Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနှင့် “ဝ” ပူးတွဲထိန်းချုပ်ထားသည့် တန့်ယန်းမြို့၌ ရွှေဆိုင် ဓားပြတိုက်ခံရ

စစ်ကောင်စီနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်( UWSA) ပူးတွဲထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် ယနေ့ (ဇန်နဝါရီ ၂၃ရက်) နေ့လယ်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။

၂၀၂၁က တန့်ယန်းမြို့တနေရာ၌ တွေ့ရသော စစ်ကောင်စီတပ်သားများ။(ဓာတ်ပုံ − CINCDS)

ကဖေး/People’s Spring

စစ်ကောင်စီနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်( UWSA) ပူးတွဲထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် ယနေ့ (ဇန်နဝါရီ ၂၃ရက်) နေ့လယ်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။

တန့်ယန်းမြို့၊ မြို့မစျေးမှ ရွှေဆိုင်တစ်ဆိုင်ကို သေနတ်ကိုင်ဆောင်ထားသော လူတစ်စုက ကားဖြင့်လာရောက်ပြီး ဓားပြတိုက်ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

ရွှေထည်များပါသွားပြီး ဓားပြအဖွဲ့မှ တစ်ဦးကို ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့သည်ဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

” ရွှေတွေ တော်တော်ပါသွားတယ်။ တစ်ယောက်ကိုတော့ ဝိုင်းဖမ်းထားတယ်။ စစ်တပ်နဲ့ ဝက ဘယ်လိုဆက်လုပ်မလဲတော့မသိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ၃ရက်ခန့်ကလည်း တန့်ယန်းမြို့ပေါ်မှ နေတစ်အိမ် ဓားပြတိုက်ခံခဲ့ရပြီး ကာယကံရှင်များက သတင်းကိုဖုံးဖိထားသည်ဟု ဒေသခံချို့က ပြောသည်။

တန့်ယန်းမြို့တွင် ပြီးခဲ့သည့် ၂၀၂၄နှစ်လယ်ပိုင်းက ရွှေဆိုင်တစ်ဆိုင်ဓားပြတိုက်ခံခဲ့ရပြီး ဆိုင်ရှင်ဖြစ်သူသေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသည့် ဖြစ်စဉ်လည်း ဖြစ်ခဲ့ဖူးသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ၂၀၂၄ ဇူလိုင်တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်

တပ်မတော်(MNDAA)က လားရှိုးမြို့ကိုသိမ်းယူပြီးနောက် UWSAက စစ်ကောင်စီနှင့်ညှိနှိုင်းကာ တန့်ယန်းမြို့ကို ဝင်ရောက်ထိန်းချုပ်ထားခြင်းဖြစ်သည်။

တန့်ယန်းမြို့တွင် ကျားဖြန့်လောင်းကစားလုပ်ငန်းများနှင့် တရားမဝင်ဖျော်ဖြေလုပ်ငန်းများ ပေါများနေပြီး တရားဥပဒေစိုးမိုးမှုအားနည်းနေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook