Connect with us

Hi, what are you looking for?

သတင်း

နန့်စန်မြို့နယ်တွင် ရှမ်းတပ်နှစ်ဖွဲ့ တိုက်ပွဲဖြစ်၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊နမ့်မိုရွာအနီးတွင် SSPPနှင့် RCSSတို့ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများမှာ ဘေးလွတ်ရာ တိမ်းရှောင်နေရသည်။

ရှမ်းတပ်များဖြစ်သော SSPPနှင့် RCSS မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – SSPP၊ RCSS

ကဖေး/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ နမ့်မိုရွာအနီးတွင် SSPPနှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများမှာ ဘေးလွတ်ရာ တိမ်းရှောင်နေရသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA) တပ်ဖွဲ့ဝင်များသည် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုအတွင်း ဇန်နဝါရီလဆန်းကစ၍ ရောက်ရှိလာပြီး စစ်ရေးတင်းမာခဲ့ခြင်းဖြစ်သည်။

” တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တာက ဇန်နဝါရီလ ၁၅ရက်နေ့က ဟုတ်တယ်။ ရွာထဲက ဆေးပေးခန်းပျက်စီးတယ်။ ဒေသခံတွေ အကုန်လုံးထွက်ပြေးရတယ်။ဒီနေ့လည်း ပစ်ခတ်သံတွေ ထွက်နေတယ်”ဟု နမ့်မိုကျေးရွာမှ တိမ်းရှောင်ခဲ့သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကြောင့် နောင်ဟီးကျေးရွာအုပ်စုရှိ ဟိုခို၊ ဝမ်ပန်၊ ကွန်ဆဲ၊ နမ့်မို၊ နမ့်အုတ်ကျေးရွာများမှ ဒေသခံများမှာ စစ်ဘေးတိမ်းရှောင်နေကြရသည်။

နောင်ဟီးကျေးရွာအုပ်စုတွင် ဧက ၅၀၀ကျော် ကျောက်မီးသွေးတွင်းငါးခု ထက်မနည်းရှိနေပြီး SSPPနှင့် RCSSသည် ယင်းကျောက်မီးသွေးတွင်းများမှ အခွန်ကောက်ခံရန် ညှိနှိုင်းမှုအဆင်မပြေဖြစ်နေပြီး စစ်ရေးတင်းမာနေခြင်းဟု သတင်းရရှိသည်။

ရှမ်းတပ်များဖြစ်သော SSPPနှင့် RCSS မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – SSPP၊ RCSS

SSPPနှင့် RCSSသည် ပြီးခဲ့သည့် ၂၀၂၄ နိုဝင်ဘာကလည်း မိုင်းကိုင်မြို့နယ်၊ ပန်းပွဲကျေးရွာတွင် တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးခဲ့သည်။

SSPPနှင့် RCSSသည် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူကြေညာချက်ကို ၂၀၂၃ နိုဝင်ဘာ၂၉ရက်တွင် လက်မှတ်ထိုးခဲ့သော်လည်း တိုက်ပွဲများဆက်ဖြစ်နေခြင်းဖြစ်သည်။

နှစ်ဖက်တပ်များအကြား လတ်တလောတိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း နိုဝင်ဘာ ၂၉ရက်တွင် တွေ့ဆုံဆွေးနွေးပီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းကို တရားဝင် သဘောတူညီခဲ့ခြင်းဖြစ်သည်။

SSPPနှင့် RCSS တို့သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေသည့် လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှုလည်း အလွန်နည်းပါးခဲ့သည်။

စစ်အာဏာရှင်အား မတိုက်ခိုက်ဘဲ ရှမ်းလက်နက်ကိုင်အဖွဲ့ အချင်းချင်းတိုက်ပွဲဖြစ်ပွားနေသည့်အတွက် SSPPနှင့် RCSSသည် ရှမ်းလူထု၏ ထောက်ခံမှုလျော့ကျလာပြီး လတ်တလောဖြစ်ပွားနေသည့် အခြေအနေများကို စိတ်ပျက် ကြောင်း ရှမ်းတိုင်းရင်းသားလူငယ်အချို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။