Connect with us

Hi, what are you looking for?

သတင်း

မြန်မာ ၆ ဦးကို ထိုင်းနိုင်ငံထဲ မှောင်ခိုခေါ်သွင်းလို့ မြန်မာ ၂ ဦး အဖမ်းခံထားရ

တစ်နိုင်ငံတည်းသားတွေကို ထိုင်းနိုင်ငံထဲ မှောင်ခို ခေါ်သွင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ကားနဲ့ မြန်မာ​​တွေကို​တွေ့ရစဥ်။ ဓါတ်ပုံ-Piyarat Chongcharoen

တစ်နိုင်ငံတည်းသားတွေကို ထိုင်းနိုင်ငံထဲ မှောင်ခို ခေါ်သွင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

ပစ်ကပ်ကား တစ်စီးပေါ်မှာ အသက် ၄၄ နှစ်အရွယ် ယာဉ်မောင်း သန်းဝင်း၊ အသက် ၂၇ နှစ်အရွယ် အဖော်ဖြစ်သူ မိုင်တို့ လိုက်ပါလာတာကို ဆန်ခလာဘူရီခရိုင် ရဲတွေက ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းမှာ စစ်ဆေးခဲ့တဲ့အခါ နောက်ခန်းထဲ ဝှက်ပြီး ခေါ်လာသူ ၆ ဦးကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် ရဲတွေက ယာဉ်မောင်း၊ အဖော်ဖြစ်သူတို့ကို ဖမ်းဆီးခဲ့သလို ထိုင်းပိုင်နက်ထဲ တရားမဝင် ဝင်ရောက်လာတဲ့ တခြား မြန်မာနိုင်ငံသား ၆ ဦးကိုပါ ထိန်းသိမ်းခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

ကားနောက်ခန်းမှာ လိုက်ပါလာပြီး အဖမ်းခံရသူ မြန်မာတွေဟာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၅ ဦး ဖြစ်ပါတယ်။ အဲဒီ ၆ ယောက်စလုံးမှာ လိုအပ်တဲ့ အထောက်အထား စာရွက်စာတမ်းတွေ မပါရှိခဲ့ဘူးလို့ ရဲတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ယာဉ်မောင်းက သူဟာ ဆန်ခလာဘူရီမှာ တောလမ်းကနေ တရားမဝင် ဝင်ရောက်လာသူ မြန်မာ ၆ ဦးကို စောင့်ခေါ်ခဲ့ပြီး ကန်ချနာဘူရီဆီ သွား

ရောက်ပို့ဆောင်ဖို့ စီစဉ်ထားကြောင်း၊ အဲဒီအတွက် တစ်ဦးစီကနေ ဘတ် ၃၀၀၀ စီ လက်ခံရရှိခဲ့ကြောင်း ရဲတွေဆီ ထွက်ဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။