Connect with us

Hi, what are you looking for?

သတင်း

ရခိုင် – ဧရာဝတီအစပ်၌ စစ်ကောင်စီကလေယာဉ်ကွင်းငယ်တစ်ခု အရေးပေါ်ဆောက်နေဟုဆို

အာရက္ခတပ်တော်(AA)၏ တိုက်ခိုက်မည့် အန္တရာယ်ကာကွယ်ရန် ရေကြည်မြို့၊ အမြောက်တပ် -အမတ(၃၄၄)တပ်ရင်းအနီး မြောက်စမ်းကျေးရွာ၌ လေယာဉ်ကွင်းအရေးပေါ် ဆောက်လုပ်နေသည့် စစ်ကောင်စီက ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာတွင်လည်း လေယာဉ်ကွင်းငယ်တစ်ခု အရေးပေါ် ဆောက်လုပ်နေသည်။

ကဖေး/People’s Spring

အာရက္ခတပ်တော်(AA)၏ တိုက်ခိုက်မည့် အန္တရာယ်ကာကွယ်ရန် ရေကြည်မြို့၊ အမြောက်တပ် -အမတ(၃၄၄)တပ်ရင်းအနီး မြောက်စမ်းကျေးရွာ၌ လေယာဉ်ကွင်းအရေးပေါ် ဆောက်လုပ်နေသည့် စစ်ကောင်စီက ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာတွင်လည်း လေယာဉ်ကွင်းငယ်တစ်ခု အရေးပေါ် ဆောက်လုပ်နေသည်။

“မကျီးဇင်မှာ လေယာဉ်ကွင်းဆောက်ဖို့ လုပ်နေပြီ။ ဘယ်လောက်ကြီးမယ့်ကွင်းလဲ မသိပေမယ့် အားချင်းလုပ်နေကြပြီ။ မကျီးဇင်ကလူတွေလည်း တခြားနေရာတွေကို ပြေးနေကြရပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများက လေယာဉ်ကွင်းဆောက်နေသည်ဟု သိထားကြောင်းပြောသော်လည်း လူထုနွေဦးက အတည်မပြုနိုင်သေးပေ။

Public Service Announcement

Public Service Announcement

မကျီးဇင်ကျေးရွာသည် ရခိုင်ပြည်နယ်၊ ဂွမြို့နှင့် ချောင်းကူးတံတားခြားလျက် ရေလမ်းချင်း ဆက်စပ်နေသည်။

ဂွမြို့မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မကျီးဇင်ရွာမှတဆင့် ရွှေသောင်ယံ -ချောင်းသာ – ပုသိမ်လမ်းအတိုင်း ကားများဖြင့် ဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။

” ကားတွေနဲ့ ပြေးတာ။ ဒဏ်ရာရတာတွေများတယ်”ဟု စစ်ကောင်စီယာဥ်တန်းကို တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

မကျီးဇင်ကျေးရွာနှင့် မလှမ်းမကမ်းတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်သံများ ကြားနေရသည်ဟု ရွှေသောင်ယံမြို့ခံ အချို့က ပြောသည်။

” ပစ်ခတ်သံတွေက ညရော၊နေ့ရော ကြားနေရတာ။ ရဟတ်ယာဉ်တွေလည်း ခဏခဏပြန်တယ်ဗျ။ မကျီးဇင်က လူတွေလည်း ရွှေ သောင်ယံမြို့ပေါ်ကိုရှောင်လာကြတယ်ဗျ။ တိုက်ပွဲကတော့ ချောင်းရဲ့ ဟိုဘက်မှာဖြစ်နေတာ” ဟု ရွှေသောင်ယံမြို့ခံတစ်ဦးက ပြောသည်။

ဂွမြို့သည် ဧရာဝတီတိုင်းအတွင်း ငါးသိုင်းချောင်း၊ ရေကြည်မြို့တို့နှင့်လည်း ကုန်းလမ်းဆက်စပ်နေသည်။

စစ်ကောင်စီသည် ရေကြည်မြို့၊ အမြောက်တပ်-အမတ(၃၄၄)တပ်ရင်းတွင် ဒီဇင်ဘာလလယ်ကစ၍ လေယာဉ်ကွင်းတစ်ခု အရေးပေါ် ဆောက်လုပ်နေသည်။ ထို့အပြင် အမ(၃၄၄) တပ်ရင်းအနီး မြောက်စမ်းကျေးရွာဝင်ရောက်စီးနင်းပြီး ဒေသခံများအားဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။

ဂွမြို့ကို AAက တိုက်ခိုက်သိမ်းပိုက်ထားပြီး ဧရာဝတီတိုင်းနှင့် ဆက်စပ်နေသော ကျေးရွာများမှ စစ်ကောင်စီစခန်းများကို ဆက်လက်တိုက်ခိုက်နေကြောင်းလည်း သတင်းရရှိသည်။

ဧရာဝတီတိုင်းအတွင်း စစ်ရေးအခြေအနေ ထူးခြားမှုရှိလာချိန်တွင် စစ်ကောင်စီဒုခေါင်းဆောင် စိုးဝင်းဦးဆောင်သည့် ကြည်းရေလေ ထိပ်ပိုင်းခေါင်းဆောင်များသည် ဒီဇင်ဘာ ၂၇ရက်တွင် ပုသိမ်မြို့လာရောက်ပြီး စစ်မှုထမ်းသင်တန်းဆင်းများကို စည်းရုံးရေးဆင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဂွမြို့သိမ်းတိုက်ပွဲအတွက် ထိုးစစ်ကို အရှိန်အဟုန်မြှင့်ထားပြီး ထွက်ပြေးနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လိုက်လံတိုက်ခိုက်နေကာ ဂွမြို့ကိုမကြာခင်ထိန်းချုပ်နိုင်တော့မည်ဟု AA က ဒီဇင်ဘာလ၂၁ရက်တွင် သတင်းထုတ်ပြန်ထားသည်။

သတင်း

ရေကြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒေသခံများ လုံခြုံရေးသတိရှိရန်၊ စစ်ရေးသတင်းများမျှဝေကြရန် တိုက်တွန်းထားသည်။

သတင်း

ဧရာဝတီတိုင်း ရေကြည်မြို့တွင် ပြည်သူ့စစ် လုံခြုံရေးအဖွဲ့ဖွဲ့ရန်ကြိုးပမ်းသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ‌ဒေသခံများ တင်းမာမှုဖြစ်ခဲ့ပြီး ဒေသခံအမျိုးသားငါးဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့သည်။