Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်နွံကန်ပြိုကျမှု ရုပ်အလောင်း ၃၂လောင်းရှာတွေ့ပြီးနောက် ရှာဖွေရေး ရပ်ဆိုင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် စဘော့ကျေးရွာမှ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် နွံကန်ပြိုကျမှုတွင် ကလေးငယ်လေးဦးနှင့် အမျိုးသမီး ၁၄ဦးအပါအတင် ရုပ်အလောင်း ၃၂လောင်းတွေ့ရှိခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

ဖားကန့်နွံကန်ပြိုကျမှုမှ ရှာဖွေတွေ့ရှိသော ရုပ်အလောင်းအား သယ်ဆောင်လာစဉ်။ ဓာတ်ပုံ - CJ

ကဖေး/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် စဘော့ကျေးရွာမှ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် နွံကန်ပြိုကျမှုတွင် ကလေးငယ်လေးဦးနှင့် အမျိုးသမီး ၁၄ဦးအပါအတင် ရုပ်အလောင်း ၃၂လောင်းတွေ့ရှိခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

စဘော့ကျေးရွာမှနွံကန်သည် ဇန်နဝါရီ ၁၃ရက် နံနက် ၁နာရီခန့်တွင် ပြိုကျပြီး ကျေးရွာအတွင်းရှိ နေအိမ် ၅၇ကျလုံး အိမ်ခေါက်မိုး မြုပ်လုနီးပါးအထိ နစ်မြုပ်သွားခဲ့သည်။

ဇန်နဝါရီ ၁၃ရက် နံနက်မှစ၍ စက်ယန္တရားများသုံး၍ ရှာဖွေခဲ့ရာ ယနေ့ ညနေအထိ ရုပ်အလောင်း ၃၂ လောင်းတွေ့ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – CJ

” ရှာဖွေရေးရပ်လိုက်ပြီ။ နွံတွေဖုံးသွားတဲ့ ရွာလမ်းကိုလည်း ဖြတ်သန်းခွင့်ပြုလိုက်ပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူများတွင် (၁၀)နှစ်အောက်ကလေးငယ် ငါးဦးပါဝင်ခဲ့သည်။ ထို့အပြင် အမျိုးသမီး ၁၄ဦးပါဝင်ပြီး အသက်အကြီးဆုံးမှာ ၈၉နှစ်အရွယ်အဖွားအိုဖြစ်သည်။

နွံကန်ပြိုကျစဉ် ထွက်ပြေးလွတ်မြောက်လာသူအချို့လည်းရှိပြီး သေဆုံးသူသည် အနည်းဆုံး ၁၀၀ကျော်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းထားသည်။ အချို့ကလည်း ၁၇၀ကျော် ပျောက်ဆုံးသွားသည်ဟု ဆိုသည်။

ဇန်နဝါရီ ၁၃ရက်က အဆိုပါ နွံကန်ပြိုကျမှုကို ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေကြစဉ် ဖားကန့်မြို့နယ် ဆန်ခါနှင့်မဇွပ်ယာန်ရွာအတွင်း ကျောက်စိမ်းတူး‌ဖော်ရေးလုပ်ကွက်များကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ထို့ကြောင့် နွံကန်ပြိုကျမှုရှာဖွေကယ်ဆယ်ရေးများ နာရီအနည်းငယ်ကြာရပ်နားခဲ့ရသည်။ လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား ၁၃သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF က အနီးကပ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေများတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ရောက်နေတဲ့ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၄ရက် ညနေပိုင်းမှာ မိုးကြိုးပစ်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်း ၃၀၀၀ ထပ်မံပို့မယ်လို့ သတင်းထွက်ပေါ်နေပြီး စစ်မြေပြင်ရောက်လာရင်အလင်းဝင် လက်နက်ချကြဖို့ ကချင်ဒေသကာကွယ်ရေးတပ်မတော်(KPDF)နဲ့ နီးစပ်သူတွေက သတိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မေလ ၂၄ရက် နေ့လယ်ပိုင်းမှာ ရေမဆေးကျောက်ရှာသူတွေရှိနေတဲ့ မြေစာပုံပြိုကျပြီး ရေမဆေးသမား သုံးဦး ဒဏ်ရာရသွားပါတယ်။