Connect with us

Hi, what are you looking for?

သတင်း

PNOနှင့် စစ်ကောင်စီလုပ်ရပ် ပအိုဝ်းလူထုအားတော်လှန်ရေး၏ရန်သူအဖြစ် ဖန်တီးနေဟု PNLOပြော

PNOသည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ပအိုဝ်းဒေသ တွင်သာမက ပအိုဝ်းဒေသနှင့် ဆက်စပ်ဒေသများ၌လည်း စစ်ကောင်စီ အလိုကျ စစ်ဆင်ရေးများ၌ ပါဝင်ဆောင်ရွက်ခဲ့သည်။

(PNA ပြည်သူ့စစ်သင်တန်းမှ သင်တန်းသားများအား တွေ့ရစဥ်။ ဓာတ်ပုံ − PNA)
(PNA ပြည်သူ့စစ်သင်တန်းမှ သင်တန်းသားများအား တွေ့ရစဥ်။ ဓာတ်ပုံ − PNA)

ထားမြတ်/People’s Spring

အသွင်ပြောင်း ပြည်သူ့စစ်အဖွဲ့ PNOနှင့် စစ်ကောင်စီ၏ လုပ်ဆောင်ချက်များသည် ပအိုဝ်းပြည်သူလူထုများအား တော်လှန်ရေး၏ ရန်သူအဖြစ်ဖန်တီးနေခြင်းဖြစ်၍ အန္တရာယ်များကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောကြားသည်။

စစ်ကောင်စီက PNO ပြည်သူ့စစ်ကို လုပ်ပိုင်ခွင့်များပေးပြီး စစ်အာဏာရှင်စနစ် မပြုတ်ကျရေး အသုံးချနေမှု၊ ထိုသို့ အသုံးချရာတွင် PNOအသွင်ပြောင်း ပြည်သူ့စစ်မှတဆင့် ပအိုဝ်းလူထုများကို အတင်းအကြပ် စစ်သားစုဆောင်းနေနေမှု၊ ပအိုဝ်းလူထုများထံ ငွေသားကောက်ခံနေမှုများ ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

“ပြည်သူ့စစ်ထိန်းချုပ်တဲ့ ဒေသမှာရှိတဲ့ ပအိုဝ်းရွာတွေက လူထုတွေကို အသက် ၁၈နှစ် နဲ့ ၄၅ နှစ်အကြား ယောက်ကျားလေးတိုင်း မဖြစ်မနေ စစ်သင်တန်းတက်ဖို့ အတင်းအကြပ် ခိုင်းစေနေတာတွေရှိတယ်။ အဝေးရောက်နေတဲ့ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ပအိုဝ်းတွေကို အတင်းပြန်လာခိုင်းတာတွေ မပြန်လာတဲ့သူတွေကို ဒဏ်ငွေ တစ်ယောက် ၅သိန်း အတင်းအကြပ်ကောက်ခံတာတွေ နောက်ပြီး ယောက်ျားလေးမရှိတဲ့ မိသားစုအိမ်တွေဆိုလို့ရှိရင် ဒဏ်ငွေ သုံးသိန်း အတင်းအကြပ် ကောက်ခံတာတွေ လုပ်ဆောင်နေတာတွေရှိတယ်။ ဒါက တစ်ဖက်ကနေ ကြည့်ရင် ပအိုဝ်းလူမျိုးကို တော်လှန်ရေးရဲ့ ရန်သူအဖြစ် တမင်တကာ ဖန်တီးတဲ့အနေအထား ဖြစ်တဲ့အခါကျတော့ ကျနော်တို့ ပအိုဝ်းလူမျိုးအတွက် အန္တရာယ် အရမ်းများတယ်” ဟု ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် အသွင်ပြောင်း ပြည်သူ့စစ် PNOအနေဖြင့် ၎င်းတို့အဖွဲ့ စတင်ဖွဲ့စည်းချိန်က ချမှတ်ထားသည့် မူဝါဒအတိုင်း လိုက်နာကျင့်သုံးပြီး တော်လှန်ရေးဘက်သို့ ပါဝင်လာရန် PNLOနှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)က ယမန်နေ့တွင် ကျရောက်ခဲ့သည့် ပအိုဝ်းအမျိုးသားတော်လှန်ရေးနေ့ ပူးတွဲထုတ်ပြန်ချက်၌ တိုက်တွန်းခဲ့ဟု ဗိုလ်မှူးကြီး ခွန်အောင်မန်းက ရှင်းပြသည်။

လက်ရှိတွင် PNOသည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ပအိုဝ်းဒေသ တွင်သာမက ပအိုဝ်းဒေသနှင့် ဆက်စပ်ဒေသများ၌လည်း စစ်ကောင်စီ အလိုကျ စစ်ဆင်ရေးများ၌ ပါဝင်ဆောင်ရွက်ခဲ့သည်။

တစ်ဖက်တွင်လည်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့သည် PNLO၏ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) နှင့်အတူ ပူးပေါင်းလာမှုရှိသည်ဟု ဗိုလ်မှူးကြီးခွန်အောင်မန်းက ပြောသည်။

“ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေတချို့လည်း ကျနော်တို့နဲ့ လာပြီးတော့မှ ပူးပေါင်းလုပ်ဆောင်နေတာတွေ တော်လှန်ရေးဘက်မှာ ပြန်လည်ပါဝင်တိုက်ခိုက်နေတာတွေလည်းရှိပါတယ်။” ဟု ၎င်းက ဆိုသည်။

PNLO/PNLAသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှုရှိခဲ့သော်လည်း ယခု နှစ် ဇန်နဝါရီမှစ၍ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ခဲ့သည့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။ ဆီဆိုင်မြို့သိမ်း တိုက်ပွဲကို ဇန်နဝါရီလအတွင်း အောင်မြင်ခဲ့သည်။ သို့ရာတွင် စစ်ကောင်စီနှင့် PNO တို့က လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူ များစွာ သုံးထိုးစစ်ဆင်လာ၍ PNLA သိမ်းပိုက်ထားသည့် နေရာများကို ပြန်လည်စွန့်လွှတ်ခဲ့ရသော်လည်း လက်ရှိ အချိန်ထိ ဆီဆိုင်၊ မောက်မယ်မြို့နယ်များ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုများ ဆက်ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။