Connect with us

Hi, what are you looking for?

သတင်း

တောင်ကုတ်တွင် ​နောက်ဆုံးကျန်​သော စကခ(၅)ကို AA ထိုးစစ်ဆင်

ဒီဇင်ဘာလ၁ရက်ညတွင်တောင်ကုတ်မြို့နယ် ခရိုင်ရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင် သုံးဦးသေဆုံးပြီး ၁၉ဦး ဒဏ်ရာရသွားခဲ့သည်။

(ရခိုင်ပြည်နယ်တွင် စစ်​ကောင်စီတပ်စခန်းများ၊တပ်ရင်းများ၊တပ်ရင်းဌာနချုပ်များ၊မြို့များကိုတစ်ခုပြီးတစ်ခုသိမ်း​နေ​သော အာရက္ခတပ်​တော်(AA)တပ်ဖွဲ့ဝင်များနှင့် ​တောင်ကုတ်မြို့မှစကခ (၅)တည်​နေရာပြ​မြေပုံ။ဓါတ်ပုံ-AA Info Desk)

အိမ်သွင်/People’s Spring

တောင်ကုတ်မြို့တွင် နောက်ဆုံးကျန်ရှိနေသော စစ်ဆင်ရေးကိုကွပ်ကဲမှုဌာနချုပ်စကခ(၅)ကို အာရက္ခတပ်တော်(AA)က စီးနင်းတိုက်ခိုက်နေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

စကခ(၅)ကိုAAက ဒီဇင်ဘာလဆန်းတွင် ပိတ်ဆို့ထားခဲ့ပြီး လက်နက်ချရန်ကမ်းလှမ်းခဲ့သော်လည်း ဒီဇင်ဘာလ၉ရက်နေ့အထိ လက်နက််မချ၍ ထိုးစစ်ဆင်တိုက်ခိုက်​နေခြင်းဖြစ်ဟုသိရသည်။

” ကျန်တဲ့တပ်ရင်းတွေအားလုံးကို AA က သိမ်းယူပြီးသွားပြီ။ တပ်ရင်းတွေအကုန်လုံးက စကခ(၅)မှာ သွားပေါင်းတာ။စစ်တပ်ဘက်က ဒဏ်ရာရတာတွေလည်းများထား‌တော့ AAက လက်နက်ချဖို့ကမ်းလှမ်းတယ်။ မရတော့ ပြန်ချတာပါ” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

စကခ(၅)ကို ဒီဇင်ဘာလ ၉ရက်နံနက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့အထိတိုက်ပွဲများပြင်းထန်နေသည်ဟုသတင်းရရှိသည်။

(ရခိုင်ပြည်နယ်တွင် စစ်​ကောင်စီတပ်စခန်းများ၊တပ်ရင်းများ၊တပ်ရင်းဌာနချုပ်များ၊မြို့များကိုတစ်ခုပြီးတစ်ခုသိမ်း​နေ​သော အာရက္ခတပ်​တော်(AA)တပ်ဖွဲ့ဝင်များနှင့် ​တောင်ကုတ်မြို့မှစကခ (၅)တည်​နေရာပြ​မြေပုံ။ဓါတ်ပုံ-AA Info Desk)
(ရခိုင်ပြည်နယ်တွင် စစ်​ကောင်စီတပ်စခန်းများ၊တပ်ရင်းများ၊တပ်ရင်းဌာနချုပ်များ၊မြို့များကိုတစ်ခုပြီးတစ်ခုသိမ်း​နေ​သော အာရက္ခတပ်​တော်(AA)တပ်ဖွဲ့ဝင်များနှင့် ​တောင်ကုတ်မြို့မှစကခ (၅)တည်​နေရာပြ​မြေပုံ။ဓါတ်ပုံ-AA Info Desk)

တောင်ကုတ်မြို့နယ်မှ စစ်ကောင်စီစခန်း၁၀ ခုကို တိုက်ခိုက်သိမ်းယူပြီးနောက် မြို့ကို ထိန်းချုပ်ထားပြီဖြစ်​ကြောင်းအာရက္ခတပ်တော်( AA)က နိုဝင်ဘာ ၂၉ ရက်သတင်းထုတ်ပြန်ခဲ့သည်။စကခ (၅) တပ်မဌာနချုပ် နှင့်၎င်းလက်​အောက်ရှိ ခမရ (၃၄၆) နှင့် ခမရ (၅၄၄)ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု အသိ​ပေးထားသည်။

နိုဝင်ဘာ ၂၉ ရက်နောက်ပိုင်းတိုက်ပွဲများတွင်ခမရ (၃၄၆) နှင့် ခမရ (၅၄၄)တို့ကိုပါ AAက ထပ်မံသိမ်းယူခဲ့သည်ဟု သတင်းရရှိသည်။ သို့သော် ဖုန်းနှင့်အင်တာနက်လိုင်းများကိုစစ်ကောင်စီကဖြတ်တောက်ထား၍ ဆက်သွယ်ရေးခက်ခဲနေပြီး အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

တောင်ကုတ်မြို့ကို ထိန်းချုပ်ထားကြောင်း AA က သတင်းထုတ်ပြန်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်နေသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ ည ၇ နာရီခန့်တွင်ကံပိုင်ရပ်ကွက်ကို ဂျက်ဖိုက်တာဖြင့်တိုက်ခိုက်ခဲ့သည်။ ဒေသခံများတိမ်းရှောင်နေ၍ ထိခိုက်မှုမရှိသော်လည်း နေအိမ်ရှစ်လုံးမီးလောင်ပျက်စီးသွားခဲ့သည်။ ဒီဇင်ဘာလ ၃ရက်ညကလည်း တောင်ကုတ်မြို့မဈေးနှင့် ညဈေးတန်းကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဉ်ဖြင့် ဗုံးကြဲခဲ့သည်။

(ရခိုင်ပြည်နယ်တွင် စစ်​ကောင်စီတပ်စခန်းများ၊တပ်ရင်းများ၊တပ်ရင်းဌာနချုပ်များ၊မြို့များကိုတစ်ခုပြီးတစ်ခုသိမ်း​နေ​သော အာရက္ခတပ်​တော်(AA)တပ်ဖွဲ့ဝင်များနှင့် ​တောင်ကုတ်မြို့မှစကခ (၅)တည်​နေရာပြ​မြေပုံ။ဓါတ်ပုံ-AA Info Desk)
(ရခိုင်ပြည်နယ်တွင် စစ်​ကောင်စီတပ်စခန်းများ၊တပ်ရင်းများ၊တပ်ရင်းဌာနချုပ်များ၊မြို့များကိုတစ်ခုပြီးတစ်ခုသိမ်း​နေ​သော အာရက္ခတပ်​တော်(AA)တပ်ဖွဲ့ဝင်များနှင့် ​တောင်ကုတ်မြို့မှစကခ (၅)တည်​နေရာပြ​မြေပုံ။ဓါတ်ပုံ-AA Info Desk)

ဒီဇင်ဘာလ၁ရက်ညတွင်တောင်ကုတ်မြို့နယ် ခရိုင်ရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင် သုံးဦးသေဆုံးပြီး ၁၉ဦး ဒဏ်ရာရသွားခဲ့သည်။

AAသည် လက်ရှိတွင် တောင်ကုတ်မြို့မှ စကခ(၅)၊အမ်းမြို့မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နခခ) တို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီမောင်တောမြို့ နယ်ခြား‌​စောင့်ရဲတပ်ရင်း နခခ(၅)ကို ဒီဇင်ဘာ ၈ ရက်တွင် သိမ်းယူကာ ထွက်ပြေးနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလိုက်လံရှင်းလင်းနေသည်။

ထို့​နောက် အမ်းမြို့တွင် ​နောက်ဆုံးကျန်​သောနပခ ၊ ဧရာဝတီတိုင်းနှင့်နယ်စပ်မှ ဂွမြို့ နှင့် ​တောင်ကုတ်မှ စစ်‌တပ်လက်ကျန်စခန်းများ၊တပ်ရင်းဌာနချုပ်များကိုအပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

ဒီဇင်ဘာ ၁၀ ရက်တွင် စစ်ကောင်စီက မကွေးလေတပ် နှင့် ပုသိမ်လေတပ်မှ တက်သောတိုက် လေယာဉ်များဖြင့် တောင်ကုတ်၊ဂွ၊ အမ်းမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေကြောင်း ဂွမြို့နယ်မှ စစ်​​ဘေး​ရှောင်ပြည်သူအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နဲ့အနီးဆုံးမှာတည်ရှိတဲ့ရွှေမင်းဂံရေတပ်စခန်း နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ - စစ်တွေ)ကိုပါ အာရက္ခတပ်တော်(AA)က အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေပြီး ဒကစနဲ့အနီးဆုံးကာကင်းတွေကိုမြေပြင်ကနေထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က စတင်စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ စတင်ဖြစ်ပွားနေကြောင်း ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

​တောင်ကုတ်-ပန်းတောင်းကားလမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇)လက်အောက်ခံတပ်ရင်းတွေကို AA နဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်တာ​ကြောင့်ထိခိုက်သေဆုံးမှုအများအပြားနဲ့ ပြန်လည်ဆုတ်ခွာသွားတယ်လို့သတင်းရရှိပါတယ်။