Connect with us

Hi, what are you looking for?

သတင်း

ထရမ့်ရဲ့ မီးစိမ်းပြမှုကြောင့် အမေရိကန်မှာ TikTok ပြန်သုံးစွဲခွင့်ပြု

ယာယီ ပိတ်ချခဲ့ပြီး တစ်ရက်လောက် အကြာမှာပဲ အမေရိကန် နိုင်ငံမှာ TikTok ဝန်ဆောင်မှုတွေ ပြန်လည် အသုံးပြုလို့ ရနေပြီ ဖြစ်ပါတယ်။

ယာယီ ပိတ်ချခဲ့ပြီး တစ်ရက်လောက် အကြာမှာပဲ အမေရိကန် နိုင်ငံမှာ TikTok ဝန်ဆောင်မှုတွေ ပြန်လည် အသုံးပြုလို့ ရနေပြီ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့ကျရင် အမေရိကန် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးတာနဲ့ TikTok ကို အမေရိကန်မှာ ပြန်လည် ချိတ်ဆက် အသုံးချခွင့် ရရှိအောင် ခွင့်ပြုပေးသွားမယ်လို့ ရွေးကောက်ပွဲ အနိုင်ရ အမေရိကန် သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်က လူသိရှင်ကြား ပြောကြားခဲ့တဲ့နောက် TikTok ဟာ အမေရိကန်မှာ တစ်ရက်နီးပါး ရပ်နားခဲ့တဲ့ ဝန်ဆောင်မှုကို ပြန်လည် ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယို အတိုလေးတွေ ဝေမျှကြတဲ့ လူမှုကွန်ရက် မီဒီယာ ဝန်ဆောင်မှုကို တရုတ် ကုမ္ပဏီ ByteDanceက ပိုင်ဆိုင်ထားပြီး သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမေရိကန် အစိုးရက အဲဒီ အခြေအနေအပေါ် လုံခြုံရေး ရှုထောင့်ကနေ စိုးရိမ်ခဲ့ပါတယ်။ TikTok အသုံးပြုသူ အမေရိကန် နိုင်ငံသား သန်း ၁၇၀ လောက်ရဲ့ အချက်အလက်တွေ ပေါက်ကြားသွားမှာကို စိုးရိမ်တဲ့အတွက် TikTok ကို အမေရိကန် ပိုင်ဆိုင်မှုဆီ လက်လွှဲရောင်းချဖို့ ဖိအားပေးခဲ့ပြီး မလိုက်နာရင် ဇန်နဝါရီ ၁၉ ရက်နေ့ကစပြီး အဲဒီ ဝန်ဆောင်မှုကို အမေရိကန်က ပိတ်သိမ်းဖို့ စီစဉ်ခဲ့ပါတယ်။

ဒါပေမဲ့ ByteDanceကတော့ တရုတ် အစိုးရဆီ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုခဲ့သလို ကုမ္ပဏီကို လက်လွှဲရောင်းချရေး ကိစ္စကိုလည်း ပယ်ချထားပါတယ်။ ဇန်နဝါရီ ၁၉ ရက်နေ့မှာတော့ အမေရိကန်မှာ ဝန်ဆောင်မှု ယာယီ ရပ်နားထားတယ်လို့ TikTokက ကြေညာခဲ့ပြီး သုံးစွဲသူတွေက TikTokရဲ့ appနဲ့ ဝက်ဘ်ဆိုက်ကို ချိတ်ဆက်လို့ မရဘဲ ဖြစ်လာပါတယ်။ အကျိုးဆက်အဖြစ် အမေရိကန်မှာ VPN appတွေကို အင်တာနက်ကနေ ရှာဖွေနှုန်း တဟုန်ထိုး မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ကတော့ TikTokကို အမေရိကန်မှာ ဆက်လက် လည်ပတ်စေဖို့ အလိုရှိကြောင်း ပြောကြားထားပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် TikTokကို ကယ်တင်ပေးဖို့ လိုတယ်လို့ သူက ဇန်နဝါရီ ၁၉ ရက်နေ့တုန်းက ဝါရှင်တန်မှာ ပြုလုပ်တဲ့ လူထု ထောက်ခံပွဲ တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

အဲဒီ အခမ်းအနား မတိုင်ခင် နာရီပိုင်း အလိုမှာ TikTokဟာ အမေရိကန်မှာ ဝန်ဆောင်မှုတွေ ပြန်လည် အသက်သွင်းခဲ့ပြီး သမ္မတ ထရမ့်ရဲ့ အားထုတ်မှုတွေကြောင့် အမေရိကန်မှာ TikTok ပြန်သုံးလို့ ရပြီလို့ ကြေညာခဲ့ပါတယ်။

ထရမ့်က TikTokကို အမေရိကန်မှာ ဆက်လက် လုပ်ငန်း လည်ပတ်စေလိုတဲ့ သဘောထားမျိုး အတိအလင်း ထုတ်ပြောထားပြီး အမေရိကန် နိုင်ငံက ရှယ်ယာ ၅၀ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ ဖက်စပ်လုပ်ငန်းဆန်ဆန် လည်ပတ်စေချင်တယ်လို့ မှတ်ချက် ပေးထားပါတယ်။

အစောပိုင်းတုန်းကလည်း ထရမ့်က TikTokကို ပိတ်ပင်မယ့် အစီအစဉ်ကို သူသမ္မတ ဖြစ်လာပြီး ရက် ၉၀ လောက် ဆိုင်းငံ့ထားရင်း အဲဒီအတောအတွင်း အဖြေတစ်ခု ညှိနှိုင်း ရှာဖွေစေဖို့ လိုလားကြောင်း ပြောကြားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။