Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်နေ

ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း Mobye Rescue Team(MRT)က ထုတ်ပြန်သည်။

မိုးဗြဲ PDFမှ တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MBPDF

ရဲခေါင်/People’s Spring

ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း Mobye Rescue Team(MRT)က ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၁၄ရက်)နံနက်ပိုင်းကစ၍ နေ့လည်ပိုင်းအထိ မိုးဗြဲမြို့သို့ ပစ်မှတ်ထားကာ စစ်ကောင်စီက လက်နက်ကြီးဖြင့် တိုက်ခိုက်နေသည်ဟု ဆိုသည်။

ထို့ကြောင့် မိုးဗြဲ – လွိုင်​ကော်လမ်းမကြီးကို အသုံးပြုသွားလာနေကြသည့် ပြည်သူများအနေဖြင့် အထူးသတိပြုရန်လည်း MRTက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

“မနက် ၇ နာရီလောက်ကတည်းက လွိုင်ကော်ကနေ လက်နက်ကြီး စပစ်တာ။အခုနေ့လည်ပိုင်း(၁၁ နာရီခွဲ)အထိ မိုးဗြဲဘက်ကို ပစ်နေတာလို့ သိရတယ်။တိုက်ပွဲတော့ ဖြစ်သံမကြားရဘူး”ဟု ကရင်နီဒေသခံက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများသည် (ဇန်နဝါရီ ၁၅ရက်)တွင်ပြုလုပ်မည့် ကယားဒေး ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခြောက်လှန့်ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်းလည်း ကရင်နီစစ်ဘက်သတင်ရင်းမြစ်က ခန့်မှန်းသည်။

“ဒီမနက် အစောပိုင်း (နံနက် ၁ နာရီခန့်) ဖယ်ခုံအရှေ့ဘက်ခြမ်းကို လေယာဥ်နဲ့ဗုံးကြဲတာရှိတယ်။အခု လွိုင်ကော်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်နေတာတွေက ခြောက် လှန့်တာလို့ ယူဆတယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာဒေသခံတပ်ဖွဲ့ဖြစ်သော မိုးဗြဲ PDFထံ လူထုနွေဦးအနေဖြင့် မေးမြန်းရန်ဆက်သွယ်ဆဲဖြစ်သည်။

ကရင်နီပြည်နယ်သို့ ဝင်ပေါက်ဖြစ်သည့် မိုးဗြဲမြို့ပြန်ရရေး စစ်ကောင်စီ၏ ထိုးစစ်မှာ နှစ်လခန့် ရှိနေပြီး ကရင်နီတပ်ပေါင်းစုက ခုခံနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။