Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ၁၀ရက်မြောက်ထိ တိုက်ပွဲပြင်းထန်

Y12 လေယာဉ်မှ ရိက္ခာခဲယမ်းချပြီး ဒုတိယအကြိမ်ဗုံးကြဲခဲ့ကြောင်း၊ ညနေ ၆နာရီခွဲကျော်တွင် တိုက်လေယာဉ်ဖြင့် ၃ကြိမ် ဗုံးကြဲချခဲ့ကြောင်းလည်း အသိပေးထားသည်။

(ဗန်းမော်တိုက်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးလာသော စစ်ရှောင်အမျိုးသားတစ်ဦးအား ရဲဘော်တစ်ဦးက ကူညိနေစဉ်။ ဓာတ်ပုံ − Hkun Li)
(ဗန်းမော်တိုက်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးလာသော စစ်ရှောင်အမျိုးသားတစ်ဦးအား ရဲဘော်တစ်ဦးက ကူညိနေစဉ်။ ဓာတ်ပုံ − Hkun Li)

▪︎​စစ်ကောင်စီအလောင်းနှင့် လက်နက်များရ၊ စစ်ကောင်စီ လေကြောင်းပစ်ကူပေးခုခံနေဟုဆို

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် မဟာမိတ်တပ်များ၏ ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေး ၁၀ရက်မြောက်နေ့အထိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

KIAနှင့် မဟာမိတ်တပ်များက စစ်ရေးသတင်း လုံခြုံမှုကို အလေးထားပြီး တိုက်ပွဲသတင်းထုတ်ပြန်မှုများ တရားဝင်ထုတ်ပြန်ခြင်းမပြုလုပ်သော်လည်း ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာအများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဟု သတင်းရင်းမြစ်အချို့က အသိပေးထားသည်။

ယနေ့ (ဒီဇင်ဘာ ၁၃ရက်) ဗန်းမော်တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက “တိုက်ပွဲတော့ ပြင်းထန်တယ်” ဟု ပြောသည်။ အခြားသတင်းရင်းမြစ်တစ်ဦးကလည်း စစ်ကောင်စီက ယနေ့ လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“ခုတောင် သုံးကြိမ်လာကြဲနေတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဒီဇင်ဘာ ၁၃ရက်ည ၈နာရီခန့်တွင် ဗန်းမော်မြို့တိုက်ပွဲ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု အခြေအနေကို ပြောပြသည်။

ထို့ပြင် KIA ပူးပေါင်းတပ် စစ်ကြောင်းများက ရှေ့တိုးရှင်းလင်းရေးလုပ်ဆောင်ရာ လက်နက်များနှင့် ရန်သူ့ ရုပ်အလောင်းများ ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

Y12 လေယာဉ်မှ ရိက္ခာခဲယမ်းချပြီး ဒုတိယအကြိမ်ဗုံးကြဲခဲ့ကြောင်း၊ ညနေ ၆နာရီခွဲကျော်တွင် တိုက်လေယာဉ်ဖြင့် ၃ကြိမ် ဗုံးကြဲချခဲ့ကြောင်းလည်း အသိပေးထားသည်။

ထို့ပြင် စစ်ကောင်စီ၏ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)နှင့် တော်လှန်ရေး တပ်ဖွဲ့များအကြား အပြန်အလှန် လက်နက်ကြီးပစ်ခတ်နေသည်ဟု သတင်းရင်းမြစ်က ဆိုသည်။

ဗန်းမော်မြို့၌တိုက်ပွဲ ပြင်းထန်နေချိန် စစ်ကောင်စီနှင့် ရှမ်းနီတပ်(SNA) ပူးပေါင်းအဖွဲ့က ကချင်ပြည်နယ် မိုးကောင်းမြို့ရှိ KIA၏ ၈မိုင် ဂိတ်စခန်းကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ရာ KIA၏ ခုခံမှုကြောင့် စစ်ကောင်စီဘက်က သေဆုံးထိခိုက်များကာ ထို့စစ်တန့်သွားသည်ဟု သတင်းရင်းမြစ်က အသိပေးထားသည်။

KIAသည် ဗန်းမော်မြို့သိမ်းတိုက်ပွဲနှင့်အတူ မံစီမြို့ရှိ လက်ကျန် စစ်ကောင်စီ တပ်ရင်းဌာနချုပ်စခန်း ၃ခုကိုလည်း ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲများဆက်ရှိနေသည်။ ထို့ပြင် ဗန်းမော်-မိုးမောက်ကြားရှိ စစ်ကောင်စီတပ်များကိုလည်း KIAက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံး၊ ထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းများ ရရှိထားကြောင်း စစ်ရေးသတင်းရင်းမြစ်က ယခင်ရက်များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ