Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့အခြေစိုက် စစ်ကောင်စီအမြောက်တပ်ကို ဒရုန်းဖြင့် မွန်တပ် MSRF တိုက်ခိုက်

ရေး-ထားဝယ်လမ်းမပေါ်ရှိ စစ်ကောင်စီ၏ ရေးမြို့အခြေစိုက် အမှတ်-၃၁၆ အမြောက်တပ်(အမတ ၃၁၆)ကို ဒရုန်းဖြင့် ဗုံးကြဲခဲ့ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီအမြောက်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ရန် MSRF ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - MSRF

ဇူလိုင်-၈၊ ၂၀၂၅။ ရဲခေါင်/People’s Spring

ရေး-ထားဝယ်လမ်းမပေါ်ရှိ စစ်ကောင်စီ၏ ရေးမြို့အခြေစိုက် အမှတ်-၃၁၆ အမြောက်တပ်(အမတ ၃၁၆)ကို ဒရုန်းဖြင့် ဗုံးကြဲခဲ့ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ယနေ့ ထုတ်ပြန်သည်။

စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အမှတ်-၁၉(စကခ ၁၉)လက်အောက်ခံ ကလော့ကျေးရွာအနီိးရှိ အမတ(၃၁၆) အမြောက်တပ်ကို ယမန်နေ့(ဇူလိုင် ၇ ရက်)က ဗုံးကြဲခဲ့ခြင်းဟု ဆိုသည်။

“ အဓိကပစ်မှတ်ကတော့ ဗဟိုကင်းနဲ့ ကင်းပုန်းဝပ်တဲ့နေရာတွေကို ဒရုန်းဗုံးသီးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာ” ဟု MSRF တာဝန်ရှိသူက ဒရုန်းဖြင့် ဗုံးကြဲခဲ့သည်ကို လူထုနွေဦးသို့ ရှင်းပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအမြောက်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ရန် MSRF ပြင်ဆင်နေစဥ်။ ဓာတ်ပုံ – MSRF

ထို့အပြင် ဆဲဗင်းဇူလိုင် အရေးတော်ပုံအတွက် လုပ်ဆောင်ခြင်းမျိုး ရည်ရွယ်ကြောင်းလည်း ၎င်းက အသိပေးသည်။

ယမန်နေ့ နေ့လည် ၁၂နာရီ ၃၅ မိနစ်က ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် စစ်ကောင်စီ၏ ထိခိုက်ပျက်စီးမှုကို အသေးစိတ် မသိရှိရသေးပေ။

စစ်ဆင်ရေးတွင် မွန်ပြည်တော်လှန်ရေးတပ်(MSRF)နှင့် စစ်ရေးမဟာမိတ်ဖြစ်‌သော ဒေါနတပ်ရင်းတို့ ပူးပေါင်းခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိခဲ့ကြောင်း ဖော်ပြသည်။

ရေးမြို့နယ်တွင် စစ်ကောင်စီ၏ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၉)နှင့် လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခလရ-၆၁၊ ခလရ -၂၉၉၊ ခမရ -၃၄၃ ၊ ခမရ -၅၈၆၊ ခမရ -၂၈၇ နှင့် အမှတ်(၃၁၆)အမြောက်တပ်ရင်း(အမတ ၃၁၆)တို့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၁၀ရက်ကနေ ၁၂ရက်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီ ဘက်က ဗိုလ်ကြီးအပါအဝင် သေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီတပ်ကိုတိုက်ခိုက်ဖို့ ပိုထိရောက်တဲ့ Fixed Wing ဒရုန်းတွေ အဆင်သင့်ဖြစ်နေပြီလို့ အင်းတကော်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

နိုင်ငံတကာ

မသင်္ကာစရာ ဒရုန်းတချို့ကို အနီးတဝိုက်မှာ ထောက်လှမ်း တွေ့ရှိခဲ့တဲ့နောက် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ရဲ့ နိုင်ငံတကာ လေဆိပ်ကို ယာယီ ပိတ်ခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ အကြီးမားဆုံး စစ်စခန်း အပါအဝင် စစ်ဖက်ဆိုင်ရာ အဆောက်အအုံတွေ တဝိုက်မှာ ပိုင်ရှင် ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ ဒရုန်းတွေကို တွေ့နေရခြင်းက ဒိန်းမတ်အတွက် အကြီးအကျယ် ခေါင်းခြောက်စရာ ဖြစ်နေပါတယ်။