Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဂူရွာအမြောက်တပ်အား ဓနုတပ်တိုက်ခိုက်၊ တောင်းခမ်းတွင်လည်း နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်နေဟု ဓနုတပ်ပြော

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်တပ် (အမတ − ၃၄၉)တပ်ရင်းအား တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)မှ ပြောရေးဆိုခွင့်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ကျောက်ဂူဈေးရှေ့တွင် တွေ့ရသော ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)တပ်မှ ရဲဘော်တစ်ဦး။ ဓာတ်ပုံ - ပေးပို့

ဒီးဒီ၊သတိုး/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်တပ် (အမတ − ၃၄၉)တပ်ရင်းအား တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)မှ ပြောရေးဆိုခွင့်ရှိသူက လူထုနွေဦးသို့ ပြောသည်။

“မနေ့ကတော့ တိုက်ပွဲဖြစ်တယ်။ အမြောက်တပ်နား‌ လေးမှာဖြစ်တာ ၊ ပြီးတော့မှ ကျောက်ဂူရွာတဝိုက်နားမှာဖြစ်တာပေါ့။ ကျောက်ဂူ အမြောက်တပ် ၃၄၉ ၊ အဲဒီ့မှာ အမြောက်တပ်အနီးမှာနေတာပေါ့လေ။ အဲဒီမှာ စစ်ကောင်စီနဲ့တွေ့တော့ ပွဲဖြစ်တာပေါ့”ဟု DPLAမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဓနုတပ်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၄ရက်ကလည်း ကျောက်ဂူကျေးရွာအုပ်စုရှိ စစ်ကောင်စီ၏ ရဲစခန်းနှင့် အမြောက်တပ်(အမတ − ၃၄၉)အား သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဓနုတပ်သည် ကျောက်ဂူရွာရှိ စစ်ကောင်စီတပ်စခန်းများအား ၂၀၂၄ နိုဝင်ဘာ ၃၀ရက်ကတည်းက နေ့စဉ်ရက်ဆက်တိုက်ခိုက်နေခြင်းဟု DPLAမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“နိုဝင်ဘာ ၃၀ ကတည်းက ဒီအချိန်အထိပဲ ၊ ရက်တိုင်းနီးပါးဖြစ်နေတာ။ သိရသလောက်ဆိုရင်တော့ ၆၀ကျော်လောက်ရှိတာပေါ့”ဟု ၎င်းက ပြောသည်။

ဓနုတပ်သည် ကျောက်ဂူဒေသတွင် စစ်ကောင်စီ နယ်မြေခံတပ်များဖြစ်သည့် အမတ (၃၄၉)၊ နောင်၀ိုးတပ် ခလရ(၂၉၂)နှင့် တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲပြင်းထန်နေသော နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာသို့ စစ်ကူသွားသည့် စစ်ကောင်စီတပ်များကိုလည်း ဖြတ်တောက် တိုက်ခိုက်နေသည်။ ထို့အပြင် တောင်းခမ်းတွင် DPLAနှင့်အတူ လက်တွဲတိုက်ပွဲဝင်နေသည့် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

“တောင်းခမ်းကတော့ နေ့တိုင်းတော့ တိုက်ပွဲဖြစ်နေတယ်။ ၃၅‌၄ ပတ်ဝန်းကျင်တွေပေါ့။ နေ့တိုင်းနီးပါးဖြစ်နေတာ။ ဒီနေ့တော့ အသေးစိတ်မသိရသေးဘူး”ဟု DPLAမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်းခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမတ(၄၀၆)တို့ တည်ရှိသည်။ မစခ-၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) နယ်မြေအတွင်း တစ်ခုတည်းသော အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အမြောက်တပ်ရင်း ၁၃ ရင်းရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဓနုလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး( DPLF/DPLA)က စစ်ကောင်စီကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ကြေညာချက်ကို ဒီနေ့ (အောက်တိုဘာ ၂၃ရက်)ထုတ်ပြန်ခဲ့ရာ ဓနုလူထုတွေအနေနဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံတာ ပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို့ မေတ္တာရပ်ခံထားပါတယ်။

သတင်း

ရေး-ထားဝယ်လမ်းမပေါ်ရှိ စစ်ကောင်စီ၏ ရေးမြို့အခြေစိုက် အမှတ်-၃၁၆ အမြောက်တပ်(အမတ ၃၁၆)ကို ဒရုန်းဖြင့် ဗုံးကြဲခဲ့ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ယနေ့ ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ နေရာအနှံ့တိုက်ပွဲဖြစ်နေပြီး စစ်မျက်နှာကျယ်ပြန့်လာတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက အဆိပ်ဓာတ်ငွေ့ဗုံးများဖြင့် ကြဲတိုက်ခိုက်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)က သတင်းထုတ်ပြန်သည်။