Connect with us

Hi, what are you looking for?

သတင်း

စစ်တိုင်းနှစ်ခုဆုံးရှုံးထားသည့်စစ်ကောင်စီ နောက်ထပ်တိုင်းစစ်ဌာနချုပ်များ ထပ်မံကျဆုံးတော့မည့် အခြေအနေရောက်နေဟု NUGယာယီသမ္မတ ပြော

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ (ဒီဇင်ဘာ ၂၄ရက်)တွင် ခရစ္စမတ်ဆုတောင်းစကား ပြောကြားရာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

(အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်ပေါက်တွင် အောင်ပွဲခံနေသော ကိုးကန့်တပ်ဖွဲ့ဝင်များ နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား AA သိမ်းပိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA၊File)
(အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်ပေါက်တွင် အောင်ပွဲခံနေသော ကိုးကန့်တပ်ဖွဲ့ဝင်များ နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား AA သိမ်းပိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA၊File)

ထားမြတ်/People’s Spring

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တိုင်းစစ်ဌာနချုပ် နှစ်ခုဆုံးရှုံးထားသည့် စစ်ကောင်စီအနေဖြင့် နောက်ထပ်တိုင်းစစ်ဌာနချုပ်များ ထပ်မံကျဆုံးတော့ မည့် အခြေအနေရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ (ဒီဇင်ဘာ ၂၄ရက်)တွင် ခရစ္စမတ်ဆုတောင်းစကား ပြောကြားရာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

(အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်ပေါက်တွင် အောင်ပွဲခံနေသော ကိုးကန့်တပ်ဖွဲ့ဝင်များ နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား AA သိမ်းပိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA၊File)
(အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်ပေါက်တွင် အောင်ပွဲခံနေသော ကိုးကန့်တပ်ဖွဲ့ဝင်များ နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား AA သိမ်းပိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ – MNDAA၊File)

နွေဦးတော်လှန်ရေး (၄)နှစ်ခန့်ကြာသည်အထိ အခက်အခဲများကြားမှ ပြည်သူလူထုများက တော်လှန်ရေးအပေါ် အားပေး ထောက်ခံမှု၊တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ မဟာမိတ်အင်အားစုများက မလျှော့တမ်း တစိုက်မတ်မတ် အားထုတ် ကြိုးပမ်းမှုများကို အားတက်ဖွယ်ရာ မြင်တွေ့ရကြောင်း ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

တစ်ဖက်တွင် ၂၀၂၄ ခုနှစ်အတွင် စစ်ကောင်စီ၏ ရှုံးနိမ့်မှု၊ ပြိုလဲမှုများ ကြီးမားစွာ ဖြစ်ခဲ့ဟု ဆိုသည်။

“ဒီတကြိမ်မှာ စစ်အာဏာရှင်စနစ် အပြီးသတ် ချုပ်ငြိမ်းရမယ်ဆိုတဲ့ တော်လှန်ရေးယုံကြည်ချက်နဲ့ အင်အားစုစုအသီးရဲ့ လက်တွဲ တိုက်ပွဲဝင်မှုတွေကြောင့် သမိုင်းတလျှောက် စစ်တပ်အတွက် အကြီးမားဆုံး ဆုံးရှုံးမှုအဖြစ်နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျဆုံးခဲ့ပြီ ဖြစ်ပါတယ်။ မကြာခင်မှာ နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ကျဆုံးတော့မယ့် အခြေအနေကို ရောက်ရှိနေပါပြီ။ နိုင်ငံတဝန်းက မြို့ပေါင်း (၉၀) ထက်မနည်းဟာ စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်ခဲ့ပြီဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံသူ၊နိုင်ငံသားအားလုံးသည် ကမ္ဘာကြီးနှင့် ထပ်တူ ခရစ္စမတ်အချိန်အခါကို ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ နွေးထွေးလုံခြုံမှု အပြည့်ဖြင့် ဖြတ်သန်းခွင့် ရထိုက်ကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့နိုင်ငံအနေနဲ့တော့ စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့ တော်လှန်ရေးတိုက်ပွဲကို ၀င်နေရတဲ့ အချိန်အခါ ဖြစ်တာကြောင့် တော်လှန်ရေးတာဝန်တွေကို ထမ်းရွက်ရင်း ခရစ္စမတ် အချိန်အခါသမယကို ဖြတ်သန်းနေကြရတဲ့ ရဲဘော်တွေရှိသလို တဖက်မှာလည်း ဆက်တိုက်ဆိုသလို စစ်ရှုံးနိမ့်နေတာနဲ့အမျှ ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်ကောင်စီကြောင့် ကျနော်တို့ ပြည်သူတွေ၊ ကလေးသူငယ်တွေနဲ့ မိခင်တွေဟာ မလုံခြုံမှု၊ စိုးထိတ်ကြောက်လန့်မှုများနဲ့ မိမိရဲ့ နေရပ်တွေကို စွန့်ခွါပြီး ခရစ္စမတ်အချိန်အခါသမယကို ဖြတ်သန်းနေရပါတယ်။” ဟု ယာယီသမ္မတက ပြောသည်။

ထို့ကြောင့် တော်လှန်ရေး တာဝန်ထမ်းရွက်နေကြသည့် ရဲဘော် တစ်ယောက်ချင်းစီတိုင်းကို အလေးအမြတ်ပြုသကဲ့သို့ ပြည်သူလူထု အပေါင်း ကြုံနေရသည့် ဘေးဒုက္ခ များအပေါ် များစွာ စိတ်ထိခိုက်ရဟု ယာယီသမ္မတက ပြောကြားသည်။

ထို့အပြင်ရည်မှန်းထားသည့်အတိုင်း တော်လှန်ရေးပန်းတိုင်ကိုအောင်မြင်အောင် မလျှော့သော ဇွဲလုံ့လဖြင့် အားစိုက်ကြိုးစားကြရမည်ဟုလည်း ၎င်းက ဆိုသည်။

“အခုလို ခရစ္စမတ်အချိန်အခါသမယမှာ ကျနော်ချစ်မြတ်နိုးရတဲ့ ပြည်သူလူထုတစ်ရပ်လုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ၊ မေတ္တာတရားများ လွမ်းခြုံတဲ့ နွေးထွေးမှု နဲ့ လွတ်လပ်မှု တို့ကို အနှစ်သာရပြည့်၀စွာ ခံစားနိုင်ကြပါစေ။ အားလုံးအတွက် ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်ဖြစ်ပါစေလို့ ထပ်မံပြီး ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။