Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်နေ

ရှမ်း – ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး မြို့ပြန်ရရေး စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်နေကြောင်း အဆိုပါ စစ်မြေပြင်ရှိ ရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၂၂ ရက်က မိုးဗြဲမြို့တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသည့် ရဲဘော်တစ်ဦးကို ကယ်ထုတ်နေစဥ်(ဓာတ်ပုံ − Kyaw Oo)

ရဲခေါင်/People’s Spring

ရှမ်း – ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး မြို့ပြန်ရရေး စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်နေကြောင်း အဆိုပါ စစ်မြေပြင်ရှိ ရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၉ ရက်ကစ၍ လေကြောင်း၊လက်နက်ကြီး ပစ်ကူများစွာအပါအဝင် မြေပြင်အင်အား ၃၀၀ခန့်ဖြင့် ကရင်နီပူးပေါင်းတပ်၏ခံစစ်ကို ကျော်ဖြတ်ရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။

“မနေ့က(ဇန်ဝါရီ ၂၂ ရက်) တိုက်ပွဲကတော့ ရဲဘော်တချို့ ဒဏ်ရာရတာတွေရှိတယ်။တစ်ဦးကျတယ်။စကစ ဘက်ကလည်း လေးငါးဦးလောက် သေတယ်”ဟု မြေပြင်ရှိရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

မိုးဗြဲမြို့၏ အနောက်ဘက်ခြမ်းရှိ ကရင်နီတပ်ပေါင်းစု ထိန်းချုပ်ထားသည့်နေရာများကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေခြင်းဟု ၎င်းက အသိပေးသည်။

ရှမ်း − ကရင်နီပြည်နယ်စပ်တစ်နေရာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်နေပြီး ကယ်ဆယ်ရေးတပ်ဖွဲ့အနေဖြင့် ဆေးဝါးနှင့် လောင်စာဆီများ လိုအပ်နေကြောင်း MOBYE PDF Rescue Team-MPRT က ဇန်နဝါရီ ၂၂ရက်တွင် ထုတ်ပြန်ထားသည်။

“ဒီလ မကုန်ခင် မိုးဗြဲကိုပြန်ထိန်းချုပ်ဖို့ အမိန့်ပေးထားတယ်လို့ သိရတယ်။မနေ့ကဆိုလည်း ပေါင် ၅၀၀ ဗုံးတွေ မိုးဗြဲကို ကြဲတယ်။ဖယ်ခုံနဲ့ လွိုင်ကော် အခြေစိုက်တပ်တွေကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်”ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

မိုးဗြဲမြို့ပြန်ထိန်းချုပ်ရန် ကြိုးပမ်းရာတွင် ကရင်နီတပ်ပေါင်းစုက မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂)တပ်ရင်းဘက်၌ ပိတ်ဆို့ထားကာ တက်လာသည့်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုကြောင့် နှစ်ဘက်အကျဆုံးများသည်ဟု စစ်ကောင်စီဝါဒဖြန့်သူအချို့က ဖြန့်ဝေလျှက်ရှိသည်။

မိုးဗြဲတိုက်ပွဲနှင့်ပတ်သက်၍ ကရင်နီတပ်ပေါင်းစုဘက်က ထုတ်ပြန်ခြင်းနှင့် သီးခြားမှတ်ချက် မပြုသေးပေ။

၂၀၂၃ နိုဝင်ဘာက ကရင်နီတပ်ပေါင်းစု၏ ၁၁၁၁ စစ်ဆင်ရေးတွင် မိုးဗြဲမြို့ကိုထိန်းချုပ်နိုင်ခဲ့ကာစစ်ကောင်စီဘက်က လွန်ခဲ့သည့် နှစ်လကျော်ကစ ထိုးစစ်ဆင်လာ၍ ကရင်နီတပ်ပေါင်းစုက ခုခံကာကွယ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။