Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့ စစ်တပ် တပ်စွဲရာနေရာများသို့ လေကြောင်းမှ ရိက္ခာထုပ်များချ၊ ရိက္ခာထုပ်အချို့ PDF များရရှိ

ဒီပဲယင်းမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို Y-12 လေယာဉ်ဖြင့် ​လေထီးအသုံးပြု၍ ရိက္ခာအထုပ်တစ်ရာနီးပါး လာချခဲ့ရာ ရိက္ခာထုပ်အချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများက ရရှိခဲ့သည်။

စစ်​ကောင်စီ ချ​ပေး​သော ရိက္ခာထုပ်များထဲမှ PDF သိမ်းဆည်းရရှိ​သော ရိက္ခာထုပ်အချို့။ ဓါတ်ပုံ-CJ

ကဖေး/People’s Spring

ဒီပဲယင်းမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို Y-12 လေယာဉ်ဖြင့် ​လေထီးအသုံးပြု၍ ရိက္ခာအထုပ်တစ်ရာနီးပါး လာချခဲ့ရာ ရိက္ခာထုပ်အချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများက ရရှိခဲ့သည်။

“၉၈ ထုပ်ချတာ။ စစ်ကောင်စီဘက်ကလည်း ထွက်မကောက်ရဲဘူး။ ကိုယ်တွေဘက်ကလည်း အသင့်ရှိနေတာ။ ရိက္ခာထုပ်တချို့ ရထားတယ်။ ကျန်တာကတော့ သူတို့ ချတဲ့ နေရာမှာပဲ”ဟု ဒေသခံသတင်းရင်းမြစ်က လုထု​​နွေဦးသို့ပြောသည်။

ရိက္ခာထုပ်များကို စစ်ကောင်စီက ဇန်နဝါရီလ ၂၂ရက် ညနေ ၂နာရီခန့်မှ ၃နာရီခွဲခန့်အတွင်း Y12 လေယာဉ်ဖြင့် ၁၂ ကြိမ် ချခြင်းဟု သိရသည်။

Public Service Announcement

Public Service Announcement

ဒီပဲယင်းမြို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ရွှေဘိုခရိုင်အမှတ် (၁) ကွပ်ကဲရေးရုံးကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။သို့​​သော်မြို့သိမ်းပြီး နာရီပိုင်းအတွင်းမှာပင်စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ပြီး စစ်ကူပို့၍ ပြန်လည်ထိန်းချုပ်ခဲ့သည်။ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၈ ဦး သေဆုံးပြီး ၁၀ဦးဒဏ်ရာရကာ Non-CDM

ဝန်ထမ်း ၄၀ ဦး၊ အချုပ်သား ၂၀ ဦး၊ ပြည်သူ ၇၂ ဦးအားကယ်တင်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၁) စစ်ဒေသက ဩဂုတ်လ ၂၀ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။

မြို့အားပြန်လည်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်ခဲ့သည်။ထို့အပြင် မြေပြင်စစ်ကြောင်းသည် ဒီပဲယင်းမြို့မရဲစခန်း၊ စာသင်ကျောင်းနှင့် ဇွဲစားသောက်ဆိုင်အဆောက်အအုံ၌ တပ်စွဲထားသည်။ ယခု ရိက္ခာထုပ်များကိုလည်း အဆိုပါနေရာ သုံးခုပတ်ဝန်းကျင်တွင်ချသွားခြင်းဟုသတင်းရရှိသည်။

စစ်တပ်က မြို့​ပေါ်တွင်တပ်စွဲထား​သော်လည်း မြို့အနီးဝန်းကျင်ကို PDF များကထိန်းချုပ်ထားခြင်းဖြစ်သည်။

ဒီပဲယင်းမြို့ပေါ်၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ မကြာခဏတိုက်ပွဲဖြစ်ပွားခဲ့သည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ၁၇ရက်​​နေ့ကဖြစ်ပွားသောတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ မိုင်းစစ်ဆင်ရေးအဓိကတာဝန်ရှိသူကို ကာကွယ်ရေးတပ်ဖွဲ့များကဖမ်းဆီးနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။