Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ်တွင် တိုက်ပွဲဖြစ်နေ

“ရဲဘော်နှစ်ဦးကျတယ်လို့လည်း သတင်းရတယ်။ အတိအကျတော့ မသိရသေးဘူး။”ဟု ဒေသတွင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

မြင်းခြံမြို့နယ်တွင် တိုက်ပွဲဖြစ်နေ
မြင်းခြံမြို့နယ်တွင် တိုက်ပွဲဖြစ်နေ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ − မြို့သာလမ်းပိုင်းရှိ သစ်ရုံကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး တော်လှန်ရေး ရဲဘော်နှင့် ပြည်သူများ ထိခိုက်မှုရှိကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၆ရက်)နံနက်ပိုင်းက မြင်းခြံမြို့ပေါ်မှ စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် မြင်းခြံ-မြို့သာလမ်းပိုင်းရှိ သစ်ရုံကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာချိန် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

“ရဲဘော်နှစ်ဦးကျတယ်လို့လည်း သတင်းရတယ်။ အတိအကျတော့ မသိရသေးဘူး။”ဟု ဒေသတွင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးဖြင့်လည်းကောင်း၊ မြင်းခြံမြို့အခြေစိုက် ခမရ(၁၅)တပ်ရင်းမှ လက်နက်ကြီးဖြင့်လည်းကောင်း ပစ်ကူပေးခဲ့ကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြင်းခြံမြို့နယ်အတွင်းမှ ဒေသခံပြည်သူသုံးဦး ထိမှန်သေဆုံးခဲ့ကြောင်း မြင်းခြံမြို့ခံတစ်ဦးက ပြောသည်။

“မီးရှို့ဖျက်ဆီးတယ်လည်းကြားတယ်။ သစ်ရုံကတော့ ရွာတောင်ခြမ်းကအိမ်တွေမရှိသလောက်ပဲတဲ့။”ဟု မြင်းခြံမြို့ခံတစ်ဦးက ပြောသည်။

ရဲဘော်နှင့်ပြည်သူများ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သည် မြင်းခြံခရိုင်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ယခုဒီဇင်ဘာ ပထမပတ်အတွင်း နွားထိုးကြီးမြို့နယ်မှ ပြည်သူ ၁၁ဦး၊ ငါန်းဇွန်မြို့နယ်မှ တော်လှန်ရေးရဲဘော်၂ဦး သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မြို့နယ် ၊စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီတပ် နဲ့ အာရက္ခတပ်တော်(AA)က တိုက်ပွဲဆက်ပွားနေပြီးဖေဖော်ဝါရီလ (၁၁)ရက်​နေ့ ညမှာ စစ်တွေမြို့အဝင်အမြင့်ကျွန်းက စစ်ကောင်စီစခန်းအနီး တိုက်ပွဲ​တွေပြင်းထန်ခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် တလုပ်မြို့ရွာက စစ်ကောင်စီအထိုင်စခန်းတွေတိုက်ခိုက်ခံရမှုအပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့ တလုပ်PDFတာဝန်ခံကိုသိန်းမောင်ကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီး ထိခိုက်သေဆုံးမှုများပြားသည့်စစ်ကောင်စီတပ်က အဆိုပါကျေးရွာမှ ဆရာဝန်နှစ်ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်းခုနစ်ဦး ဖမ်းဆီးသွားကြောင်းသတင်းရှိသည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁၀၀ခန့်ကျဆုံးဟု အသိပေး