Connect with us

Hi, what are you looking for?

သတင်း

အောင်ဇေယျစစ်ကြောင်း​မှ အလင်းဝင်စစ်သားများဂုဏ်ပြုပွဲလုပ်ပေးအပြီးတွင် သုံးဦး ထပ်မံအလင်းဝင်လာ

ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်ရှိ အောင်ဇေယျစစ်ကြောင်း​မှ စစ်ကောင်စီ​တပ်သား သုံးဦးလက်နက်နှင့်အတူ အလင်းဝင်ခိုလှုံလာကြောင်း ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူးတစ်ဦးက အသိပေးထားသည်။

ဇန်နဝါရီ ၃ရက်က လက်နက်နှင့်အတူ အလင်းဝင်လာသော အောင်ဇေယျစစ်ကြောင်းမှ တပ်သားသုံးဦး ဗိုလ်မှူးဗိုလ်ဒါဘောနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ - Saw Kaw/FB

ဒီးဒီ/People’s Spring

ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်ရှိ အောင်ဇေယျစစ်ကြောင်း​မှ စစ်ကောင်စီ​တပ်သား သုံးဦးလက်နက်နှင့်အတူ အလင်းဝင်ခိုလှုံလာကြောင်း ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူးတစ်ဦးက အသိပေးထားသည်။

စစ်ရှုံးစစ်ကောင်စီ၏ ‌ရှေ့တန်းအမှတ်(၅၅)တပ်မ အောင်ဇေယျစစ်ဆင်ရေးမှ KNLA၊PDFနှင့် ပူးပေါင်းစစ်ကြောင်းများထံသို့ လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ပြန်လည်ခိုလှုံလာသော စစ်သည်များအား ကြိုဆိုဧည့်ခံပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ၂၀၂၄ ဒီဇင်ဘာ ၃၁ရက်က ကရင်ပြည်နယ်တနေရာတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်အပြီးနောက် ၂၀၂၅ ဇန်နဝါရီ ၃ရက်တွင် အောင်ဇေယျစစ်ကြောင်း​မှ စစ်ကောင်စီ​တပ်သား သုံးဦးလက်နက်နှင့်အတူ ထပ်မံအလင်းဝင်ခိုလှုံလာခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” မေတ္တာမှန်ရင် တပ်သားမပြောနဲ့ ဒုချုပ် မောင်စိုးဝင်းနဲ့ မိအော်လယ် တောင် ဝင်လာနိုင်တယ် ဒါကတော့ ကြိုဆိုပွဲပီး နောက်နေ့ ထပ်ဝင်လာတာလေးပါ”ဟု ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူးတစ်ဦးက အသိပေးထားသည်။

ထို့အပြင် ဒီဇင်ဘာ ၃၁ရက်က တိုက်ပွဲတွင်လည်း အောင်ဇေယျစစ်ကြောင်းထံမှ လက်နက်ခဲယမ်းများ သိမ်းရခဲ့ကြောင်း အဆိုပါ စစ်ကြောင်းမှူးက ဆိုသည်။

ပြီးခဲ့သည့် သုံးလခန့်အတွင်း အောင်ဇေယျစစ်ကြောင်းမှ လက်နက်နှင့်အတူ အလင်းဝင်လာသူများနှင့် ဖမ်းမိစစ်သုံ့ပန်း ၃၀ခန့်ရှိကြောင်း ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခု ဒီဇင်ဘာလအတွင်းမှာပင် အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးအလင်းဝင်လာသူ ၂၀ဦးခန့်ရှိနေကြောင်း ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက လူထုနွေဦးသို့ ပြီးခဲ့သည့်ရက်ပိုင်းက ပြောထားသည်။ အောင်ဇေယျစစ်ကြောင်းမှ ရှေ့တန်းမှစစ်သားများသည် အစာရေစာငတ်ပြတ်မှုနှင့်ကြုံနေ၍ အလင်းဝင်လာသူ အများအပြားရှိနေသည်ဟု စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက ပြောသည်။

စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း​အား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ကော်ဘရာ၊ PDFနှင့် ပူးပေါင်းစစ်ကြောင်းများက အပိုင်းပိုင်းဖြတ်တောက်ပိတ်ဆို့ထား၍ အောင်ဇေယျစစ်ကြောင်း​၏ ရှေ့တန်းမှ စစ်သားများသည် အစာရေစာငတ်ပြတ်မှုနှင့်ကြုံနေရသည်ဟု ဆိုသည်။

ထို့အပြင် တိုက်ပွဲအတွင်းဒဏ်ရာရပြီးနောက် ဖမ်းမိသူများနှင့် ထွက်ပြေးလာသူများကိုလည်း ကောင်းမွန်စွာ ဆေးကုသမှုပေးနေသည်ဟု စစ်ဆင်ရေးမှူးက ပြောသည်။

အောင်ဇေယျစစ်ကြောင်းမှာ လက်ရှိတွင် တော်လှန်ရေးပူးပေါင်းတပ်များ၏ ပိတ်ဆို့ဖြတ်တောက်မှုခံနေရ၍ ရှေ့မတိုးနိုင်ဘဲ လက်နက်ကြီးများဖြင့်သာ နေ့စဉ်ပစ်ခတ်မှုသာပြုလုပ်နေသည်ဟု စစ်ဆင်ရေးမှူးက ပြောသည်။

တော်လှန်ရေးစစ်ကြောင်းပူးပေါင်းတပ်က ပိတ်ဆို့ဖြတ်တောက်ထားသော အောင်ဇေယျစစ်ကြောင်းအား စစ်ကူလာသည့်တပ်များကိုလည်း ထပ်မံဖြတ်တောက်တိုက်ခိုက်ရာ စစ်ကောင်စီ၏စစ်ကူတပ်များမှာ မကယ်ထုတ်နိုင်ဘဲ အသေအပျောက်အများအပြားဖြင့်သာ ကြုံနေရသည်ဟု ဆိုသည်။

တစ်လနီးပါးကြာအထိ စစ်ကောင်စီတပ်စစ်ကူများက ကယ်ထုတ်ရန်လုပ်ဆောင်ရာ မကယ်ထုတ်နိုင်ဘဲ လှန်ကျနေသည်ဟု စစ်ဆင်ရေးမှူးက ပြောသည်။

ပြီးခဲ့သည့်ဧပြီက KNLA)၊ကော်ဘရာ၊ PDFနှင့် ပူးပေါင်းစစ်ကြောင်းမျm;က မြဝတီမြို့ရှိ သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နှင့် မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အဆိုပါနေရာများကို ပြန်လည်ထိန်းချုပ်မည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး” ဟုအမည်​ပေး၍ တပ်မ(၅၅)ဦးဆောင်သော အင်အား ၁,၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၉ရက်မှစ၍ ဖားအံနှင့် ​မော်လမြိုင်ဘက်မှ ချီတက်လာခဲ့သည်။

လေးရက်ဖြင့် မြဝတီမြို့အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ရှစ်လကျော်ကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေခြင်းဖြစ်သည်။

အောင်ဇေယျစစ်ကြောင်းအား လက်နက်ကြီးပစ်ကူပေးနေသော မြဝတီမြို့အနီးရှိ စွယ်တော်ကုန်းဗျူဟာအမြှောက်တပ်စခန်းကိုလည်း ကော်ဘရာပူးပေါင်းတပ်က အောက်တိုဘာ ၁၇ရက်တွင် သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်ရှိ စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း​အား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ လက်နက်ခဲယမ်းအများအပြားသိမ်းရကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

သတင်း

ကော်ဘရာစစ်ကြောင်း၏ တာဝန်ရှိသူက ပြီးခဲ့သည့် သုံးလခန့်အတွင်း အောင်ဇေယျစစ်ကြောင်းမှ လက်နက်နှင့်အတူ အလင်းဝင်လာသူများနှင့် ဖမ်းမိစစ်သုံ့ပန်း ၃၀ခန့်ရှိသည်ဟု ပြောသည်။

သတင်း

ပြီးခဲ့သည့် သုံးလခန့်အတွင်း အောင်ဇေယျစစ်ကြောင်းမှ လက်နက်နှင့်အတူ အလင်းဝင်လာသူများနှင့် ဖမ်းမိစစ်သုံ့ပန်း ၃၀ခန့်ရှိကြောင်း ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

တစ်လနီးပါးကြာအထိ စစ်ကောင်စီတပ်စစ်ကူများက ကယ်ထုတ်ရန်လုပ်ဆောင်ရာ မကယ်ထုတ်နိုင်ဘဲ လှန်ကျနေသည်ဟု စစ်ဆင်ရေးမှူးက ပြောသည်။