Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာ၊ ရဲဘော်ငါးဦးဒဏ်ရာရဟု အမှတ်(၂)စစ်ဒေသခွဲ အသိပေး

ရဲဘော်ငါးဦးမှာ လက်နက်ကြီးစထိမှန်၍ ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး စိုးရိမ်ရသည့်အခြေအနေမရှိကြောင်း တိုက်ခိုက်မှုတွင်ပါဝင်သော ကီးကူစစ်ကြောင်းက အသိပေးသည်။

(တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွင်ပါဝင်သည့် ကီးကူစစ်ကြောင်းမှ ရဲဘော်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - ကီးကူစစ်ကြောင်း)
(တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွင်ပါဝင်သည့် ကီးကူစစ်ကြောင်းမှ ရဲဘော်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - ကီးကူစစ်ကြောင်း)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်း၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲမှ ယနေ့ (ဒီဇင်ဘာ ၆ရက်) ထုတ်ပြန်သည်။

ဒီဇင်ဘာ ၅ရက် နံနက်ပိုင်းက စစ်တောင်းမြစ်အနောက်ဘက်ခြမ်း နှောပင်ကျေးရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များ လုံခြုံရေးယူထားစဉ် အင်အား ၇၀ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ဖော်ပြသည်။

“၅ရက်ရက်မနက် ၈နာရီကနေ နေ့လယ် ၁နာရီအထိတိုက်ပွဲဖြစ်ခဲ့တာ”ဟု တိုက်ခိုက်မှုတွင် ပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)စစ်ကြောင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

နှစ်ဖက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂၅ဦးခန့်သေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ်(၂)စစ်ဒေသခွဲ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရဲဘော်ငါးဦးမှာ လက်နက်ကြီးစထိမှန်၍ ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး စိုးရိမ်ရသည့်အခြေအနေမရှိကြောင်း တိုက်ခိုက်မှုတွင်ပါဝင်သော ကီးကူစစ်ကြောင်းက အသိပေးသည်။

အထက်ပါ တိုက်ပွဲဖြစ်ပွားပြီးနောက် အထိနာသွားသော စစ်ကောင်စီတပ်စစ်ကြောင်းက နောက်ပြန်ဆုတ်သွားခဲ့သော်လည်း အင်အားထပ်မံဖြည့်တင်းကာ စစ်ကြောင်း(၂)ကြောင်းခွဲ၍ ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားရာ နှောပင်ကျေးရွာဘက်သို့ ပြန်လည်ထိုးစစ်ဆင်လာကြောင်း စုံစမ်းသိရသည်။

“အင်အားထပ်ဖြည့်ပြီး နှောပင်ကိုနေရာယူ သွားတယ်”ဟု PDF တပ်ရင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက လက်ရှိအခြေအနေကို ပြောသည်။

စစ်တောင်းမြစ်အနောက်ဘက် နှောပင်ကျေးရွာတိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ စစ်ရေးအရအသာစီးရခဲ့သော်လည်း တိုက်ပွဲချိန်ကြာလာသည်တွင် လက်နက်ခဲယမ်းမလုံလောက်မှုကြောင့် နှောပင်ကျေးရွာမှ ပြန်ဆုတ်ပေးခဲ့ရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။