Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီးများက ကျေးရွာများဝင်ရောက်ပေါ်တာဆွဲနေ

လူငယ် ၁၁ဦးဖမ်းခံရပြီး ပြည်သူအများအပြား ထွက်ပြေးနေရ

အုတ်ဖိုမြို့နယ်မှ ပျူစောထီးအဖွဲ့ဝင်အချို့ကို စစ်ကောင်စီတပ်က စစ်သင်တန်းပေးနေစဥ်။ ဓာတ်ပုံ - CJ

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များက ကျေးရွာများသို့ ဝင်ရောက်ပေါ်တာဆွဲနေရာ ဇန်နဝါရီ ၁၂ ရက် တစ်ရက်တည်း လူငယ် ၁၁ဦး ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၁၂ရက်) နံနက် ၇ နာရီခန့်က အုတ်ဖိုမြို့နယ်၊ အလယ်ကုန်းအုပ်စုရှိ ကျေးရွာများသို့ စစ်တပ်၊ ရဲနှင့် ပျူစောထီးပူးပေါင်းအင်အား ၄၀ ခန့်သည် ဆိုင်ကယ်အစီး ၂၀ ကျော်ဖြင့် လာရောက်ကာ ဒေသခံပြည်သူများကို ပေါ်တာဆွဲဖမ်းဆီးရန် ကြိုးပမ်းခဲ့ခြင်းဟု အဆိုပါစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့များ ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးမှုလုပ်ဆောင်ခဲ့သည့် ကျေးရွာများမှာ အလယ်ကုန်းကျေးရွာအုပ်စုမှ အလယ်ကုန်းရွာ၊ အလယ်ကုန်းတောင်ရွာနှင့် တင်းကုပ်စုရွာများပါဝင်ပြီး ဒေသခံပြည်သူများမှာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

“ခုထိ ရွာကိုမပြန်ရဲကြဘူး။ မနက်လည်း ရွာမပြန်ရဲ ညလည်းရွာမပြန်ရဲ ဖြစ်နေကြတယ်”ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက လူ ထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့များ ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခြင်းကြောင့် တင်းကုတ်စုရွာမှ ကိုပြည့်စုံ၊ ကိုမိုးဒီ၊ ကိုအေးမင်း၊ကိုမျိုးမင်းဇော်၊ ကိုအေး၊ ကိုခေါလေး၊ ကိုဇော်ဝင်း၊ ကိုစိုးမိုးအောင် စသည့်ဒေသခံများအပါအဝင် လူငယ်(၁၁)ဦး အဖမ်းခံလိုက်ရပြီး အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားကြောင်း ၎င်းက ရှင်းပြသည်။

အလားတူ ယနေ့(ဇန်နဝါရီ ၁၃ ရက်)တွင်လည်း အုတ်ဖိုမြို့နယ်ရှိ အလယ်ကုန်း၊ ငါးရှည့်ရိုး၊ တင်းကုတ်ကြီး၊ တောင်ကုန်း၊ မြောင်၊ သရက်နှစ်ဖျားလိန်နှင့် သဖန်းပင်ဆိပ် ကျေးရွာအုပ်စုများသို့ စစ်ကောင်စီတပ်များ ဝင်ပေါ်တာဆွဲမည်ဆိုသည့်သတင်းကြာင့် ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စာမတတ်ပေမတတ်တဲ့ ပြည်သူ့စစ်တွေ မွေးထုတ်ထားဟု ဒေါ်စောယုမာပြော

သတင်း

နေပြည်တော်မှာ အမြင်အာရုံမကောင်းတဲ့ အသက်(၂၃)နှစ်အရွယ် လူငယ် ၁ဦး ပေါ်တာဆွဲခံလိုက်ရကြောင်း ဒေသခံအချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲ စုဆောင်းမှု‌တွေကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်တာကြောင့် နှစ်လအတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးရှိတယ်လို့ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။