွှေဘိုခရိုင် တပ်ရင်း ၁၀၊ ရွှေဘိုခရိုင် တပ်ရင်း ၁၆၊ ဗျူဟာ (၅၅)မှ ရွှေဘိုခရိုင် တပ်ရင်း ၁၅၊ရွှေဘိုခရိုင် တပ်ရင်း ၁၈ ၊ ရွှေဘိုခရိုင် တပ်ရင်း ၂၃၊ ရွှေဘိုခရိုင် တပ်ရင်း ၂၆၊ ညောင်ဦးခရိုင် တပ်ရင်း ၃ တို့ပါဝင်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

(ရှမ်းမန်းစစ်ဆင်ရေးမှပြန်လာသော ရွှေဘိုခရိုင်အမှတ် (၂၆)တပ်ရင်းမှ ရဲဘော်များအား ပြည်သူများက ကြိုဆိုနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ဓာတ်ပုံ-C.M.O(ဂဏန်း))
(ရှမ်းမန်းစစ်ဆင်ရေးမှပြန်လာသော ရွှေဘိုခရိုင်အမှတ် (၂၆)တပ်ရင်းမှ ရဲဘော်များအား ပြည်သူများက ကြိုဆိုနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – ဓာတ်ပုံ-C.M.O(ဂဏန်း))

ဇွန်လ ၂၅ ရက်က စတင်ခဲ့တဲ့ ရှမ်းမန်းစစ်ဆင်ရေးမှာ စဥ့်ကူး၊ မတ္တရာ၊ မိုးကုတ်၊ နောင်ချို၊ သပိတ်ကျင်း စတဲ့ဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် ပူးပေါင်းတပ်များက မြို့များ၊ စခန်းများအများအပြား သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်ကောင်စီဘက်က အရာရှိများအပါအဝင် ထိခိုက်သေဆုံးမှုအများအပြားရှိပြီး ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်းနှင့် အလင်းဝင်သူ စုစု​ပေါင်းတစ်ရာကျော် ရှိခဲ့ပါတယ်။

ထို့အပြင် စစ်ကောင်စီရဲ့ စစ်လက်နက်ပစ္စည်းများ၊ ခဲယမ်းများအများအပြားသိမ်းဆည်းရမိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

Facebook