Connect with us

Hi, what are you looking for?

သတင်း

အလယ်ပိုင်းတိုင်းစစ်ဒေသ တော်ဝင်လျှပ်စီး စစ်ကြောင်းက စစ်ကောင်စီကို တိုက်ခိုက်လိုသည့် ရဲဘော်သစ်များကို ဖိတ်ခေါ်

စစ်ရေး အခြေအနေ တင်းမာဆဲဖြစ်၍ ပြည်သူများ အနေဖြင့် စစ်ကောင်စီ တပ်သားများနှင့် နီးစပ်ရာ နေရာများ၌ မနေထိုင်ကြရန်၊ အသွားအလာ မလုပ်ရန် တော်ဝင်လျှပ်စီးစစ်ကြောင်းက သတိပေး ပန်ကြားထားသည်။

(တော်ဝင်လျှပ်စီးစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ)
(တော်ဝင်လျှပ်စီးစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ)

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အလယ်ပိုင်းတိုင်းစစ်ဒေသ တော်ဝင်လျှပ်စီးစစ်ကြောင်းက စစ်ကောင်စီကို တိုက်ခိုက်လိုသော ရဲဘော်သစ်များ စစ်ကြောင်း၌ပါဝင်ရန် ဖိတ်ခေါ်ကြောင်း ယနေ့ ဒီဇင်ဘာ ၁၅ရက်တွင် သတင်းထုတ်ပြန်သည်။

ပဲခူးတိုင်း ရေတာရှည်မြို့နယ် အရှေ့ခြမ်း ၊ နေပြည်တော် ကောင်စီ နယ်မြေနှင့် ထိစပ်ဧရိယာများဖြစ်သည့် သံတောင် မြောက်ပိုင်း အထူးဒေသ ၊ ဆက်စပ်နယ်မြေများ၌ စစ်ရေးလှုပ်ရှားနေသည့် PDF စစ်ကြောင်းဖြစ်သည့် တော်ဝင်လျှပ်စီးစစ်ကြောင်း၏ ဖိတ်ခေါ်ချက်တွင် စစ်ကိုစစ်နှင့်တူအောင် တိုက်ခိုက်ချင်သောတော်လှန်ရေးရဲဘော်များအား အလိုရှိနေကြောင်း ဖော်ပြထားသည်။

“လက်ရှိမှာ အကြမ်းဖက် စကစ အနေနဲ့ မတရား စစ်မှုထမ်း ဥပဒေကို အသက်သွင်းပြီးတော့ လူငယ်လူရွယ်တွေကို အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ခပ်စိပ်စိပ် လုပ်လာတဲ့အခါမှာ လူငယ်တွေ အနေနဲ့လည်း မတရားတာတွေ မတရားမှန်းသိနေလျက်နဲ့ ရန်သူ့လက်ထဲကို ကျရောက်ခံပြီး တသက်လုံးနာမည်ပျက်ရမယ့် အခြေအနေကို ရွေးချယ်ကြမလား၊ ဒါမှမဟုတ် ပြည်သူ့ဘက်ကို မျက်နှာမူတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီမှာ ဝင်ရောက် တာဝန်ထမ်းဆောင်ကြမလားဆိုတာကို ရွေးရမယ့် အချိန်ကို ရောက်လာပြီဖြစ်ပါတယ်။” ဟု တော်ဝင်လျှပ်စီးစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကိုအီဗယ်က ပြောသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေး အရှိန်ရလာသည်နှင့်အမျှ ကြားနေဆိုသည်မှ မရှိတော့ကြောင်း၊ တော်လှန်ရေးကို ကိုယ်နှင့် မသက်ဆိုင်သကဲ့သို့ နေလို့ မရလောက်အောင် စစ်ကောင်စီက ပြည်သူလူထုများ၏ အိမ်တံခါး၀ကိုခေါက်နေပြီဖြစ်ကြောင်း ၎င်းကဆက်​ပြောသည်။

“ဘယ်ဘက်ကိုရွေးချယ်ကြမလဲဆိုတာကို ဆုံးဖြတ်ရတော့မယ့် အချိန်ကို ရောက်ပြီလို့ပဲ ပြည်သူများအား ပြောကြားလိုပါတယ်ခင်ဗျာ” ဟု ရဲဘော် အီဗယ်က ပြောကြားသည်။

တော်ဝင်လျှပ်စီးစစ်ကြောင်း၏ တပ်သားသစ် ဖိတ်ခေါ်ချက်တွင် ရဲဘော်များကို လိုအပ်သည့်စစ်အသုံးအဆောင်ပစ္စည်းများထောက်ပံ့ဖြည့်တင်းသွားမည်ဖြစ်၍ တော်လှန်ရေး ပြီးဆုံးသည်အထိ တိုက်ပွဲဝင်နိုင်မည့်သူများကို နွေးထွေးစွာ ကြိုဆိုကြောင်း အသိပေးသည်။

တပ်သားသစ် အဖြစ် ပါဝင်လိုပါက လိုအပ်သည့် စည်းကမ်းချက်များကိုလည်း ထုတ်ပြန်ခဲ့ရာကျန်းမာရေးကောင်းမွန်သူ၊ အခြေခံစစ်ပညာသင်တန်း တက်ရောက်နိုင်သူ၊ ပင်ပန်းဆင်းရဲမှုဒဏ် ခံနိုင်သူ၊ လိုအပ်ပါက မိသားစု၊ ဆွေမျိုး၊ ချစ်ခင်ရသူများနှင့် အဆက်အသွယ်ဖြတ်နိုင်သူ ဖြစ်ရမည်ဟု အသိပေးထားပြီး အသက်အရွယ် ကန့်သတ်ချက်မှာ ၁၈နှစ်မှ ၃၅ နှစ်အတွင်းဖြစ်ကြောင်း ဖော်ပြသည်။

အာဏာရှင်စနစ်ကိုအမြစ်ပြတ်ရိုက်ချိုးနိုင်သည်အထိစစ်မှုထမ်းနိုင်ရမည်ဖြစ်ပြီး အဖွဲ့မှချမှတ်ထားသည့်စည်းမျဉ်းစည်းကမ်းများနှင့် အညီနေထိုင်နိုင်ရမည်ဖြစ်ကြောင်း၊ ပေးအပ်သောတာ၀န်ကိုကျေပွန်စွာ ထမ်းဆောင်ရမည်ဖြစ်ကြောင်း စည်းကမ်းချက်၌ ပါရှိပြီး အရက်သေစာ ၊မူးယစ်ဆေးဝါးမသုံးစွဲသူဖြစ်ရမည်ဟု အသိပေးသည်။

ပုဂ္ဂိုလ်စွဲ၊ဒေသစွဲ မထားဘဲတိုင်းပြည်နှင့်ပြည်သူ၏ အကျိုးကိုရှေးရှူ၍ တော်လှန်ရေးအောင်မြင်ပြီးမြောက်ရန်အတွက် ကျရာတာဝန်ကိုကျေပွန်စွာထမ်းဆောင်လိုသူဖြစ်ရမည်ဟုလည်း ပါရှိသည်။

ROYAL THUNDER COLUMN သို့ လာရောက်မည့် ရဲဘော်များသည် လုံးဝ (လုံးဝ) မပြန်ရကြောင်း၊ပြန်ခြင်း / မပြန်ခြင်းဆိုင်ရာ ကိစ္စများသည် စစ်ကြောင်း တာဝန်ခံများ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး စည်းကမ်းဖောက်ဖျက်မှုများအတွက် တပ်ဖွဲ့မှ ချမှတ်ထားသည့် ပြစ်ဒဏ်များကို ကျေနပ်စွာခံယူရမည်ဟု ဖော်ပြသည်။

စည်းကမ်းချက်များ လိုက်နာနိုင်ပါက ROYAL THUNDER COLUMN၏ ​ဖေစ်ဘွခ်​ပေချ်Messenger တွင် အသေးစိတ်လာရောက်ဆက်သွယ်မေးမြန်းနိုင်သည်ဟု ကြေညာသည်။

တော်ဝင်လျှပ်စီးစစ်ကြောင်းသည် ဒီဇင်ဘာလ ဒုတိယအပတ်အတွင်း၌ပင် ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ပိတောက်ကုန်းရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို အခြားသော PDF တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ ဒီဇင်ဘာ ၁၂ရက်က အင်အား ၁၀၀ ကျော်ပါ စစ်ကေငာ်စီတပ်သားများကို PDF ပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ပြီး စောင့်ကြို ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာပြီး ဒီဇင်ဘာ ၁၃ရက်တွင် ပြန်လည်ဆုတ်ခွာသွားသည်ဟု စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

စစ်ရေး အခြေအနေ တင်းမာဆဲဖြစ်၍ ပြည်သူများ အနေဖြင့် စစ်ကောင်စီ တပ်သားများနှင့် နီးစပ်ရာ နေရာများ၌ မနေထိုင်ကြရန်၊ အသွားအလာ မလုပ်ရန် တော်ဝင်လျှပ်စီးစစ်ကြောင်းက သတိပေး ပန်ကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်မြို့တိုက်ပွဲ၌ အလွန်အထိနာနေသည့် စစ်ကောင်စီက ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ယနေ့ နေ့လည်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသသတင်းရင်းမြစ်များက ပြောသည်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာအချုပ်ထဲရောက်ပြီး သုံး လအကြာမှာ ပြန်လွတ်တော့မယ်ဆိုတော့ ကိုမန်အောင်တစ်ယောက် အတွေးနဲ့တင် ပျော်နေမိပြီ။

သတင်း

ပေါက်ကြားလာတဲ့ ဗီဒီယိုဖိုင်မှာ အာရက္ခတပ်တော် (AA)တပ်ဖွဲ့ဝင်အချို့က စစ်သုံ့ပန်း နှစ်ဦးကို ညှင်းပန်းနှိိပ်စက်သတ်ဖြတ်ခဲ့တာဟာ ၂၀၂၄ ခုနှစ် ​ဖေ​ဖော်ဝါရီလ ၇ ရက်ကဖြစ်ခဲ့တာလို့ AA ​ပြော​ရေးဆိုခွင့်ရှိသူ ခိုင်သုခက​ပြောပါတယ်။

သတင်း

စစ်ကောင်စီနှင့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်( UWSA) ပူးတွဲထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် ယနေ့ (ဇန်နဝါရီ ၂၃ရက်) နေ့လယ်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။