Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့နယ်တွင် လမ်းကြေးကောက်သည့် စစ်သားများအား ပစ်ခတ်ခဲ့ဟု မုံရွာခရိုင်အမှတ်(၈)တပ်ရင်း ပြော

ချောင်းဦးမြို့တွင် ဒီဇင်ဘာ ၂၄ရက် ညပိုင်းကလည်း မြို့တွင်းကင်းလှည့်နေသည့် စစ်ကောင်စီတပ်ယာဥ် မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရသေးသည်။

(ချောင်းဦးမြို့သို့သွားသည့် လမ်းပိုင်းတနေရာကို စစ်ကောင်စီတပ်သားများ ဝင်လာမှုခက်ခဲစေရန် ပိတ်ဆို့တားဆီးထားသည်ကို ၂၀၂၁က တွေ့ရစဉ်။ ဓာတ်ပုံ -CJ)
(ချောင်းဦးမြို့သို့သွားသည့် လမ်းပိုင်းတနေရာကို စစ်ကောင်စီတပ်သားများ ဝင်လာမှုခက်ခဲစေရန် ပိတ်ဆို့တားဆီးထားသည်ကို ၂၀၂၁က တွေ့ရစဉ်။ ဓာတ်ပုံ -CJ)

အာရုဏ်ဦး/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် လမ်းကြေးကောက်ရန်လာသော စစ်သားများအား တိုက်ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံးကြောင်း မုံရွာခရိုင် PDF အမှတ်(၈) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ၂၅ရက် နံနက် ၇နာရီခန့်က ပြည်သူများ​၏ ကားများချောဆွဲလိုက်ပါလာသော စစ်သား ၁၀ဦးအား မုံရွာခရိုင်တပ်ရင်း(၈)နှင့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM) ဗိုလ်စင်္ကြာစစ်ကြောင်းတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် ချောင်းဦးမြို့နှင့် ငါးယှန်ကျေးရွာကြား သံလွင်မြန်မာဆီဆိုင်အနီးဂိတ်ချကာ ခရီးသွားပြည်သူများအား အတင်းအဓမ္မ လမ်းကြေးကောက်ခံလေ့ရှိပြီး ၎င်းတို့ဂိတ်သို့မရောက်မီ လက်ဦးမှုယူတိုက်ခိုက်ခဲ့ခြင်းဟု တပ်ရင်း(၈)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့ ကြိုတင်ပြင်ဆင်ပြီးမှ တိုက်တာပါ။ စကစတွေက(ခရီးသွားများထံမှ)ငွေကောက်တဲ့နေရာဗန်ကာထဲ အရင်နေရာယူ ထားတာပေါ့။ စကစတွေက မနက်လာရာ။ လာတော့ကျနော်တို့က နေ‌ရာအရင်ယူပြီးဖြစ်တဲ့အတွက် ကောင်းကောင်းတိုက်ခိုက်နိုင်ခဲ့ပါတယ်”ဟု ၎င်းက ရှင်းပြသည်။

တိုက်ခိုက်မှုတွင် နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု (၃၅)မိနစ်ခန့်ကြာမြင့်ပြီး စစ်ကောင်စီဘက်မှ ခြောက်ဦးနေရာတင်လဲကျသေဆုံး၍ ကျန်လေးဦးမှာလည်း ထိခိုက်ဒဏ်ရာများရသွားကြောင်း မုံရွာခရိုင် တပ်ရင်း(၈)က အသိပေးသည်။

စစ်ကောင်စီတပ်ဘက်မှ ခြောက်ဦးသေဆုံးရာတွင် ချောင်းဦးနယ်ရှိ ပျူစောထီးအဖွဲ့စိုးမိုးနယ်မြေ တောပုရွာမှ ရဲတစ်ဦးပါဝင်ပြီး ဒဏ်ရရသူများအနက်မှ နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာရသွားကြောင်း စုံစမ်းသိရသည်ဟု ဆိုသည်။

အထက်ပါအတိုင်း စစ်ရေးဖော်ဆောင်နေစဥ် ချောင်းဦးမြို့၊ ပေါက်အင်းစိုက်ကွင်းရုံးမှ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးခဲ့ပြီး ချောင်းဦးမြို့ ခရေဖြူဂိတ်မှ စစ်ကောင်စီတပ်သားများလည်း စစ်ကူထွက်လာခြင်းကြောင့် တော်လှန်ရေးပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း တပ်ရင်း(၈)ထံမှ သိရသည်။

“စစ်ကူတွေ ရောက်မလာခင် ပြန်ဆုတ်နိုင်ခဲ့လို့ ကျနော်တို့ဘက်က အထိအခိုက်မရှိ အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု တပ်ရင်း(၈) မှ တာဝန်ရှိသူတစ်ဦးက အသိပေးသည်။

စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ချောင်းဦးမြို့တွင် ဒီဇင်ဘာ ၂၄ရက် ညပိုင်းကလည်း မြို့တွင်းကင်းလှည့်နေသည့် စစ်ကောင်စီတပ်ယာဥ် မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။