Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့ပြင်ရှိကာကင်းများကို KIA တိုက်ခိုက်ရှင်းလင်း

ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်များ လက်နက်ချရန် KIAက အသိပေးထားသည်မှာလည်း မှန်ကန်ကြောင်း ပြောပြသည်။

(ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းရသော လက်နက်များ)
(ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းရသော လက်နက်များ)

▪️ဗန်းမော်ရှိ စစ်ကောင်စီတပ်များ လက်နက်ချရန် KIAက သတိပေးထား

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က မြို့ပြင်ရှိ ကာကင်းစခန်းများကို ရှင်းလင်းခဲ့ရာ စစ်ကောင်စီအလောင်းနှင့် လက်နက်များ ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဒီဇင်ဘာ ၂၃ရက်တွင် ထွက်ပေါ်လာသည့် တိုက်ပွဲအတွင်း စစ်ကောင်စီယာယီတပ်စွဲရာနေရာ တစ်ခု၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦးထက်မနည်းသေဆုံးနေမှု ရုပ်သံမှတ်တမ်းနှင့်ပတ်သက်ပြီး သတင်းရင်းမြစ်က ယခုကဲ့သို့ ပြောပြခြင်းဖြစ်သည်။

” ဗန်းမော်တိုက်ပွဲ မြို့ပြင်က ကာကင်းတွေကို ရှင်းလင်းနေပါတယ်”ဟု သတင်းရင်းမြစ်က ပြောပြသည်။

Public Service Announcement

Public Service Announcement

ရုပ်သံမှတ်တမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးနေသည်ကို ပြသထားသကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ငယ် ၈လက်ထက်မနည်း သိမ်းရထားသည်ကိုလည်းတွေ့ရသည်။

ထို့ပြင် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်များ လက်နက်ချရန် KIAက အသိပေးထားသည်မှာလည်း မှန်ကန်ကြောင်း ပြောပြသည်။

အခြား ကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း ထိုသို့ လက်နက်ချရန် အသိပေးမှုသည် ရှေ့တန်းတပ်ဖွဲ့ဝင်များမှ ပြုလုပ်ခြင်းဖြစ်မည်ဟု ပြောသည်။

KIAသည် ဒီဇင်ဘာ ၄ရက်ကတည်းက ဗန်းမော်နှင့် မံစီမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး သုံးပတ်ကြာတိုက်ပွဲများ ဖြစ်ပွားကာ ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာအများအပြားကို သိမ်းရထားသည်။ ထို့ပြင် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အပါအဝင် မြို့ရှိ စစ်ကောင်စီ တပ်ရင်းဌာနချုပ်များကို တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီကလည်း လေကြောင်း ပစ်ကူပေးခုခံလျက်ရှိသည်။

KIA အနေဖြင့် ဗန်းမော်တိုက်ပွဲကြောင့် မြို့ခံများ အခက်အခဲများစွာဖြင့် စစ်ရှောင်နေရကြောင်း သတင်းပြန်ကြားရေးဌာနက ဖော်ပြထားသော်လည်း တိုက်ပွဲရလဒ် ၊ စစ်ရေးအခြေအနေများကို သတင်းထုတ်ပြန်ဖော်ပြခြင်းမရှိပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ အာဏာသိမ်းစစ်တပ် ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook