ရဲခေါင်/People’s Spring
စစ်ကိုင်းမြို့တွင် ပျူစောထီးခေါင်းဆောင် ရွှေကျားနှင့်အဖွဲ့အား တိုက်ခိုက်ရာ ရုပ်အလောင်း ၇ လောင်းနှင့် သေနတ် ၆လက် သိမ်းဆည်းရကြောင်း Acidတပ်ဖွဲ့မှ တာဝန်ရှိသူ ကိုနဂါးက လူထုနွေဦးသို့ ပြောသည်။
စစ်ကိုင်းမြို့ပေါ်တွင် ဖမ်းဆီးပေါ်တာဆွဲ၊လုယက်၊ ပြည်သူများအားခြိမ်းခြောက် ငွေညစ်တောင်းခံနေသော စစ်ကိုင်းမြို့ မိုးဇာရပ်ကွက် အုပ်ချုပ်ရေးမှူး ၊ပျူစောထီးခေါင်းဆောင် ရွှေကျား(ခ)ကျော်မျိုးထွန်းနှင့် အပေါင်းအပါများအား ဇန်နဝါရီ ၇ရက် ညနေ ၆နာရီတွင် မဟာမိတ် တပ်ပေါင်းစုမှ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ပျူစောထီးခေါင်းဆောင် ရွှေကျားနှင့် အပေါင်းပါများသည် စစ်ကိုင်းမြို့နယ် မင်းကွန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို အိမ်စီးကား ၂စီးဖြင့် ရိက္ခာများပို့ဆောင်ပေးပြီးအပြန် စစ်ကိုင်း-မင်းကွန်းလမ်းမကြီးပေါ် လက်ပံကျေးရွာအထွက် တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အသိပေး သည်။
“ပစ်ခတ်မှုဖြစ်ပွားတဲ့အချိန်မှာ ကားပေါ်မှာ ကလေးနှစ်ယောက်ပါလာတယ်။ကျွန်တော်တို့မသိခဲ့ဘူး။ပစ်ခတ်တာ ပြီးတဲ့အချိန်မှ ကားပေါ် ကလေးနှစ်ယောက်နဲ့ အတူ စကစအရှင်တစ်ယောက် ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ ကျွန်တော်တို့အနေနဲ့ ဘာမှအပြစ်မရှိတဲ့ ကလေးတွေကို လူသားချင်းစာနာစိတ် ရှိတဲ့အတွက်ကြောင့် ကလေးတွကိုမထိခိုက်စေချင်ဘူး။ အနာဂတ် တွေလည်းပျောက်မှာ စိုးရိမ်သည့်အတွက် ကလေးတွေ ကိုစောင့်ရှောက်ဖို့ စကစတစ်ယောက်လွှတ်ပေးလိုက်ပါတယ်ဗျ”ဟု ကိုနဂါးက ပြောသည်။
ထို့အပြင် လက်ပံကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နန်းဝင်းသန့်ကိုပါ ရှင်းလင်းနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက်နေတဲ့ စခ၊ ပျူတွေကို ကျနော်တို့ အချိန်မရွှေး နေရာမရွှေး အမြစ်ပျက်ချေးမှုန်းသွားပါမယ်”ဟု ကိုနဂါးက ပြောသည်။
ပစ်ခတ်မှုအတွင်း ရွှေကျားအပါဝင်ရန်သူအလောင်း ၇လောင်း၊ G-3 ၆လက်နှင့် အတူစပ်ဆက်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်းလည်း သိရသည်။
တိုက်ခိုက်မှုတွင် ACID – LDF ၊ ယူနီကွန်းပြောက် ကြားတပ်ဖွဲ့၊ ပြည်သူ့အစေခံတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး မဟာမိတ်တပ်ပေါင်းစုများ အထိခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။