Connect with us

Hi, what are you looking for?

သတင်း

မံစီမြို့ရှိ စစ်ကောင်စီလက်ကျန်တပ်ရင်းများကို KIAသိမ်းပိုက်ပြီး မြို့နယ်တစ်ခုလုံး ထိန်းချုပ်

မံစီနှင့် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIAက ဒီဇင်ဘာ ၄ရက်တွင် စတင်၍ တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ရာ တစ်လကျော်အကြာတွင် မံစီကို အပြီးသတ်သိမ်းနိုင်သည့် အခြေအနေဖြစ်သည်ဟု ဆိုသည်။

(မံစီမြို့သိမ်းတိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KIAရဲဘော်များ။ ဓာတ်ပုံ - File)
(မံစီမြို့သိမ်းတိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KIAရဲဘော်များ။ ဓာတ်ပုံ - File)

■ဗန်းမော်မြို့ ရပ်ကွက်အချို့ကို KIA နေရာဝင်ယူထားပြီး ပင်မတပ်ရင်းဌာနချုပ်များကို စောင့်ကြည့်နေဟု ဗိုလ်မှူးကြီးနော်ဘူ ပြော

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်ရင်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ (ဇန်နဝါရီ ၈ရက်) နံနက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောကြားပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း မံစီရှိ တပ်ရင်းများ သိမ်းပိုက်နိုင်မှုသတင်းများ လူမှုကွန်ရက်၌ တွေ့ရကြောင်း ပြောသည်။

မံစီနှင့် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIAက ဒီဇင်ဘာ ၄ရက်တွင် စတင်၍ တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ရာ တစ်လကျော်အကြာတွင် မံစီကို အပြီးသတ်သိမ်းနိုင်သည့် အခြေအနေဖြစ်သည်ဟု ဆိုသည်။

(မံစီမြို့သိမ်းတိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KIAရဲဘော်များ။ ဓာတ်ပုံ - File)
(မံစီမြို့သိမ်းတိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KIAရဲဘော်များ။ ဓာတ်ပုံ – File)

“မံစီမှာရှိတဲ့ နောက်ဆုံးလက်ကျန် ခမရ(၆၀၁)၊ ၃၁၉ရယ် ပြီးတော့ အမြောက်တပ်(၃၅၂) အကုန်လုံးရပြီနော်။ ၁၀နာရီမိနစ် ၂၀မှာ အကုန်လုံးအပြီးသတ်သိမ်းလိုက်ပြီ။ မံစီ မြို့နယ်တစ်ခုလုံး စခကင်းစင်သွားပြီ။”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

(မံစီမြို့သိမ်းတိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KIAရဲဘော်များ။ ဓာတ်ပုံ - File)
(မံစီမြို့သိမ်းတိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KIAရဲဘော်များ။ ဓာတ်ပုံ – File)

အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “တပ်စခန်းဝင်းထဲတော့ ရှင်းလင်းရေးတွေလုပ်နေတယ်လို့တော့ ကနဦး သတင်းရရှိထားပါတယ်။၃၁၉တော့ စခန်းထဲမှာ လက်ကျန်အနည်းငယ် ရှင်းဖို့ ကျန်သေးတယ်လို့တော့ ကြားတယ်။”ဟု ပြောသည်။

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗန်းမော်နှင့် မံစီမြို့၌ တိုက်ပွဲဆက်ရှိနေပြီး မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းအချို့ သိမ်းရသည့် သတင်းများ လူမှုကွန်ရက်၌ တွေ့ရသည်ဟု ပြောသည်။

“ မံစီဘက်မှာလည်း တိုက်ပွဲကတော့ ဆက်ဖြစ်နေပါတယ်။အခု ဆိုရှယ်မီဒီယာမှာကတော့ မံစီဘက်က ၃၁၉ တို့ ၆၀၁ တို့ အဲဒါသိမ်းလို့ရပြီလို့ ပြောကြတယ်။ ဒါပေမဲ့ တရားဝင်ကွန်ဖမ်းကတော့ မဖြစ်သေးပါဘူး။ ကျနော်တို့ ကြားတာက အဲဒီလောက်ပဲဖြစ်ပါတယ်။ ဗန်းမော်မြို့ဘက်ခြမ်းကတော့ ကျနော်တို့ KIA တပ်ပေါင်းစုတွေလည်း ပင်မစခန်းတွေအနီးကပ်စောင့်ကြည့်နေတဲ့ အနေအထားတော့ရှိပါတယ်။ မြို့ ရပ်ကွက်တချို့တွေမှာလည်း ကျနော်တို့တွေဝင်နိုင်တဲ့အဆင့်တော့ရှိပါတယ်။ ဒါပေမဲ့ ဘယ်ရပ်ကွက်မှာ ဘယ်လောက်ထိ ဘယ်လိုဆိုတဲ့ အသေးစိတ် မြေပြင်အခြေအနေကိုတော့ကျနော်တို့မကြားရသေးပါဘူး။” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခြင်း၊ ပြုန်းတီးနေသည့် စစ်အင်အားများဖြည့်တင်းရန် လူသစ်စုဆောင်းခြင်း အပါအဝင် စစ်ကောင်စီကြောင့် ပြည်သူများ နည်းမျိုးစုံစိတ်ဒုက္ခကြုံနေရ၍ တော်လှန်ရေးကို မီးကုန်ယမ်းကုန်အားဖြည့်လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ဆောင်းပါး

"အဲ့ဒါ အဲ့ဒါ ကျတော့်သမီးလေး။ သူ အသက်ရှိနေအုံးမှာ။ ကျတော်ကိုယ်တိုင် ဆွဲထုတ်ပါရစေဗျာ"

သတင်း

ဇန်နဝါရီ ၁၄ ရက်တွင်လည်းမ​ပေါက်ကွဲ​သေး​သော​ပေါင် ၅၀၀ ဗုံး​တွေ့

Infographics

အာဏာသိမ်းစစ်ကောင်စီတပ်က ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီလပထမနှစ်ပတ်အတွင်း ပြည်နယ် ၅ခုနှင့် တိုင်း ၅တိုင်းကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူအနည်းဆုံး ၉၀ သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

Facebook