Connect with us

Hi, what are you looking for?

သတင်း

စစ်တိုင်းနှစ်ခုဆုံးရှုံးထားသည့်စစ်ကောင်စီ နောက်ထပ်တိုင်းစစ်ဌာနချုပ်များ ထပ်မံကျဆုံးတော့မည့် အခြေအနေရောက်နေဟု NUGယာယီသမ္မတ ပြော

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ (ဒီဇင်ဘာ ၂၄ရက်)တွင် ခရစ္စမတ်ဆုတောင်းစကား ပြောကြားရာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

(အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်ပေါက်တွင် အောင်ပွဲခံနေသော ကိုးကန့်တပ်ဖွဲ့ဝင်များ နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား AA သိမ်းပိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA၊File)
(အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်ပေါက်တွင် အောင်ပွဲခံနေသော ကိုးကန့်တပ်ဖွဲ့ဝင်များ နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား AA သိမ်းပိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA၊File)

ထားမြတ်/People’s Spring

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တိုင်းစစ်ဌာနချုပ် နှစ်ခုဆုံးရှုံးထားသည့် စစ်ကောင်စီအနေဖြင့် နောက်ထပ်တိုင်းစစ်ဌာနချုပ်များ ထပ်မံကျဆုံးတော့ မည့် အခြေအနေရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ (ဒီဇင်ဘာ ၂၄ရက်)တွင် ခရစ္စမတ်ဆုတောင်းစကား ပြောကြားရာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

(အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်ပေါက်တွင် အောင်ပွဲခံနေသော ကိုးကန့်တပ်ဖွဲ့ဝင်များ နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား AA သိမ်းပိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA၊File)
(အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်ပေါက်တွင် အောင်ပွဲခံနေသော ကိုးကန့်တပ်ဖွဲ့ဝင်များ နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား AA သိမ်းပိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ – MNDAA၊File)

နွေဦးတော်လှန်ရေး (၄)နှစ်ခန့်ကြာသည်အထိ အခက်အခဲများကြားမှ ပြည်သူလူထုများက တော်လှန်ရေးအပေါ် အားပေး ထောက်ခံမှု၊တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ မဟာမိတ်အင်အားစုများက မလျှော့တမ်း တစိုက်မတ်မတ် အားထုတ် ကြိုးပမ်းမှုများကို အားတက်ဖွယ်ရာ မြင်တွေ့ရကြောင်း ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

တစ်ဖက်တွင် ၂၀၂၄ ခုနှစ်အတွင် စစ်ကောင်စီ၏ ရှုံးနိမ့်မှု၊ ပြိုလဲမှုများ ကြီးမားစွာ ဖြစ်ခဲ့ဟု ဆိုသည်။

“ဒီတကြိမ်မှာ စစ်အာဏာရှင်စနစ် အပြီးသတ် ချုပ်ငြိမ်းရမယ်ဆိုတဲ့ တော်လှန်ရေးယုံကြည်ချက်နဲ့ အင်အားစုစုအသီးရဲ့ လက်တွဲ တိုက်ပွဲဝင်မှုတွေကြောင့် သမိုင်းတလျှောက် စစ်တပ်အတွက် အကြီးမားဆုံး ဆုံးရှုံးမှုအဖြစ်နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျဆုံးခဲ့ပြီ ဖြစ်ပါတယ်။ မကြာခင်မှာ နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ကျဆုံးတော့မယ့် အခြေအနေကို ရောက်ရှိနေပါပြီ။ နိုင်ငံတဝန်းက မြို့ပေါင်း (၉၀) ထက်မနည်းဟာ စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်ခဲ့ပြီဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံသူ၊နိုင်ငံသားအားလုံးသည် ကမ္ဘာကြီးနှင့် ထပ်တူ ခရစ္စမတ်အချိန်အခါကို ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ နွေးထွေးလုံခြုံမှု အပြည့်ဖြင့် ဖြတ်သန်းခွင့် ရထိုက်ကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့နိုင်ငံအနေနဲ့တော့ စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့ တော်လှန်ရေးတိုက်ပွဲကို ၀င်နေရတဲ့ အချိန်အခါ ဖြစ်တာကြောင့် တော်လှန်ရေးတာဝန်တွေကို ထမ်းရွက်ရင်း ခရစ္စမတ် အချိန်အခါသမယကို ဖြတ်သန်းနေကြရတဲ့ ရဲဘော်တွေရှိသလို တဖက်မှာလည်း ဆက်တိုက်ဆိုသလို စစ်ရှုံးနိမ့်နေတာနဲ့အမျှ ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်ကောင်စီကြောင့် ကျနော်တို့ ပြည်သူတွေ၊ ကလေးသူငယ်တွေနဲ့ မိခင်တွေဟာ မလုံခြုံမှု၊ စိုးထိတ်ကြောက်လန့်မှုများနဲ့ မိမိရဲ့ နေရပ်တွေကို စွန့်ခွါပြီး ခရစ္စမတ်အချိန်အခါသမယကို ဖြတ်သန်းနေရပါတယ်။” ဟု ယာယီသမ္မတက ပြောသည်။

ထို့ကြောင့် တော်လှန်ရေး တာဝန်ထမ်းရွက်နေကြသည့် ရဲဘော် တစ်ယောက်ချင်းစီတိုင်းကို အလေးအမြတ်ပြုသကဲ့သို့ ပြည်သူလူထု အပေါင်း ကြုံနေရသည့် ဘေးဒုက္ခ များအပေါ် များစွာ စိတ်ထိခိုက်ရဟု ယာယီသမ္မတက ပြောကြားသည်။

ထို့အပြင်ရည်မှန်းထားသည့်အတိုင်း တော်လှန်ရေးပန်းတိုင်ကိုအောင်မြင်အောင် မလျှော့သော ဇွဲလုံ့လဖြင့် အားစိုက်ကြိုးစားကြရမည်ဟုလည်း ၎င်းက ဆိုသည်။

“အခုလို ခရစ္စမတ်အချိန်အခါသမယမှာ ကျနော်ချစ်မြတ်နိုးရတဲ့ ပြည်သူလူထုတစ်ရပ်လုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ၊ မေတ္တာတရားများ လွမ်းခြုံတဲ့ နွေးထွေးမှု နဲ့ လွတ်လပ်မှု တို့ကို အနှစ်သာရပြည့်၀စွာ ခံစားနိုင်ကြပါစေ။ အားလုံးအတွက် ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်ဖြစ်ပါစေလို့ ထပ်မံပြီး ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခြင်း၊ ပြုန်းတီးနေသည့် စစ်အင်အားများဖြည့်တင်းရန် လူသစ်စုဆောင်းခြင်း အပါအဝင် စစ်ကောင်စီကြောင့် ပြည်သူများ နည်းမျိုးစုံစိတ်ဒုက္ခကြုံနေရ၍ တော်လှန်ရေးကို မီးကုန်ယမ်းကုန်အားဖြည့်လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ဆောင်းပါး

"အဲ့ဒါ အဲ့ဒါ ကျတော့်သမီးလေး။ သူ အသက်ရှိနေအုံးမှာ။ ကျတော်ကိုယ်တိုင် ဆွဲထုတ်ပါရစေဗျာ"

သတင်း

ဇန်နဝါရီ ၁၄ ရက်တွင်လည်းမ​ပေါက်ကွဲ​သေး​သော​ပေါင် ၅၀၀ ဗုံး​တွေ့

Infographics

အာဏာသိမ်းစစ်ကောင်စီတပ်က ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီလပထမနှစ်ပတ်အတွင်း ပြည်နယ် ၅ခုနှင့် တိုင်း ၅တိုင်းကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူအနည်းဆုံး ၉၀ သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

Facebook