Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့တောင်ဘက်ခြမ်းဆီ စစ်ကောင်စီတပ် စစ်ဦးတည်နေ

ထိုင်း – မြန်မာ ကုန်သွယ်ရေးအာရှလမ်းမကြီးမှာစစ်ရေးအရ အရေးပါတဲ့ သင်္ဃန်းညီနောင်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်သွားတဲ့ စစ်ကောင်စီတပ်ဟာ လက်လွှတ်ဆုံးရှုံးထားရတဲ့တပ်စခန်းတွေရှိရာမြဝတီမြို့တောင်ဘက်ခြမ်းဆီ စစ်ကြောင်းထိုးဖို့ စုဖွဲ့ ပြင်ဆင်မှု ပြုလုပ်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

ဓာတ်ပုံ - Google Earth

စက်တင်ဘာ – ၈ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring

ထိုင်း – မြန်မာ ကုန်သွယ်ရေးအာရှလမ်းမကြီးမှာစစ်ရေးအရ အရေးပါတဲ့ သင်္ဃန်းညီနောင်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်သွားတဲ့ စစ်ကောင်စီတပ်ဟာ လက်လွှတ်ဆုံးရှုံးထားရတဲ့တပ်စခန်းတွေရှိရာမြဝတီမြို့တောင်ဘက်ခြမ်းဆီ စစ်ကြောင်းထိုးဖို့ စုဖွဲ့ ပြင်ဆင်မှု ပြုလုပ်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့အောင်ဇေယျစစ်ကြောင်းဟာမြဝတီမြို့တောင်ဘက် ရှိ လေးကေ့ကော်၊ မယ်ဝါးခီး ၊ ပဟီးကလော် ၊လက်ခတ်တောင် စခန်းကုန်းနေရာတွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ပြင်ဆင်နေတာလို့အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

မြေပြင်ခြေလျင်တပ်နဲ့ စစ်ကြောင်းမထိုးခင် မနေ့ စက်တင်ဘာ ၇ ရက်ညနေပိုင်းမှာ လက်ခတ်တောင်ခြေကိုလက်နက်ကြီးနဲ့ပစ်ခတ်လာသလို ဒီနေ့ (စက်တင်ဘာ ၈ ရက် )မနက် ၈ နာရီဝန်းကျင်မှာရသေ့ဂူရွာကို ဗုံးကြဲလာတာရှိတယ်လို့ သတင်းရင်းမြစ်က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

မြဝတီမြို့စစ်ရေးသတင်းရင်းမြစ်ကလည်း “(ဗုံးကြဲတာက)ရသေ့ဂူနဲ့ လေးကေ့ကော်ကြားထဲမှာ၊ထိခိုက်မှုတော့မရှိဘူး” လို့ ပြောပါတယ်။

Google Map ရဲ့ အကွာအဝေးပြသချက်အရ ရသေ့ဂူရွာဟာ လေးကေ့ကော်မြို့သစ် နဲ့ ဆိုရင် ၃ မိုင်ခန့်သာဝေးပါတယ်။

စစ်ကောင်စီတပ်ဟာလေးကေ့ကော်ဝန်းကျင်တဝိုက်ကို လက်နက်ကြီး၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေရှိလာပြီးနောက်မြေပြင်ကနေ စစ်ကြောင်းထိုးလာမှာစိုးရိမ်တာကြောင့် ဒေသခံတွေဘေးလွတ်ရာဆီ စတင်တိမ်းရှောင်နေကြပြီလို့သိရပါတယ်။

အဲဒီလို စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေအတွက် လတ်တလောမှာ စားနပ်ရိက္ခာ၊ သောက်ရေနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေကအသိပေးပါတယ်။

လက်ရှိမှာစစ်ကောင်စီ ရဲ့အောင်ဇေယျစစ်ကြောင်းဟာမြဝတီမြို့အနီးကမယ်ထော်သလေး၊ မဲကနယ်ကျေးရွာတွေဘက်ကို ရောက်ရှိလာနေပြီး အဲ့ဒီတဆင့် လက်ခတ်တောင်ခြေ နဲ့ လေးကေကော်မြို့သစ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်ဖို့ ပြင်ဆင်နေတာလို့ မြဝတီမြို့ခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၆ ရက် က သင်္ဃန်းညီနောင်တပ်နယ်တစ်ခုလုံးကို ပြန်လည်ရရှိပြီးနောက် အာရှလမ်းမကြီးကို ထိန်းချုပ်နိုင်သွားပြီလို့ ကြေညာခဲ့ပါတယ်။

သင်္ဃန်းညီနောင်တပ်နယ်ဟာ မြဝတီမြို့ရဲ့ ဝင်ပေါက် ဖြစ်ပြီး တိုက်ခိုက်ရေး ခြေမြန်တပ်ရင်း သုံးရင်းနဲ့ အခြေချစစ်ဗျုဟာတစ်ခုကို စစ်ကောင်စီတပ်က တပ်တည်ထားတာပါ။

မြဝတီမှာတော့ မြို့စောင့်တပ်ဖြစ်တဲ့ အမှတ် (၂၇၅) ခြေမြန်တပ်ရင်းရှိပါတယ်။

သင်္ဃန်းညီနောင်ကိုသိမ်းပြီးနောက်မှာစစ်ကောင်စီတပ်ရဲ့စစ်ဦးဟာမြဝတီမြို့တောင်ဘက်မှာ လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေဘက်ဆီဦးတည်လာတာပါ။

မြဝတီမြို့တောင်ဘက်ထိုင်း – မြန်မာ နယ်စပ်တလျောက်ကတပ်စခန်းအများစုကို KNU နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တိုက်ခိုက်သိမ်းယူရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်းစွန့်ပြီး နယ်စပ်မျည်းကို ဖြတ်ကာ ထိုင်းဘက်ခြမ်းထဲ ဝင်ပြေးခဲ့ကြရတာပါ။

ဆက်စပ်သတင်းများ

သတင်း

မြဝတီမြို့ပေါ်မှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ မလိုအပ်ဘဲလက်နက်ကိုင်ဆောင်တာမလုပ်ဖို့ တားမြစ်ချက် အပါအဝင် စည်းကမ်းချက် ရှစ်ချက်ကို အာဏာသိမ်းစစ်တပ် က ထုတ်ပြန် တင်းကျပ်လိုက်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် မြို့အတွင်းရှိနေတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအနေနဲ့ မလိုအပ်ဘဲ လက်နက်ကိုင်ဆောင်ခြင်း မပြုဖို့ စစ်တပ်က ကန့်သတ်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ မြ၀တီမြို့တောင်ဘက်က ရသေ့ဂူရွာနဲ့ ဖလူးလေးကျေးရွာကြားမှာ မနေ့ (ဒီဇင်ဘာ ၁၉) ကရင်နှစ်သစ်ကူးနေ့က စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတဲ့အတွက် KNU ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တယ် လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြန်မာဖက်ခြမ်းက အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေ အခြေစိုက်ရာ KK Park အထူးစီးပွားရေး ဇုန်ကနေ ထွက်ပြေးလာသူတွေကြောင့် နယ်စပ်ကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။