Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ယူနီဖောင်းနဲ့သွားလာနေတဲ့ ပျုစောထီးအဖွဲ့ဝင် ပစ်သတ်ခံရ

မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ဝင်တစ်ဦး ယူနီဖောင်းဝတ်ပြီး ဆိုင်ကယ်စီးလာချိန် ဇန်နဝါရီလ ၅ ရက် ကပစ်ခတ်ခံရတာကြောင့်သေဆုံးသွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ဝင်တစ်ဦး ယူနီဖောင်းဝတ်ပြီး ဆိုင်ကယ်စီးလာချိန် ဇန်နဝါရီလ ၅ ရက် ကပစ်ခတ်ခံရတာကြောင့်သေဆုံးသွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

စစ်တပ်လက်ဝေခံ ပျုစောထီးအဖွဲ့ လို့ လူသိများတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ဟာ ယူနီဖောင်းနဲ့သွားလာချိန် ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းသာယာရပ်ကွက်၊မြင်စိုင်းလမ်းမှာ ဇန်နဝါရီ ၅ရက် နေ့ခင်း ၁နာရီက ပစ်ခတ်ခံရတာပါ။

ပစ်ခတ်ခံရလို့ သေဆုံးသွားသူကတော့ အသက် ၅၉နှစ်အရွယ် ဦးစိန်သန်းဖြစ် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ခံရမှုကြောင့်နေရာမှာတင်သေဆုံးသွားတာပါ။ပစ်ခတ်ခံရပြီးနောက် တွေ့မြင်ရတဲ့ ဓာတ်ပုံအရ ပြောက်ကျားဘောင်းဘီရှည်နဲ့ စစ်စွပ်ကျယ် ဝတ်ဆင်ထားတာကိုတွေ့ရပါတယ်။

ပြည်သူ့စစ်ယူနီဖောင်းဖြစ်တဲ့ ပြောက်ကျား ဘောင်းဘီကို ဝတ်ဆင်ပြီး ဆိုင်ကယ်မောင်းနေချိန် ဆိုင်ကယ်နဲ့လိုက်လာတဲ့ အမျိုးသားနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်သွားတာလို့ သိရပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာ လည်း မန္တလေးမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတယ်လို့ ဖော်ပြနေကြပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးမှာ စစ်ကောင်စီက ပြည်သူ့စစ်ခေါ် ပျုစောထီးတွေကို စစ်သင်တန်းပေးပြီး လက်နက် တပ်ဆင်ထားပါတယ်။

အဲဒီပြည်သူ့စစ်တွေကို မြို့တွင်းမှာ လုံခြုံရေးချတာ ၊ ကင်းပတ်တာတွေ မှာအသုံးပြုတာအပြင် မန္တလေး PDF နဲ့တိုက်ပွဲတွေဖြစ်နေတဲ့ မတ္တရာနယ် တိုက်ပွဲတွေမှာ ဝင်တိုက်စေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

သတင်း

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်က နောင်းမီရွာဒေသခံ ၄ဦးကို စစ်တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အဲဒီအဖွဲ့က ဝန်ခံခဲ့ပေမဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်ပေးအပ်တာမရှိဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွားလမ်း လီဒိုလမ်းမတလျှောက်ရှိ ကျေးရွာအချို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာတွေမလုပ်ဖို့ စစ်တပ်လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ခြိမ်းခြောက်တားမြစ်ထားတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Facebook