Connect with us

Hi, what are you looking for?

သတင်း

ရခိုင် – ဧရာဝတီအစပ်၌ စစ်ကောင်စီကလေယာဉ်ကွင်းငယ်တစ်ခု အရေးပေါ်ဆောက်နေဟုဆို

အာရက္ခတပ်တော်(AA)၏ တိုက်ခိုက်မည့် အန္တရာယ်ကာကွယ်ရန် ရေကြည်မြို့၊ အမြောက်တပ် -အမတ(၃၄၄)တပ်ရင်းအနီး မြောက်စမ်းကျေးရွာ၌ လေယာဉ်ကွင်းအရေးပေါ် ဆောက်လုပ်နေသည့် စစ်ကောင်စီက ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာတွင်လည်း လေယာဉ်ကွင်းငယ်တစ်ခု အရေးပေါ် ဆောက်လုပ်နေသည်။

ကဖေး/People’s Spring

အာရက္ခတပ်တော်(AA)၏ တိုက်ခိုက်မည့် အန္တရာယ်ကာကွယ်ရန် ရေကြည်မြို့၊ အမြောက်တပ် -အမတ(၃၄၄)တပ်ရင်းအနီး မြောက်စမ်းကျေးရွာ၌ လေယာဉ်ကွင်းအရေးပေါ် ဆောက်လုပ်နေသည့် စစ်ကောင်စီက ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာတွင်လည်း လေယာဉ်ကွင်းငယ်တစ်ခု အရေးပေါ် ဆောက်လုပ်နေသည်။

“မကျီးဇင်မှာ လေယာဉ်ကွင်းဆောက်ဖို့ လုပ်နေပြီ။ ဘယ်လောက်ကြီးမယ့်ကွင်းလဲ မသိပေမယ့် အားချင်းလုပ်နေကြပြီ။ မကျီးဇင်ကလူတွေလည်း တခြားနေရာတွေကို ပြေးနေကြရပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများက လေယာဉ်ကွင်းဆောက်နေသည်ဟု သိထားကြောင်းပြောသော်လည်း လူထုနွေဦးက အတည်မပြုနိုင်သေးပေ။

Public Service Announcement

Public Service Announcement

မကျီးဇင်ကျေးရွာသည် ရခိုင်ပြည်နယ်၊ ဂွမြို့နှင့် ချောင်းကူးတံတားခြားလျက် ရေလမ်းချင်း ဆက်စပ်နေသည်။

ဂွမြို့မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မကျီးဇင်ရွာမှတဆင့် ရွှေသောင်ယံ -ချောင်းသာ – ပုသိမ်လမ်းအတိုင်း ကားများဖြင့် ဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။

” ကားတွေနဲ့ ပြေးတာ။ ဒဏ်ရာရတာတွေများတယ်”ဟု စစ်ကောင်စီယာဥ်တန်းကို တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

မကျီးဇင်ကျေးရွာနှင့် မလှမ်းမကမ်းတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်သံများ ကြားနေရသည်ဟု ရွှေသောင်ယံမြို့ခံ အချို့က ပြောသည်။

” ပစ်ခတ်သံတွေက ညရော၊နေ့ရော ကြားနေရတာ။ ရဟတ်ယာဉ်တွေလည်း ခဏခဏပြန်တယ်ဗျ။ မကျီးဇင်က လူတွေလည်း ရွှေ သောင်ယံမြို့ပေါ်ကိုရှောင်လာကြတယ်ဗျ။ တိုက်ပွဲကတော့ ချောင်းရဲ့ ဟိုဘက်မှာဖြစ်နေတာ” ဟု ရွှေသောင်ယံမြို့ခံတစ်ဦးက ပြောသည်။

ဂွမြို့သည် ဧရာဝတီတိုင်းအတွင်း ငါးသိုင်းချောင်း၊ ရေကြည်မြို့တို့နှင့်လည်း ကုန်းလမ်းဆက်စပ်နေသည်။

စစ်ကောင်စီသည် ရေကြည်မြို့၊ အမြောက်တပ်-အမတ(၃၄၄)တပ်ရင်းတွင် ဒီဇင်ဘာလလယ်ကစ၍ လေယာဉ်ကွင်းတစ်ခု အရေးပေါ် ဆောက်လုပ်နေသည်။ ထို့အပြင် အမ(၃၄၄) တပ်ရင်းအနီး မြောက်စမ်းကျေးရွာဝင်ရောက်စီးနင်းပြီး ဒေသခံများအားဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။

ဂွမြို့ကို AAက တိုက်ခိုက်သိမ်းပိုက်ထားပြီး ဧရာဝတီတိုင်းနှင့် ဆက်စပ်နေသော ကျေးရွာများမှ စစ်ကောင်စီစခန်းများကို ဆက်လက်တိုက်ခိုက်နေကြောင်းလည်း သတင်းရရှိသည်။

ဧရာဝတီတိုင်းအတွင်း စစ်ရေးအခြေအနေ ထူးခြားမှုရှိလာချိန်တွင် စစ်ကောင်စီဒုခေါင်းဆောင် စိုးဝင်းဦးဆောင်သည့် ကြည်းရေလေ ထိပ်ပိုင်းခေါင်းဆောင်များသည် ဒီဇင်ဘာ ၂၇ရက်တွင် ပုသိမ်မြို့လာရောက်ပြီး စစ်မှုထမ်းသင်တန်းဆင်းများကို စည်းရုံးရေးဆင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေသည့် ကချင်ပြည်နယ် ဗန်းမော်မြို့၌ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း၊ ဒရုန်း တိုက်ခိုက်မှုများအလုံးအရင်း ပြုလုပ်နေဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့တိုက်ပွဲတွင်စစ်တပ်ဘက်ကလေကြောင်း၊ ဒရုန်းဖြင့် အပြင်းအထန်တိုက်ခိုက်၍ အမြောက်တပ်ရင်း (၃၆၆)နှင့် လေယာဉ်ကွင်းစသည့်နေရာအချို့ကိုကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်ကပြန်လည်လက်လွှတ်လိုက်ရကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

(စစ်တပ်၏ အ​မြောက်တပ် တပ်ဖွဲ့ဝင်အချို့/ပုံအ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-မြဝတီ)

သတင်း

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော မင်းပြားမြို့နယ် လက်မရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလူတစ်စုက သတ်ဖြတ်သွားကြောင်း ဒေသခံများကပြောသည်။