Connect with us

Hi, what are you looking for?

သတင်း

မံစီမြို့ရှိ စစ်ကောင်စီလက်ကျန်တပ်ရင်းများကို KIAသိမ်းပိုက်ပြီး မြို့နယ်တစ်ခုလုံး ထိန်းချုပ်

မံစီနှင့် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIAက ဒီဇင်ဘာ ၄ရက်တွင် စတင်၍ တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ရာ တစ်လကျော်အကြာတွင် မံစီကို အပြီးသတ်သိမ်းနိုင်သည့် အခြေအနေဖြစ်သည်ဟု ဆိုသည်။

(မံစီမြို့သိမ်းတိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KIAရဲဘော်များ။ ဓာတ်ပုံ - File)
(မံစီမြို့သိမ်းတိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KIAရဲဘော်များ။ ဓာတ်ပုံ - File)

■ဗန်းမော်မြို့ ရပ်ကွက်အချို့ကို KIA နေရာဝင်ယူထားပြီး ပင်မတပ်ရင်းဌာနချုပ်များကို စောင့်ကြည့်နေဟု ဗိုလ်မှူးကြီးနော်ဘူ ပြော

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်ရင်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ (ဇန်နဝါရီ ၈ရက်) နံနက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောကြားပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း မံစီရှိ တပ်ရင်းများ သိမ်းပိုက်နိုင်မှုသတင်းများ လူမှုကွန်ရက်၌ တွေ့ရကြောင်း ပြောသည်။

မံစီနှင့် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIAက ဒီဇင်ဘာ ၄ရက်တွင် စတင်၍ တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ရာ တစ်လကျော်အကြာတွင် မံစီကို အပြီးသတ်သိမ်းနိုင်သည့် အခြေအနေဖြစ်သည်ဟု ဆိုသည်။

(မံစီမြို့သိမ်းတိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KIAရဲဘော်များ။ ဓာတ်ပုံ - File)
(မံစီမြို့သိမ်းတိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KIAရဲဘော်များ။ ဓာတ်ပုံ – File)

“မံစီမှာရှိတဲ့ နောက်ဆုံးလက်ကျန် ခမရ(၆၀၁)၊ ၃၁၉ရယ် ပြီးတော့ အမြောက်တပ်(၃၅၂) အကုန်လုံးရပြီနော်။ ၁၀နာရီမိနစ် ၂၀မှာ အကုန်လုံးအပြီးသတ်သိမ်းလိုက်ပြီ။ မံစီ မြို့နယ်တစ်ခုလုံး စခကင်းစင်သွားပြီ။”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

(မံစီမြို့သိမ်းတိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KIAရဲဘော်များ။ ဓာတ်ပုံ - File)
(မံစီမြို့သိမ်းတိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KIAရဲဘော်များ။ ဓာတ်ပုံ – File)

အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “တပ်စခန်းဝင်းထဲတော့ ရှင်းလင်းရေးတွေလုပ်နေတယ်လို့တော့ ကနဦး သတင်းရရှိထားပါတယ်။၃၁၉တော့ စခန်းထဲမှာ လက်ကျန်အနည်းငယ် ရှင်းဖို့ ကျန်သေးတယ်လို့တော့ ကြားတယ်။”ဟု ပြောသည်။

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗန်းမော်နှင့် မံစီမြို့၌ တိုက်ပွဲဆက်ရှိနေပြီး မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းအချို့ သိမ်းရသည့် သတင်းများ လူမှုကွန်ရက်၌ တွေ့ရသည်ဟု ပြောသည်။

“ မံစီဘက်မှာလည်း တိုက်ပွဲကတော့ ဆက်ဖြစ်နေပါတယ်။အခု ဆိုရှယ်မီဒီယာမှာကတော့ မံစီဘက်က ၃၁၉ တို့ ၆၀၁ တို့ အဲဒါသိမ်းလို့ရပြီလို့ ပြောကြတယ်။ ဒါပေမဲ့ တရားဝင်ကွန်ဖမ်းကတော့ မဖြစ်သေးပါဘူး။ ကျနော်တို့ ကြားတာက အဲဒီလောက်ပဲဖြစ်ပါတယ်။ ဗန်းမော်မြို့ဘက်ခြမ်းကတော့ ကျနော်တို့ KIA တပ်ပေါင်းစုတွေလည်း ပင်မစခန်းတွေအနီးကပ်စောင့်ကြည့်နေတဲ့ အနေအထားတော့ရှိပါတယ်။ မြို့ ရပ်ကွက်တချို့တွေမှာလည်း ကျနော်တို့တွေဝင်နိုင်တဲ့အဆင့်တော့ရှိပါတယ်။ ဒါပေမဲ့ ဘယ်ရပ်ကွက်မှာ ဘယ်လောက်ထိ ဘယ်လိုဆိုတဲ့ အသေးစိတ် မြေပြင်အခြေအနေကိုတော့ကျနော်တို့မကြားရသေးပါဘူး။” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။