Connect with us

Hi, what are you looking for?

သတင်း

မြိတ်မြို့တွင် တစ်ရက်တည်း မီးနှစ်ကြိမ်လောင်၊ အမျိုးသားတစ်ဦး သေဆုံး

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယနေ့(ဇန်နဝါရီ ၁၈ ရက်)တစ်ရက်တည်း မီးလောင်ကျွမ်းမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဌာနမှတ်တမ်းများနှင့် လူမှုကူညီရေးအသင်းများထံမှ သတင်းရရှိသည်။

ဇန်နဝါရီ ၁၈ရက်တစ်ရက်တည်း မြိတ်၌ နေအိမ်တစ်လုံးနှင့် စက်ရုံတစ်ရုံမီးလောင်မှုဖြစ်ပွားခဲ့စဥ်။ဓာတ်ပုံ - MSD(Myeik)/ထိုက်ငယ်-KUN

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယနေ့(ဇန်နဝါရီ ၁၈ ရက်)တစ်ရက်တည်း မီးလောင်ကျွမ်းမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဌာနမှတ်တမ်းများနှင့် လူမှုကူညီရေးအသင်းများထံမှ သတင်းရရှိသည်။

ဇန်နဝါရီ ၁၈ ရက် နံနက်အစောပိုင်း ၃ နာရီ ၃၅ မိနစ်ခန့်က မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်ရှိ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်အတွင် မီးလောင်ကျွမ်းထားသည့် အမျိုးသားတစ်ဦး၏ ရုပ်အ လောင်းအား ရှာဖွေတွေ့ရှိခဲ့သည်ဟု ဒေသခံများနှင့် လူမှုကူညီရေးအသင်းများက ပြော သည်။

“မီးငြိမ်းသွားတဲ့အချိန် အိမ်ထဲဝင်ရှင်းတော့မှ အဲဒီရုပ်အလောင်းကို ရှာတွေ့ခဲ့တာပေါ့နော်။ သေဆုံးနေတာက အမျိုးသားတစ်ဦးပါ။ အ သက်ကတော့ ၃၀ဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်”ဟု မီးငြှိမ်းသတ်ရာတွင် သွားရောက်ကူညီပေးခဲ့သည့် ပရဟိအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ နေအိမ်အတွင်း မီးလောင်ကျွမ်း၍ သေဆုံးနေသောအမျိုးသား၏ အချက်အလက်အပြည့်အစုံအား မသိရသေးဘဲ ယနေ့(ဇန်နဝါရီ ၁၈ ရက်)နံနက် ၄ နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ယနေ့နေ့လယ် ၂ နာရီခွဲခန့်ကလည်း မြိတ်မြို့၊ ရှမ်းချောင်းရပ်ကွက်၊ သတင်းစာတိုက်လမ်းရှိ ရာဘာစက်ရုံတစ်ရုံ မီးလောင်ကျွမ်းမှုဖြစ်ပွဲခဲ့ရာ ရာဘာစိမ်းအများအပြား သိုလှောင်ထားသည့်နေရာဖြစ်ခြင်းကြောင့် မီးလောင်မှုအချိန် ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး ညနေ ၄ နာရီ ၁၅မိနစ်တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း လူမှုကူညီရေးအသင်းများနှင့် ဒေသခံများက ပြောသည်။

“စိတ်ပူလိုက်ရတာ။ အိမ်ကအဖေ အလုပ်လုပ်နေတဲ့ စက်ရုံ။ လူတွေဘာမှ ထိခိုက်မှုမရှိလို့ တော်သေးတယ်”ဟု မြိတ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဒေသခံများနှင့် လူမှုကူညီရေးအသင်းများ၏ ပြောဆိုမှုများအရ မီးလောင်ကျွမ်းဖြစ်ပွားစဥ် အဆိုပါ ဖိုးလမင်းရာဘာစက်ရုံ၌ အလုပ်သမားအချို့ရှိနေပြီး မီးလောင်မှုကြောင့် ထိခိုက်သေဆုံးသူမရှိခဲ့ကြောင်းနှင့် စက်ရုံအနီး၌ ဓာတ်ဆီဆိုင်တစ်ဆိုင်ရှိခဲ့ရာ ရေများကြိုတင်ပက်ဖျန်း၍ မီးမကူးစက်စေရန် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

အထက်ပါ မီးလောင်ကျွမ်းမှုဖြစ်စဥ်များမှ နေအိမ်တစ်လုံးအပါအဝင် ဖိုးလမင်းရာဘာစက်ရုံတို့၏ ပျက်စီးဆုံးရှုံးမှုအခြေအနေများကိုမူ မသိရသေးပေ။

အလားတူ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့ နယ်၊ ချောင်းတာစူးကျေးရွာအနီး ဆီအုန်းခြံတစ်ခု၌ ယနေ့(ဇန်နဝါရီ ၁၈ ရက်)နေ့လယ် ၂နာရီကျော်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးခဲ့သူ အများစုဟာ မီးခိုးမွှန်ပြီး အသက်ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား တစ်ခုမှာ ဆိုးရွားတဲ့ မီးလောင်မှု ဖြစ်ပွားပြီး လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ဖိနပ်စက်ရုံ မီးလောင်ရာက လူ ၂၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။