Connect with us

Hi, what are you looking for?

သတင်း

အမှတ်(၁)စစ်ဒေသရှိ စစ်သုံ့ပန်းများနှင့် တွေ့ဆုံခဲ့သည့် အဆိုတော်မိုင်းမိုင်ဆိုင်း

စစ်ကိုင်းတိုင်း၊ အမှတ်(၁)စစ်ဒေသမှ စစ်သုံ့ပန်းများအား သွားရောက်တွေ့ဆုံ၍ သီချင်းများဖျော်ဖြေပေးခဲ့ကြောင်း အဆိုတော် မိုင်းမိုင်ဆိုင်း က အသိပေးထားသည်။

ဆဏ်း/People’s Spring

စစ်ကိုင်းတိုင်း၊ အမှတ်(၁)စစ်ဒေသမှ စစ်သုံ့ပန်းများအား သွားရောက်တွေ့ဆုံ၍ သီချင်းများဖျော်ဖြေပေးခဲ့ကြောင်း အဆိုတော် မိုင်းမိုင်ဆိုင်း က အသိပေးထားသည်။

“ခံယူချက်တွေပြောင်းလဲဖို့တစ်သွေးတည်းတစ်သားစိတ်မွေးဖို့လူမဆန်တဲ့ စစ်တပ်က နေဘယ်လိုနည်း ဘယ်လိုပုံစံနဲ့ဒီဘက်ဘက်ရောက်လာလာ အမှန်ကို မြင်တတ်ပြီးလက်ခံတတ်ဖို့သိက္ခာမရှိတဲ့ တပ်ထဲသိက္ခာမရှိ တဲ့အလုပ် လူမဆန်တဲ့အလုပ်တွေ လုပ်ခဲ့ပြီးပြီကျန်ရှိတဲ့ ဘဝ သက်တမ်းကို တိုင်းပြည်အတွက် သိက္ခာရှိတဲ့ လူသားအဖြစ် မိဘတွေအတွက် သားကောင်းအဖြစ်မိသားစုအတွက်အဖေကောင်းအဖြစ် ဆက်လက်ရပ်တည်သွားဖို့ အားပေးဖြစ်အတူ သီဆိုဖျော်ဖြေဖြစ်ခဲ့ပါတယ်။” ဟု ဓာတ်ပုံများနှင့်အတူ မိုင်းမိုင်ဆိုင်း၏ ဖေ့စ်ဘွတ်ခ်၌ ဇန်နဝါရီ ၈ ရက်က တင်ထားသည်။

အလင်းဝင်သူများသည် ကိုယ့်အသိစိတ်နှင့် ဝင်ခြင်းဖြစ်ကာ သုံ့ပန်းများသည် မီးရှို့၊လူသတ်၊စစ်တိုက်ရာမှ ဖမ်းဆီးခံရခြင်းဖြစ်သော်လည်း တော်လှန်ဘက်တော်သားများအနေဖြင့် လူ့အခွင့်အရေး အပြည့်အဝနှင့် စစ်ဥပဒေအတိုင်း လိုက်နာဆောင်ရွက်သည်ကို သုံ့ပန်းအဖြစ် ဖမ်းဆီးထားသူများအား ကြည့်ရုံဖြင့် သိနိုင်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ကြည့်နော် ဝလို့ ဖီးလို့၊ ပြုံးလို့ ရွှင်လို့ ပျင်းရင် ဖတ်ဖို့ စာအုပ်တွေနဲ့၊ကိုရီးယား ဇာတ်လမ်းတွဲတွေ ပါပြပေးပြီးထားတာ၊ငါတို့ဘက်က လူပီသတယ် ၊တော်လှန်ရေးသမားကောင်းတွေပီသတယ်လူ့အခွင့်အရေးနားလည်ပေးတယ်၊စစ်ဥပဒေကိုလိုက်နာတယ်။နင်တို့ဘက်ကတော့ လူမဆန်ပုံများ ဒါတွေမြင်ပြီး လူစိတ်ဝင်တတ်ကြပါစေ”ဟု မိုင်းမိုင်ဆိုင်းက ရေးသားထားသည်။

မိုင်းမိုင်ဆိုင်းသည် အာဏာသိမ်းကာလစတင်သည့် အချိန်ကတည်းက ပြည်သူ့ဘက်တွင်ရပ်တည်ခဲ့သည့် အနုပညာရှင်တစ်ဦးဖြစ်ပြီး နေရာဒေသအသီးသီးမှ ရှေ့တန်းရဲဘော်များကို သွားရောက်ဖျော်ဖြေမှုများပြုလုပ်ပေးနေသူ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ ဦးခန့် ထွက်ပြေးသွားရာ ထက်ဝက်ခန့်က စစ်တပ်ထံ ပြန်လည်ရောက်ရှိသွားပြီး ၂၀ဦးခန့်ကို ပြန်ဖမ်းမိထားကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။