Connect with us

Hi, what are you looking for?

သတင်း

ငဖဲတွင် ခံစစ်ပြင်နေသည့် စစ်တပ်ကို AAနှင့်မဟာမိတ်များဝင်တိုက်ပြီး တိုက်ပွဲပြင်းထန်း​နေ

မကွေးတိုင်း၊ ငဖဲမြို့နယ် ၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ ဂုတ်ကြီးရွာအနီးတွင်စစ်ကောင်စီတပ်နှင့် AAအပါအဝင် မဟာမိတ်တပ်များတို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးဆက်တိုက်ကြဲ၍ စခန်းမကျ​အောင် ခုခံနေကြောင်း ဒေသခံများကပြောသည်။

အမ်းမြို့သိမ်းတိုက်ပွဲမှ AA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-AA Info Desk

တာရာ/People’s Spring

မကွေးတိုင်း၊ ငဖဲမြို့နယ် ၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ ဂုတ်ကြီးရွာအနီးတွင်စစ်ကောင်စီတပ်နှင့် AAအပါအဝင် မဟာမိတ်တပ်များတို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးဆက်တိုက်ကြဲ၍ စခန်းမကျ​အောင် ခုခံနေကြောင်း ဒေသခံများကပြောသည်။

ရခိုင်ပြည်နယ် နှင့် မကွေးတိုင်းကိုဆက်သွယ်ထားသည့် အမ်း-ပဒါန်းလမ်းရှိ ရိုးမတောင်ကြားလမ်းတွင် ဇန်နဝါရီ ၁၃ ရက်​နေ့မနက်ပိုင်းကစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟုလည်း ဒေသခံတစ်ဦးကပြောသည်။

အမ်း-ပဒါန်းလမ်း​ပေါ်ရှိ ဂုတ်ကြီးရွာတွင် ၂၀၂၄ နိုဝင်ဘာလက စစ်တပ်ကိုတိုက်ခိုက်​နေ​သော PRA မ​ကွေးမှတပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ- PRA (မ​ကွေး)

“မနေ့ကတည်းက စကစဘက်က မင်းဘူး တပ်မ (၈၈ )ထဲကနေ လက်နက်ကြီးနဲ့ လူတွေ ကားအစီး ၂၀ လောက်နဲ့ စစ်ကူပို့နေတာပါ။ ဒီနေ့မနက်ပိုင်းမှာတော့ လေကြောင်းက တောက်လျောက်ဗုံးကျဲနေတယ်”ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

AA နှင့် မဟာမိတ်တပ်များက ဇန်နဝါရီ ၅ ရက်တွင် တောင်ဇောက်ရွာရှိ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း အ​စောင့် စက်ရုံ နှင့်အမြောက်တပ်စခန်းကို သိမ်းပိုက်ခဲ့သည်။ထို့နောက် စစ်ကောင်စီတပ်က ဂုတ်ကြီးရွာတွင် ခံစစ်ပြင်ထားသည်ဟု ဒေသခံများကပြောသည်။

အမ်း -ပဒါန်းလမ်းပိုင်းနှင့် အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု

ထို့အပြင် ဇန်နဝါရီလ၄ရက်နှင့်၅ရက်က တောင်ဇောက်ကျေးရွာအပါအဝင် အမ်းမြို့နယ်ဘက်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးကိုလက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိထားကြောင်း ချင်းကာကွယ်ရေးတပ်(အရှို)နှင့်လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA Magway) က ထုတ်ပြန်ထားသည်။

“စကစရဲ့ ကပစ (၁၄) ကို အေအေ လာတိုက်မှာကြောက်လို့ ခံစစ်အသဲအသန်ပြင်နေတာပါ။”ဟု အခြားဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်က ကပစ-၁၄ (အမှတ်-၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ)ကို ကာကွယ်ရန်အတွက် ငဖဲမြို့နှင့် ရွှေစက်တော်ဘုရားအနီးတွင် အင်အားတိုးချဲ့ချထားပြီး ဒေသခံကာကွယ်ရေးတပ်များနှင့်လည်း စစ်ရေးတင်းမာနေသည်ဟု ဒေသခံများထံမှသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။