Connect with us

Hi, what are you looking for?

သတင်း

တောင်သာတွင် စစ်ကောင်စီက အင်ဂျင်တပ်လေထီးအသုံးပြု ဗုံးကြဲတိုက်ခိုက်၍ ပြည်သူတစ်ဦးသေဆုံး၊ နေအိမ်အချို့ မီးလောင်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကောင်စီက အင်ဂျင်တပ်လေထီးအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်၍ ဒေသခံပြည်သူတစ်ဦးသေဆုံးကြောင်း ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

အင်ဂျင်တပ်လေထီးအသုံးပြု၍ စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ယနေ့ နံနက်ပိုင်းက သေဆုံးခဲ့သောရွှေစည်ကြီးရွာမှ ပြည်သူတစ်ဦးကို တွေ့ရစဥ်။ ဓာတ်ပုံ - ရွှေညာမြေ

ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကောင်စီက အင်ဂျင်တပ်လေထီးအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်၍ ဒေသခံပြည်သူတစ်ဦးသေဆုံးကြောင်း ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

ယနေ့ (ဇန်နဝါရီ ၅ရက်) နံနက် ၄နာရီခွဲခန့်က မိတ္ထီလာမြို့မှ တက်လာသော အင်ဂျင်တပ်လေ ထီး သုံးစီးသည် တောင်သာမြို့နယ်၊ ရွှေစည်ကြီး(ရုံးစဉ်လေး)ကျေးရွာသို့ ဗုံးသီးများချတိုက်ခိုက်ရာ ၄လုံးပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပေါက်ကွဲမှုကြောင့် အသက်(၅၀)အရွယ် မမြင့် သန်းသည် ဦးခေါင်းဗုံးစထိမှန် သေဆုံးပြီး (၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ ထို့အပြင် နွား ၂ကောင် သေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“နေအိမ်တချို့ပျက်စီးမီးလောင်တာလည်းရှိတယ်။ကျန်တဲ့ ဗုံးသီးတွေက ရွာတောင်ဘက် ထဲကျလို့ ဒီထက်ပို ထိခိုက်မှုမရှိခဲ့တာ”ဟု တောင်သာမြို့နေ ပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် အင်ဂျင်တပ်လေထီးများအသုံးပြုပြီး တတိယအကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဟု လူထုလှုပ်ရှားမှု့ကော်မတီတောင်သာက အသိပေးထားသည်။

အင်ဂျင်တပ်လေထီး Paramotorသည် အသံအားဖြင့် ပြင်းထန်ကျယ်လောင်စွာကြားရသည့် ပစ္စည်းကိရိယာဖြစ်ပြီး ပြည်သူများအနေဖြင့် ကြိုတင်ရှောင်နိုင်သည့် အချိန်အကန့်အသတ်ရှိသည့်အတွက် အထူးဂရုစိုက်နေထိုင်ရန်လည်း တိုက်တွန်းထားသည်။

အင်ဂျင်တပ်လေထီးအသုံးပြု၍ စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးနေသည့် နေအိမ်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ – ရွှေညာမြေ

စစ်ကောင်စီတပ်သည် တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာ စာသင်ကျောင်းကို ဒီဇင်ဘာ ၂၅ ရက်က Paraglider အင်ဂျင်တပ်လေထီး တစ်စီးအသုံးပြု၍ ဗုံးချတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

အင်ဂျင်တပ်လေထီးများနှင့်ပတ်သက်၍ လေကြောင်းသတင်းများ ကင်းထောက်ဖော်ပြနေသည့် Enemy Air Route Channelနှင့်

Nation Wide Air Scout-NAS တို့က ဖော်ပြထားရာ အဆိုပါလေထီးများသည် ကင်းထောက်ခြင်းအဖြစ် သုံးလေ့ရှိသော်လည်း စစ်ကောင်စီက တိုက်ခိုက်ရေးအတွက်ပါ အသုံးပြုလာခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါ အင်ဂျင်တပ်လေထီးကို လေငြိမ်သောအချိန် ဆောင်းတွင်းနှင့် နွေရာသီ၌ အသုံးပြုနိုင်ပြီး လေသူရဲတစ်ဦးသို့မဟုတ်နှစ်ဦး လိုက်ပါနိုင်ကြောင်း၊ အားနည်းချက်မှာ အရှိန်နှေးခြင်း၊ မြင်သာလွယ်ခြင်း၊ အကွာအဝေးအနည်းငယ်သာ သွားနိုင်ခြင်း၊ ပျံသန်းမှုနိမ့်ခြင်း၊ အလေးချိန်ပမာဏများစွာ တင်ဆောင်နိုင်မှု မရှိခြင်း စသည့် အားနည်းချက်များ ရှိသည်ဟု သိရသည်။

မန္တလေးတိုင်းအတွင်းရှိ တောင်သာနှင့် မြင်းခြံမြို့နယ်တို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား စစ်ရေးတင်းမာနေသည့်အတွက် မြင်းခြံ-တောင်သာ ကားလမ်းပိုင်းကို ဒီဇင်ဘာ ၂၈ရက်ကစ၍ မြင်းခြံခရိုင်အမှတ်(၃) တပ်ရင်းက သွားလာခွင့်ကန့်သတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး မြို့ပြန်ရရေး စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်နေကြောင်း အဆိုပါ စစ်မြေပြင်ရှိ ရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ဒီပဲယင်းမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို Y-12 လေယာဉ်ဖြင့် ​လေထီးအသုံးပြု၍ ရိက္ခာအထုပ်တစ်ရာနီးပါး လာချခဲ့ရာ ရိက္ခာထုပ်အချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများက ရရှိခဲ့သည်။

သတင်း

“ရင်းထားရတဲ့ အသက်တွေလည်း အများကြီး ပြန်ပေးစရာတော့ မရှိပါဘူး”

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ထပ်လေကြောင်းပျံသန်းမှုများရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။