Connect with us

Hi, what are you looking for?

သတင်း

ရှမ်းတောင်မှာ တစ်နှစ်အတွင်း စစ်ရှောင်ပြည်သူခြောက်သောင်းအထိရှိခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်းနဲ့ ညောင်ရွှေမြို့နယ်တွေမှာ တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ဦးရေဟာ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း ခြောက်သောင်းခန့် ရှိပြီး သေဆုံးသူ ၁၃၀နီးပါးထိရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO)ကနေ သိရပါတယ်။

ဆိုင်းမင်း/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်းနဲ့ ညောင်ရွှေမြို့နယ်တွေမှာ တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ဦးရေဟာ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း ခြောက်သောင်းခန့် ရှိပြီး သေဆုံးသူ ၁၃၀နီးပါးထိရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO)ကနေ သိရပါတယ်။

၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်းစစ်ရှောင်ဦးရေ ခြောက်သောင်းထိ ရှိခဲ့တာဖြစ်ပြီး အခုနှစ် ဇန်နဝါရီလဒုတိယပတ်မှာတင် နောက်ထပ် စစ်ရှောင်ဦးရေ ငါးထောင်ခန့် ထပ် တိုးလာတယ်လို့ PYO ရဲ့ အချက်အလက်မှာ ဖော်ပြထားပါတယ်။

တစ်နှစ်အတွင်းအရပ်သားသေဆုံးသူဦးရေက ၁၂၇ ဦးထိရှိခဲ့ရာမှာ ကလေး ၁၆ ဦး ၊ အမျိုးသမီး ၁၆ ဦး ၊ အမျိုးသား ၈၉ ဦးနဲ့ ကျား ၊မ အတည်မပြုနိုင်တော့တဲ့သူ ၆ ဦး ပါဝင်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အရပ်သားတွေ သေဆုံးရတဲ့အကြောင်းရင်းကတော့ သတ်ဖြတ်ခံရတာ ၊ လက်နက်ကြီး ပစ်ခတ်ခံရတာနဲ့ လေကြောင်းတိုက်ခိုက်ခံရမှုတွေ ကြောင့် ဖြစ်ပြီး မိုင်းနင်းမိတဲ့ဖြစ်စဉ်တွေမှာ အသက်ဆုံးပါးခဲ့ရတာတွေ ရှိခဲ့တာပါ။

ဒါအပြင် တစ်နှစ်တာကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့လက်နက်ကြီး ဒဏ်ကြောင့် ဘာသာရေးအဆောက်အဦး ၃၂ ခု ၊ ဆေးရုံ၊ ဆေးခန်းတွေအပါအဝင် နေအိမ် ၁,၄၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ မိုးကြီးပြီး လူထိခိုက်သေဆုံးစေတဲ့အထိ မြေပြိုမှုတွေစတင်ကြုံတွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်ဒေသက တော်လှန်ရေးတပ်တွေ စုစည်းပြီး အမှတ် (၁)အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်) တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းသတ်မှတ်လိုက်ပါတယ်။