Connect with us

Hi, what are you looking for?

သတင်း

အခုသီတင်းပတ်ထဲမှာ မြန်မာ့အရေးနဲ့ ဆက်စပ်တဲ့ ဆွေးနွေးပွဲနှစ်ခု လက်ခံကျင်းပမယ်လို့ထိုင်းပြော

မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ နှစ်ခုကို အခုသီတင်းပတ်ထဲမှာ အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပသွားမယ်လို့ ထိုင်းအစိုးရက ပြောကြားခဲ့ပါတယ်။

(မြန်မာ-ဘဂ်လား​ဒေရှ် နယ်စပ်အနီးရှိ စစ်​ကောင်စီ ၏ နခခ (၅) ကို အာရက္ခတပ်​တော်က ဒီဇင်ဘာ၈ ရက်တွင် အပြီးသတ် သိမ်းပိုက်ပြီး​နောက်သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများကို​တွေ့ရစဥ်။မောင်​တောမြို့ နယ်တစ်ခုလုံးကို AA က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်)
(မြန်မာ-ဘဂ်လား​ဒေရှ် နယ်စပ်အနီးရှိ စစ်​ကောင်စီ ၏ နခခ (၅) ကို အာရက္ခတပ်​တော်က ဒီဇင်ဘာ၈ ရက်တွင် အပြီးသတ် သိမ်းပိုက်ပြီး​နောက်သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများကို​တွေ့ရစဥ်။မောင်​တောမြို့ နယ်တစ်ခုလုံးကို AA က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်)

-People’s Spring

ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီကိစ္စကို အတည်ပြုခဲ့တာဖြစ်ပြီး အစည်းအဝေး နှစ်ခုထဲက အနည်းဆုံး တစ်ခုမှာ အာဏာသိမ်း စစ်တပ်ရဲ့ ကိုယ်စားလှယ် တက်ရောက်ဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာဟာ ဒီဇင်ဘာ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့တွေမှာ သီးခြား အစည်းအဝေး နှစ်ခုကို လက်ခံ ကျင်းပပေးမှာ ဖြစ်ပါတယ်။ ဒါဟာ အောက်တိုဘာလတုန်းက ထိုင်းအစိုးရဟာ မြန်မာ့အရေးကို ကူညီ ဖြေရှင်းဖို့အတွက် အလွတ်သဘော ဆွေးနွေးမှုတွေကို အိမ်ရှင်အနေနဲ့ လက်ခံကျင်းပလိုကြောင်း ကမ်းလှမ်းထားမှုကို လက်တွေ့ အကောင်အထည် ဖော်လာခြင်းလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့ အစည်းအဝေးမှာ မြန်မာဖက်က ကိုယ်စားလှယ်တွေ တက်ရောက်မယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ နစ်ခွန်ဒက်ဂျ် ဘီလန်ကူရာက ပြောပါတယ်။ အဲဒီ အစည်းအဝေးဟာ နယ်စပ်လုံခြုံရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ တိုက်ဖျက်ရေးကို အဓိကထားမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ ဒါကြောင့် မြန်မာနဲ့ နယ်စပ်ထိစပ်နေရာ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ ထိုင်းဖက်က ကိုယ်စားလှယ်တွေ အားလုံးလည်း ဆွေးနွေးပွဲ တက်ကြမှာပါ။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၂၀ ရက်နေ့ အစည်းအဝေးကတော့ နိုင်ငံခြားရေး ဝန်ကြီးတွေအဆင့် တွေ့ဆုံမှုဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ မြန်မာ့အရေး စိတ်ဝင်စားတဲ့ နိုင်ငံတွေ တက်ရောက်မယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။ ပြီးတော့ မြန်မာ့အရေး ကူညီဖြေရှင်းရေးအတွက် အာဆီယံက ချမှတ်ပေးထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေး ကိစ္စတွေကိုပါ ဆွေးနွေးသွားမယ်လို့လည်း သူက ပြောပါတယ်။

အဲဒီ ဒုတိယနေ့ အစည်းအဝေးမှာတော့ မြန်မာကိုယ်စားလှယ် တက်ရောက်နိုင်ခြေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းခဲ့ချိန် ကတည်းက အာဆီယံရဲ့ ထိပ်တန်း အစည်းအဝေးတွေမှာ နိုင်ငံရေး မဟုတ်တဲ့ ကိုယ်စားလှယ်တွေကိုသာ ကန့်သတ် တက်ရောက်ခွင့် ပေးထားခဲ့ပါတယ်။

၂၀၂၅ ခုနှစ်အတွက် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူမယ့် မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကတော့ သူဟာ မြန်မာ့ ငြိမ်းချမ်းရေးအတွက် အာဆီယံရဲ့ အစီအမံတွေ အကောင်အထည် ဖော်နိုင်ရေး ပိုမိုအားထည့် ကြိုးစားသွားမယ်လို့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားကလည်း ဒီဇင်ဘာ ၂၀ အစည်းအဝေးကို နိုင်ငံခြားရေး ဝန်ကြီး တက်ရောက်မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

ကိုးကား: Retuers

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့အရေးကို အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာမြောက်ဦးစားပေးအဖြစ် အသိအမှတ်ပြုဖို့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ QUAD ကို တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၆၆ ခု ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

မတရားစစ်အာဏာသိမ်းခံထားရတဲ့ ၅ နှစ်တာကာလ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေနဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်အသွင်ကူးပြောင်းနိုင်ရေး မြန်မာ့အရေးကြားနာပွဲကို ဒီကနေ့ (မတ်လ ၂) မှာ ဂျပန်အထက်လွှတ်တော်အမတ်များရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ တပ်တွင်းတွေ့ဆုံဆွေးနွေးပွဲကို ပဲခူးတိုင်းမှာ ကျင်းပခဲ့ရာ SOF တပ်ဖွဲ့မှူး၊ စစ်ကြောင်းမှူး၊ ဒု-စစ်ကြောင်းမှူးတွေ ၊ တပ်ခွဲမှူး၊ ဒု-တပ်ခွဲမှူးတွေ ၊ လက်ရုံးအဖွဲ့ခေါင်းဆောင်တွေ၊ ရဲဘော်တွေနဲ့ ရဲဘော်မိသားစုဝင်တွေ ပါဝင်တက်ရောက်ခဲ့တယ်လို၀င SOFက သတင်းထုတ်ပြန်ပါတယ်။ အဲဒီလို အားလုံးပါဝင်တဲ့...