Connect with us

Hi, what are you looking for?

သတင်း

လွိုင်လင်လေးမြို့နယ်တွင် စစ်တပ်​၏ လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ်နှစ်ဦး သေဆုံး၊ လသားအရွယ်ကလေးငယ် လက်ပြတ်

ကရင်နီပြည်နယ်၊ လွိုင်လင်လေးမြို့အခြေစိုက် စစ်ကောင်စီ​၏ ခမရ(၅၃၀)တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်မှုကြောင့် အသက် (၁၂)နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး သေဆုံးပြီး (၅)လသားအရွယ် ကလေးငယ်တစ်ဦး လက်ပြတ်သွားကြောင်း လွိုင်ကော်မြို့စစ်ဘေးရှောင်ကူညီနေသူအချို့က လူထုနွေဦးသို့ပြောသည်။

ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးထိခိုက်ခဲ့ရသည့် ကလေးငယ်တစ်ဦးကိုတွေ့ရစဥ်။ ဓာတ်ပုံ -ပေးပို့

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ လွိုင်လင်လေးမြို့အခြေစိုက် စစ်ကောင်စီ​၏ ခမရ(၅၃၀)တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်မှုကြောင့် အသက် (၁၂)နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး သေဆုံးပြီး (၅)လသားအရွယ် ကလေးငယ်တစ်ဦး လက်ပြတ်သွားကြောင်း လွိုင်ကော်မြို့စစ်ဘေးရှောင်ကူညီနေသူအချို့က လူထုနွေဦးသို့ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၉ရက်) နံနက် ၁၁နာရီခန့်က လွိုင်လင်လေးမြို့နယ် အိုင်စန့်ကျေးရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့ခြင်းဟု ဆိုသည်။

“ဗုံးသုံးလုံးကျတယ်။၁၂ နှစ်အရွယ် မိန်းကလေးနှစ်ဦးကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။လေးလသမီးလေးကတော့ ဘယ်လက်ပြတ်သွားတယ်။နောက်အမျိုး သမီးတစ်ယောက်က ရင်ဘက်မှာ အစ မှန်တာ”ဟု လွိုင်ကော်စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြော သည်။

Public Service Announcement

Public Service Announcement

အိုင်စန့်ကျေးရွာသည် လွိုင်လင်လေးမြို့၏ အနောက်ဘက်တွင်ရှိကာ လီဆူးတိုင်ရင်းသားတွေအများအစုနေထိုင်ပြီး နေအိမ် ၅၀ခန့်သာရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

တိုက်ပွဲ ဖြစ်ပွားသည့်နေရာမဟုတ်ဘဲ လူထုအပေါ်ပစ်မှတ်ထားသည့် စစ်​ကောင်စီ၏ တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့် စစ်ရာဇဝတ်မှုဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူးဦးဗညားက မှတ်ချက်ပြုသည်။

နှစ်သစ်ကူး ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းတွင်လည်း လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ တစ်နှစ်ကျော်အရွယ်ကလေးနှင့် ၎င်း၏ မိခင်အပါအဝင် သုံးဦးသေဆုံးခဲ့ရသည်။

ဖယ်ခုံ၊မိုးဗြဲမြို့အပါအဝင် ကရင်နီပြည်နယ်၌ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ်ကုန်အထိ သတ် ဒဖြတ်ခံရသည့် ပြည်သူ ၅၃၆ ဦးရှိပြီး စစ်ရှောင်စဥ်သေဆုံးသူ ၁၇၃ဦးရှိ ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ်တွေပျံသန်းပြီး ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့ကို စစ်တပ်က လူလှိုင်းသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအခြေစိုက်တော်လှန်ရေးတပ်တာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က နေရာတွေကို လုံခြုံရေးအရ တားမြစ်လိုက်ပြီး အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဒီကနေ့ ဇွန်လ ၃၀ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။