Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ပြည်နယ်နှင့် ဆက်စပ်​ဒေသများတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွား​၊ စစ်တပ်အထိနာပြီး အကြိမ်ကြိမ်ဆုတ်​ပြေးနေ​ကြောင်းAA ထုတ်ပြန်

စစ်​ကောင်စီတပ် ထံမှ လက်နက်ခဲယမ်းနှင့် အ​လောင်းများသိမ်းဆည်းရရှိဟု AA အသိ​ပေး

ဇန်နဝါရီလ (၁၃) ရက်မှ (၁၉) ရက်နေ့များတွင် အမ်းမြို့နယ်အတွင်း ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာအနီးဝန်းကျင်တိုက်ပွဲများ၌ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ။ဓါတ်ပုံ-AA Info Desk

အီယိုယီ/ People’s Spring

ရခိုင်ပြည်နယ်နှင့် ဆက်စပ်​ဒေသများတွင်စစ်​ကောင်စီတပ် နှင့် တိုက်ပွဲများ အပြင်းအထန်ဆက်လက်ဖြစ်ပွား​နေပြီးစစ်တပ် ထံမှ လက်နက်ခဲယမ်းနှင့် စစ်သားအ​လောင်းများစွာသိမ်းဆည်းရမိ​ကြောင်း အာရက္ခတပ်​တော်(AA)ယ​နေ့ (ဇန်နဝါရီ ၂၀ ရက်)ညတွင်ထုတ်ပြန်လိုက်သည်။

အာရက္ခတပ်​တော် (AA)ကအနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နှင့် အမ်း၊ တောင်ကုတ်၊ ဂွမြို့ များမှ စစ်​ကောင်စီတပ်၏ စစ်စခန်းများအားလုံးကို သိမ်းပိုက်ပြီးနောက်တွင် ရက္ခိုင်ရိုးမ နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော ရိုးမတောင်တန်း နှင့် ရက္ခိုင်-ပဲခူးအစပ်၊ ရက္ခိုင်-မကွေးအစပ်၊ ရက္ခိုင်-ဧရာဝတီတိုင်း အစပ် နှင့် ရက္ခိုင်ရိုးမ-ဧရာဝတီတိုင်းအစပ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ​ကြောင်းအသိ​ပေးခဲ့သည်။

AAက ၂၀၂၄ ဒီဇင်ဘာ ၃၀ ရက်နံနက်အ​စောပိုင်းတွင် ဂွမြို့သိမ်းတိုက်ပွဲသတင်းထုတ်ပြန်ပြီး​နောက် ၃ ပါတ်အတွင်းတိုက်ပွဲသတင်းမထုတ်ပြန်ခဲ့ဘဲ​နေရာမှ ဇန်နဝါရီ ၂၀ ရက်ညတွင်မှပြန်လည်ထုတ်ပြန်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အမ်းမြို့နယ်အတွင်း ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာ အနီးပတ်ဝန်းကျင် (တစ်နည်းအားဖြင့်) အမ်း-ပဒါန်း ကားလမ်းမအနီး၌ AA နှင့် စစ်တပ်အကြားအပြန်အလှန် ထိုးစစ်၊ ခံစစ်များနှင့်အတူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့သည်မှာ တစ်ပတ်ကျော်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်ဟုဆိုသည်။ တပ်မ (၈၈)၊ (၉၉) လက်အောက်ခံတပ်ရင်းများ၊ မကွေး၊ ကပစ မှ တပ်ဖွဲ့ဝင်များပါဝင်သည့် စစ်​ကောင်စီတပ် တပ်ရင်းများနှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့ ကတည်းက စတင်ထိ​တွေ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်ဟုသိရသည်။

စစ်​​ကောင်စီတပ်က AA တပ်ဖွဲ့ဝင်များရှိရာနေရာသို့ အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း ထိခိုက် ကျဆုံးမှုများစွာဖြင့် အကြိမ်ကြိမ် ဆုတ်ခွာထွက်ပြေးခဲ့ရသည်ဟုဆိုသည်။

တစ်ပတ်ကျော် ကြာတိုက်ပွဲများအတွင်းစစ်သားအလောင်းအမြောက်အမြားကို သိမ်းဆည်းရရှိပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကာ စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရရှိခဲ့ဟု ဓါတ်ပုံမှတ်တမ်းနှင့်တကွထုတ်ပြန်သည်။

ထို့အပြင် ရက္ခိုင်-ဧရာဝတီတိုင်း အစပ်၏ နေရာအချို့၊ ပွိုင့် (၃၆၉) ကုန်း နှင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့၊ ချင်းစုကျေးရွာအနီးတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု​ဖော်ပြထားသည်။သို့​သော်တိုက်ပွဲအ​သေးစိပ်ကိုမူ မ​ဖော်ပြ​သေး​ပေ ။နောက်ဆက်တွဲ တိုက်ပွဲသတင်းများရှိလျင် ဆက်လက်ထုတ်ပြန်သွားမည်ဟုလည်းအသိ​​ပေးထားသည်။

ထိုအပြင် ရခိုင်ပြည်နယ်တွင် AAသိမ်းပိုက်ရန် ကျန်ရှိနေသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့များထဲမှ စစ်တွေမြို့နှင့်အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ စနိုက်ဘာများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေသကဲ့သို့ လေကြောင်း၊ ရေကြောင်းများမှလည်း ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေသည်ဟုလည်းထုတ်ပြန်သည်။ အထူးသဖြင့် ဒရုန်းတိုက်ခိုက်မှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုများမှာ ပိုမိုများပြားခဲ့သည်ဟုသိရသည်။

ဇန်နဝါရီလ (၂၀) ရက်၊ မွန်းလွှဲပိုင်းတွင် စစ်ကောင်စီက စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းရွာမှ ၎င်း၏ တစ်ဖက်ကမ်းရှိ ဝါဘိုကျေးရွာအတွင်းသို့ ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ဝါဘိုကျေးရွာအတွင်းရှိ အရပ်သားလူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့သည်ဟုလည်း ​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။