Connect with us

Hi, what are you looking for?

သတင်း

မံစီမြို့သိမ်းတိုက်ပွဲမှထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ KIA ပူးပေါင်းတပ်လိုက်လံတိုက်ခိုက်ရာ သေဆုံးမှုများပြား

ကချင်ပြည်နယ်၊ မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ရာ အများအပြား ထပ်မံသေဆုံးခဲ့ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

KIA ပူးပေါင်းတပ်လိုက်လံတိုက်ခိုက်မှုကြောင့် သေဆုံးနေသည့် စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - ကချင်တောင်တန်း

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ရာ အများအပြား ထပ်မံသေဆုံးခဲ့ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

မံစီမြို့ရှိ ခမရ(၆၀၁)၊ ခမရ(၃၁၉)နှင့် အမြောက်တပ်(၃၅၂)တို့ကို KIA၊ KPDFနှင့် ကျောင်းသားတပ် ABSDFပူးပေါင်းတပ်များက ဇန်နဝါရီ ၈ရက်တွင် အပြီးသတ် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တပ်စခန်းများမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ် အင်အား ၃၀၀ကျော်ရှိပြီး ဇန်နဝါရီ ၁၁ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထပ်မံသေဆုံးခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

KIA ပူးပေါင်းတပ်၏ လိုက်လံတိုက်ခိုက်မှုကြောင့် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့များအနက်မှ တပ်ဖွဲ့ဝင် ၁၀၀ကျော် သေဆုံးခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာဒေသနှင့် စစ်ကောင်စီတပ်သေဆုံးထိခိုက်အခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ရေးသတင်းရင်းမြစ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ သေဆုံးနေသည့် ရုပ်သံမှတ်တမ်းကိုလည်း ယနေ့ လူမှုကွန်ရက်မှတဆင့် ဖော်ပြ အသိပေးခဲ့ရာ တောတွင်းတနေရာ၌ တိုက်ခိုက်ခံရပြီး သေဆုံးနေသည့် ရုပ်အလောင်းများ၊ လက်နက်များ၊ ဒဏ်ရာရသူအချို့ကို တွေ့ရသည်။

” ပြေးလည်းလွတ်မယ်ထင်လို့လား ဒီကောင်တွေ၊ ဒါကတော့ မံစီတပ်က ၃၁၉နဲ့ ၆၀၁ က ပြေးတဲ့သူတွေ ကျနော်တို့ လိုက်သမလာတာ”ဟု ရုပ်သံရိုက်ကူးသူက ပြောကြားနေသည်ကို ကြားရသည်။

KIAနှင့် မဟာမိတ်များသည် ၂၀၂၄ ဒီဇင်ဘာ ၄ရက်တွင် မံစီနှင့်ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ရာ ၁လကျော်အကြာတွင် မံစီမြို့နယ်တစ်ခုလုံးကို သိမ်းနိုင်ခဲ့ပြီး ဗန်းမော်မြို့ရှိ စစ်ကောင်စီ​၏ လက်ကျန်ပင်မစခန်းများကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။

(စစ်ကောင်စီတပ်သားများ​၏ သေဆုံးရုပ်အလောင်းများအား လူထုနွေဦး​၏ တယ်လီဂရန်ချန်နယ် https://t.me/PeopleSpring တွင် သွားရောက်ကြည့်ရှု့နိုင်ပါသည်)

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

သတင်း

စစ်သင်္ဘော ၈စီး ထိခိုက်အောင် တိုက်ခိုက်ထားပြီး တချို့နစ်မြုပ်၊ သင်္ဘော ၂စီး ရွှေကူဘက် ပြန်လှည့်သွား

သတင်း

စစ်တပ် အလောင်း ၄၀ကျော်ရှိပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က ပြန်စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဗန်းမော်နဲ့ ရွှေကူမြို့နယ်ကြား မြစ်ကြောင်းတလျှောက်မှာ ကြားဖြတ်တိုက်ခိုက်ရာ စက်တင်ဘာ ၁၄ရက် မနက်မှာ စစ်တပ်သင်္ဘော ၁စီး ထပ်မံတိုက်ခိုက်ခံရပြီး နစ်မြုပ်သွားဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။