Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့သိမ်းတိုက်ပွဲ စစ်ကူလာသည့်ရဟတ်ယာဉ် ချင်းညီနောင်ပစ်ခတ်၍ ပြန်လှည့်သွား

“ဖရဲသီးက ရတာကတော့ ရဟတ်ယာဉ်ထိခိုက်မှုရှိတယ်လို့တော့ ကျနော်တို့ ကြားပါတယ်။” – CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီ

(၂၀၂၂ မတ်လ ၂၉ ရက်က ချင်းပြည်နယ် ဟားခါးမြို့တွင် ပျက်ကျခဲ့သည့် စစ်ရဟတ်ယာဉ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)
(၂၀၂၂ မတ်လ ၂၉ ရက်က ချင်းပြည်နယ် ဟားခါးမြို့တွင် ပျက်ကျခဲ့သည့် စစ်ရဟတ်ယာဉ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းဒေသကာကွယ်ရေးတပ်များစုပေါင်းထားသည့် ချင်းညီနောင်နှင့် မဟာမိတ်များကဆင်နွှဲလျက်ရှိရာ ယခုရက်ပိုင်းအတွင်း စစ်ကူလာသည့် ရဟတ်ယာဉ်သည် ချင်းညီနောင်အဖွဲ့၏ပစ်ခတ်မှုကြောင့် စစ်ကူအင်အား မဖြည့်တင်းနိုင်ဘဲ နောက်ပြန်လှည့်သွားရဟု တိုက်ပွဲဝင်ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

ဒီဇင်ဘာ ၃၁ရက်တိုက်ပွဲတွင် စစ်ကောင်စီ၏ရဟတ်ယာဉ်သည် ချင်းညီနောင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ထိခိုက်ခဲ့ပြီး ကလေးမြို့လေဆိပ်သို့ ဆင်းသက်ခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်နေ၍ မေးမြန်းမှုအပေါ် ဆလိုင်းတီမီက ပြောခြင်းဖြစ်သည်။

“MI 17 လာတဲ့ဟာ ရှိတယ်။ ကျနော်တို့ ကြားတာက လူအင်အားဖြည့်မယ်ဆိုတဲ့ ပုံစံကြားတယ်။ ဒါပေမဲ့ အဲဒါကို ကျနော်တို့ ပစ်ခတ်မှုတွေလုပ်တဲ့အခါ သူတို့ ပြန်လှည့်သွားတယ်ပေါ့။ ဘယ်လောက်ထိ ထိခိုက်သလဲဆိုတာ ကျနော်တို့ မသိဘူး။ရာသီဥတု မကောင်းလို့ ဆိုပြီး ပြန်လှည့်တယ်လို့ ကြားတယ်။ သူတို့ တပ်မတော် သတင်းတို့ ဘာတို့ ဖရဲသီးက ရတာကတော့ ရဟတ်ယာဉ်ထိခိုက်မှုရှိတယ်လို့တော့ ကျနော်တို့ ကြားပါတယ်”ဟု ဆလိုင်းတီမီက ပြောသည်။

Public Service Announcement

Public Service Announcement

CNDF ပါဝင်သည့် ချင်းညီနောင်နှင့် မဟာမိတ်များသည် ဖလမ်းမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၉ရက်က စတင်ခဲ့ရာ ရက်ပေါင်း ၅၀ကျော်သည်အထိ တိုက်ပွဲများ ဆက်ရှိနေဆဲဖြစ်သည်။

ဖလမ်းမြို့ ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာ ၅ခုကို ချင်းညီနောင်ဘက်က သိမ်းပိုက်ထားပြီး ခလရ(၂၆၈) တပ်ရင်းဌာနချုပ် တစ်ခုသာ ကျန်ရှိတော့သည်။

ဒီဇင်ဘာလလယ်ကလည်း ဖလမ်းတိုက်ပွဲအား စစ်ကောင်စီဘက်က ရဟတ်ယာဉ်ဖြင့် စစ်ကူအင်အား ၁၀၀ခန့် ဖြည့်တင်းခဲ့ရာ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များအားလုံးကိုချေမှုန်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းရခဲ့ဟု ချင်းညီနောင် တာဝန်ရှိသူများက အသိပေးထားသည်။

ထို့အပြင် ဖလမ်းမြို့ကို မကြာမီအပြီးသတ်သိမ်းပိုက်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ချင်းညီနောင် စစ်ရေးကော်မတီ ဥက္ကဋ္ဌဆလိုင်းထန်းချွန်းဖေက ပြောကြားထားသည်။

ချင်းညီနောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက ချင်းပြည်နယ် မင်းတပ်နှင့် ကန်ပက်လက်မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။ ထို့ပြင် ဧပြီလက ကျင်ဒွေးမြို့၊ ဇွန်လက မတူပီမြို့တို့ကို သိမ်းပိုက်ထားသည်။ ချင်းညီနောင်၏ စစ်ဆင်ရေး တစ်နှစ်တာအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၀၀ ကျော် စစ်သုံ့ပမ်းအဖြစ် ဖမ်းမိထားပြီး စစ်ကောင်စီထံမှ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ တစ်ထောင်ကျော်သိမ်းပိုက်ရရှိထားသည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး မြို့ပြန်ရရေး စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်နေကြောင်း အဆိုပါ စစ်မြေပြင်ရှိ ရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ထပ်လေကြောင်းပျံသန်းမှုများရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

သတင်း

စစ်တပ်က အင်အားဖြည့်တင်း​နေပြီး မကြာခင်အလုံးအရင်းနဲ့ စစ်​ကြောင်းထိုးလာနိုင်တယ်လို့ မန္တ​လေး PDF ​ပြော