Connect with us

Hi, what are you looking for?

သတင်း

တရုတ်သရုပ်ဆောင်တဦး ထိုင်း-မြန်မာ နယ်စပ်မှာပျောက်ဆုံးနေမှု ကျားဖြန့်ဂိုဏ်းတွေနဲ့ ဆက်စပ်ဖွယ်ရှိနေ

တရုတ်နိုင်ငံက သရုပ်ဆောင် တစ်ဦး ထိုင်း-မြန်မာ နယ်စပ်နားမှာ ပျောက်ဆုံးသွားခြင်းဟာ နယ်စပ် အခြေစိုက် အွန်လိုင်း ငွေလိမ်ဂိုဏ်း၊ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်နိုင်ခြေတွေ ရှိနေတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံက သရုပ်ဆောင် တစ်ဦး ထိုင်း-မြန်မာ နယ်စပ်နားမှာ ပျောက်ဆုံးသွားခြင်းဟာ နယ်စပ် အခြေစိုက် အွန်လိုင်း ငွေလိမ်ဂိုဏ်း၊ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်နိုင်ခြေတွေ ရှိနေတယ်လို့ သိရပါတယ်။

သရုပ်ဆောင် ဝမ်ကျင်ဟာ ထိုင်း-မြန်မာ နယ်စပ်နားမှာ အကြောင်းရင်း တိတိကျကျ မသိရဘဲ ပျောက်ဆုံးနေခဲ့တယ်လို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အခြေစိုက်တဲ့ တရုတ် ကောင်စစ်ဝန်ရုံးက ဇန်နဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဝမ်ရဲ့ ဘေးကင်း လုံခြုံရေးကို ဦးစားပေး စဉ်းစား ဆောင်ရွက်နေကြောင်း၊ တစ်ချိန်တည်းမှာပဲ ဝမ်ရဲ့ မိသားစုရော၊ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ပါ စဉ်ဆက်မပြတ် အဆက်အသွယ်တွေ လုပ်ဆောင်နေကြောင်း ကောင်စစ်ဝန်ရုံးက ဆိုပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးကလည်း နယ်စပ် အရာရှိတွေနဲ့ အဆက်အသွယ်လုပ်ပြီး အခုဖြစ်စဉ်အပေါ် အရေးပေါ် စုံစမ်းစစ်ဆေးမှုတွေ စတင်ပေးဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တရုတ်လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Weiboမှာ ဝမ်ရဲ့ချစ်သူကဝမ်ပျောက်ဆုံးနေတဲ့ ကိစ္စကို စတင် ဖော်ပြခဲ့ပြီး လူထုကြားပျံ့နှံ့သွားခဲ့ပါတယ်။သူ့ရဲ့ အဆိုအရ ဝမ်ဟာ တရုတ်နိုင်ငံရဲ့ ရှန်ဟိုင်းကနေ ထိုင်းနိုင်ငံ ဘန်

ကောက်မြို့တော်ဆီ ဇန်နဝါရီ ၃ ရက်တုန်းက သွားရောက်ခဲ့ကြောင်း၊ အဲဒီနောက် ရုပ်ရှင် ထုတ်လုပ်ရေး အဖွဲ့က ငှားရမ်းပေးတဲ့ ပို့ဆောင်ရေး ဝန်ဆောင်မှု တစ်ခုနဲ့အတူ မဲဆောက်ကို ခရီးဆက်ခဲ့ကြောင်း၊ အဲဒီနောက် ဝမ်ဆီကနေ အကူ

အညီ တောင်းခံကြောင်း အချက်ပြမှု တစ်ခုကို ရရှိခဲ့ပြီး တောက်လျှောက် အဆက်အသွယ် ပြတ်သွားခဲ့ကြောင်း သိရပါတယ်။

သူရောဝမ်ရဲ့အစ်ကိုကပါလွန်ခဲ့တဲ့သုံးရက်အတွင်း မျိုးစုံ သတင်းစုံစမ်းခဲ့ပေမယ့် တိုးတက်မှု မရှိသလောက် ဖြစ်နေခဲ့တယ်လို့လည်း အမျိုးသမီးက ဖွင့်ဟထားပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အခုဖြစ်စဉ်ကို သိရှိထားကြောင်း အတည်ပြုခဲ့ပြီး ဝမ်ကို ရှာဖွေဖို့ ထိုင်းအာဏာပိုင်တွေနဲ့ အစွမ်းကုန် ပူးပေါင်း လုပ်

ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဝမ်ဟာ Fox Spirit Matchmaker: Red-Moon Pact နဲ့ Under the Skin တို့လို ရုပ်မြင်သံကြား စီးရီးတွေမှာ လူသိများခဲ့သူ ဖြစ်ပါတယ်။ သူပျောက်ဆုံးနေခြင်းက တရုတ်ရဲ့ အနုပညာရှင်တွေ ကြားထဲမှာလည်း ဂယက်ရိုက်ခတ်ခဲ့ပြီး ဝမ်ကို ကူရှာပေးကြဖို့ သရုပ်ဆောင် အများအပြားက လူမှုကွန်ရက်ကနေ စိုးရိမ်တကြီး အကူအညီ တောင်းခံနေပါတယ်။

ဝမ်ရဲ့ ကံကြမ္မာကို တိတိကျကျ မသိရသေးပေမယ့် နယ်စပ်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ ကျားဖြန့် ဒုစရိုက်ဂိုဏ်း ကွန်ရက်တွေနဲ့ ဆက်စပ်မှု ရှိနိုင်ကြောင်း ခန့်မှန်းမှုတွေလည်းထွက်ပေါ်နေပါတယ်။ ဝမ်ရဲ့ နောက်ဆုံး တည်နေရာကို ထောက်လှမ်းမိခဲ့တဲ့ မဲဆောက်မြို့ဟာ ကျားဖြန့် လုပ်ငန်းတွေ အ

များအပြား တည်ရှိနေရာ မြန်မာဖက်ခြမ်း မြဝတီ မြို့နယ်နဲ့ ဆက်စပ် တည်ရှိပါတယ်။ လက်ရှိအချိန်မှာတော့ အာဏာပိုင်တွေဟာ ဝမ်နဲ့ ပတ်သက်လို့ စုံစမ်းမှုတွေကို အပူတပြင်း ဆက်လက် လုပ်

ဆောင်နေပါတယ်။

ကိုးကား: Global Times

ဆက်စပ်သတင်းများ

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အွန်လိုင်းငွေကြေးလိိမ်လည်မှု (ကျားဖြန့်)တွေမှာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ပါဝင်ပတ်သက်မှုမရှိစေချင်ဘူးလို့ အာဏာ သိမ်းစစ်တပ်ကသတိပေးပြောဆိုခဲ့ပြီးနှစ်ပတ်အကြာမှာပဲ DKBA က မြ၀တီမြို့တောင်ဘက်၊ထိုင်း-မြန်မာနယ်စပ်၊ ကျောက်ခက်ရွာမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နေရာရွှေ့ပြောင်းလိုက်တယ်လို့ DKBA ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးနဲ့ ကရင်သတင်းရင်းမြစ်က အတည်ပြုပါတယ်။