Connect with us

Hi, what are you looking for?

သတင်း

မြန်မာဖက်ခြမ်းမှာ ကာလဝမ်းရောဂါ ကူးစက်မှုတွေကြောင့် ထိုင်းနယ်စပ်မှာ ကျန်းမာရေး အစီအမံတွေ တပ်လှန့်ထား

မြန်မာနဲ့ နယ်စပ်ထိစပ်နေရာ တက်ခ်ပြည်နယ်ထဲမှာ ကာလဝမ်းရောဂါ ထိန်းချုပ်ရေးဆိုင်ရာ အစီအမံတွေ အရေးတကြီး လုပ်ဆောင်နေကြောင်း သိရပါတယ်။

မြန်မာနဲ့ နယ်စပ်ထိစပ်နေရာ တက်ခ်ပြည်နယ်ထဲမှာ ကာလဝမ်းရောဂါ ထိန်းချုပ်ရေးဆိုင်ရာ အစီအမံတွေ အရေးတကြီး လုပ်ဆောင်နေကြောင်း သိရပါတယ်။

မြန်မာဖက်ခြမ်း၊ မြဝတီ မြို့နယ်ထဲက ရွှေကုက္ကိုမြို့မှာ ကာလဝမ်းရောဂါ ပျံ့နှံ့ ဖြစ်ပွားနေတာကြောင့် ထိုင်းပိုင်နက်ဖက် ကူးစက်မလာအောင် တားဆီးရေး အခုလိုမျိုး အပူတပြင်း တုံ့ပြန်နေတာလို့ ထိုင်းကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနဟာ အရေးပေါ် စီမံဆောင်ရွက်ရေး စင်တာ (EOC) တစ်ခုကို တက်ခ်ပြည်နယ်ထဲမှာ ဖွင့်လှစ်လိုက်ကြောင်း ကြေညာပါတယ်။ ဒီဇင်ဘာ ၂၂ ရက်နေ့ထိ အခြေအနေအရ တက်ခ်မှာ ကာလဝမ်းရောဂါပိုး တွေ့သူ လူနာ ၂ ဦး အတည်ပြု သိရှိထားပြီလို့လည်း သိရပါတယ်။

ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူး တစ်ဦးဖြစ်သူ ဒေါက်တာ အိုပက်စ် ကန်ကာဝင်ပေါင်က တက်ခ်ပြည်သူ့ကျန်းမာရေးရုံးဟာ အခုအခါ EOCအဖြစ် လည်ပတ်နေမှာဖြစ်ပြီး ယာယီ ကျန်းမာရေး စုံစမ်းစစ်ဆေးမှု ဦးစီးအရာရှိချုပ် ဒေါက်တာ ဆူပါချော့ခ် ဝီချာဖန်ဖီဆက်က အဲဒီ လုပ်ငန်းစဉ်တွေကို ဦးဆောင်သွားမယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ EOCဟာ နယ်စပ် ဧရိယာတွေကနေစပြီး ပိုမိုကျယ်ပြန့်တဲ့ လူ့အဖွဲ့အစည်းတွေ အတွင်းထဲထိ ကာလဝမ်းရောဂါ ပျံ့နှံ့မှု အခြေအနေတွေကို လေ့လာ စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ နယ်စပ် ဒုက္ခသည် စခန်းတွေလည်း အပါအဝင် ဖြစ်ပါတယ်။

တက်ခ်ပြည်နယ်ထဲမှာရှိတဲ့ မဲရမတ်နဲ့ မဲဆောက်တို့ဟာ ရွှေကုက္ကို တစ်ဖက်ကမ်းမှာ ရှိနေသလို စက်ရုံ အလုပ်ရုံ အလုပ်သမားတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေ အများအပြား ကူးသန်းသွားလာမှု ရှိနေတဲ့အတွက် အန္တရာယ် အကြီးဆုံး နယ်မြေတွေ ဖြစ်နေကြောင်း၊ နောက်ပြီး မကြာခင် ရောက်ရှိလာမယ့် နှစ်သစ်ကူး ကာလမှာ နယ်စပ်တလျှောက်က လူ့အဖွဲ့အစည်းတွေကြား ပျော်ပွဲရွှင်ပွဲတွေ ကျင်းပတာ၊ အစားအသောက်တွေ ဖလှယ်တာမျိုးတွေ ရှိလာနိုင်ကြောင်း ဒေါက်တာ အိုပက်စ်က ဆိုပါတယ်။

သူက ရွှေကုက္ကိုမှာ ကာလဝမ်းရောဂါ ကူးစက်လူနာ ၂၀၀ ဝန်းကျင်လောက်ထိ ရှိနေခဲ့ပြီး ၂ ဦး သေဆုံးခဲ့တယ်လို့လည်း ပြောပါတယ်။ ထိုင်းမှာတော့ မဲဆောက်က လူနာနှစ်ဦးမှာ ပိုးတွေ့ပြီး ဆေးရုံတင်ခဲ့ရပါတယ်။ သူတို့တွေဟာ နယ်စပ်ကို ပုံမှန် ဖြတ်သန်းသွားလာနေကျ မြန်မာ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးဖြစ်တယ်လို့ ဒေါက်တာ အိုပက်စ်က ပြောပါတယ်။

လောလောဆယ်မှာတော့ တောလမ်းတွေကနေ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူတွေကို တားဆီးဖို့ အတွက်လည်း ထိုင်းစစ်တပ်က နယ်စပ်မှာ ကင်းလှည့်မှုတွေကို ပိုမို တိုးမြှင့်ထားပါတယ်။ နောက်ပြီး တက်ခ်ပြည်နယ်ရဲ့ အာဏာပိုင်တွေဟာ ရွှေကုက္ကိုမှာရှိတဲ့ ကျန်းမာရေး အာဏာပိုင်တွေဆီက အကူအညီ တောင်းခံမှုကြောင့် ဆေးဝါး အထောက်အပံ့တွေ ပေးပို့ခဲ့တယ်လို့လည်း ဆိုပါတယ်။

နယ်စပ်မှာ နေထိုင်တဲ့ ထိုင်းသတင်းရင်းမြစ်တွေရဲ့ အဆိုအရ ရွှေကုက္ကိုမှာ ကာလဝမ်းရောဂါ အဖြစ်အများဆုံးဟာ တရုတ် လုပ်ငန်းရှင်တွေနဲ့ မြန်မာ အလုပ်သမားတွေလို့ သိရပါတယ်။

တက်ခ်မှာတော့ ထိုင်းကျန်းမာရေး အာဏာပိုင်တွေက ဒေသခံတွေ အနေနဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပြီး အစားအသောက်တွေကို သေချာကျက်အောင် ချက်ပြုတ် စားသောက်ကြပြီး ကာလဝမ်းရောဂါ ကူးစက်မှုကနေ ကာကွယ်ရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

လူ ၅ ယောက်မှာ ၁ ယောက် ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့ သတင်းပေးပို့ချက် ဒီမနက်ကပဲ ကျွန်တော်တို့ လက်ခံ ရရှိလိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲသုံးရက်အတွင်း စစ်တပ်က သေဆုံးသူနဲ့ ဒဏ်ရာရသူ ၁၀၀ ခန့်ရှိတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆောင်းပါး

မြန်မာနိုင်ငံတွင် ကင်ဆာရောဂါသည် တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာနေသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုကြီးတခုဖြစ်ပြီး အသက်အရွယ်မရွေး လူတိုင်းအတွက် အန္တရာယ်ရှိနေသည့် အခြေအနေဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် နိုင်ငံတကာကင်ဆာသုတေသနအေဂျင်စီ (IARC) တို့မှ ထုတ်ပြန်ခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ကင်ဆာရောဂါအခြေအနေဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံတကာ

ထိုင်းမှာ သင်္ဘောသီးထောင်း စားကြရာကနေ ပြင်းထန် အသည်းရောဂါပိုးတစ်မျိုး (liver fluke) ပျံ့နှံ့ ကူးစက်မှုတွေကို ကျန်းမာရေး အာဏာပိုင်တွေက သတိပေးထားပါတယ်။