Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနှင့် “ဝ” ပူးတွဲထိန်းချုပ်ထားသည့် တန့်ယန်းမြို့၌ ရွှေဆိုင် ဓားပြတိုက်ခံရ

စစ်ကောင်စီနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်( UWSA) ပူးတွဲထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် ယနေ့ (ဇန်နဝါရီ ၂၃ရက်) နေ့လယ်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။

၂၀၂၁က တန့်ယန်းမြို့တနေရာ၌ တွေ့ရသော စစ်ကောင်စီတပ်သားများ။(ဓာတ်ပုံ − CINCDS)

ကဖေး/People’s Spring

စစ်ကောင်စီနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်( UWSA) ပူးတွဲထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် ယနေ့ (ဇန်နဝါရီ ၂၃ရက်) နေ့လယ်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။

တန့်ယန်းမြို့၊ မြို့မစျေးမှ ရွှေဆိုင်တစ်ဆိုင်ကို သေနတ်ကိုင်ဆောင်ထားသော လူတစ်စုက ကားဖြင့်လာရောက်ပြီး ဓားပြတိုက်ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

ရွှေထည်များပါသွားပြီး ဓားပြအဖွဲ့မှ တစ်ဦးကို ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့သည်ဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

” ရွှေတွေ တော်တော်ပါသွားတယ်။ တစ်ယောက်ကိုတော့ ဝိုင်းဖမ်းထားတယ်။ စစ်တပ်နဲ့ ဝက ဘယ်လိုဆက်လုပ်မလဲတော့မသိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ၃ရက်ခန့်ကလည်း တန့်ယန်းမြို့ပေါ်မှ နေတစ်အိမ် ဓားပြတိုက်ခံခဲ့ရပြီး ကာယကံရှင်များက သတင်းကိုဖုံးဖိထားသည်ဟု ဒေသခံချို့က ပြောသည်။

တန့်ယန်းမြို့တွင် ပြီးခဲ့သည့် ၂၀၂၄နှစ်လယ်ပိုင်းက ရွှေဆိုင်တစ်ဆိုင်ဓားပြတိုက်ခံခဲ့ရပြီး ဆိုင်ရှင်ဖြစ်သူသေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသည့် ဖြစ်စဉ်လည်း ဖြစ်ခဲ့ဖူးသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ၂၀၂၄ ဇူလိုင်တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်

တပ်မတော်(MNDAA)က လားရှိုးမြို့ကိုသိမ်းယူပြီးနောက် UWSAက စစ်ကောင်စီနှင့်ညှိနှိုင်းကာ တန့်ယန်းမြို့ကို ဝင်ရောက်ထိန်းချုပ်ထားခြင်းဖြစ်သည်။

တန့်ယန်းမြို့တွင် ကျားဖြန့်လောင်းကစားလုပ်ငန်းများနှင့် တရားမဝင်ဖျော်ဖြေလုပ်ငန်းများ ပေါများနေပြီး တရားဥပဒေစိုးမိုးမှုအားနည်းနေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

သတင်း

၃ ရက်အတွင်းစစ်​ရှောင်ပြည်သူ ၉ ဦး​သေဆုံး

သတင်း

ညနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့

သတင်း

စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ် ဆင်နေသော မိုးဗြဲ မြို့ကို တော်လှန်ရေးပူးပေါင်းတပ် များ ထိန်းချုပ်ထားနိုင်ဆဲဖြစ်​ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ယနေ့ ထုတ်ပြန်သည်။