Connect with us

Hi, what are you looking for?

သတင်း

⁨ဇင်ဝိုင်းရဲ့ သားအတွက်ရေးတဲ့စာ

၂၀၂၁ အာဏာသိမ်းကာလ အစပိုင်းမှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းခံခဲ့ရပြီးတဲ့နောက်ပိုင်း ပြည်သူတွေရဲ့ မြင်ကွင်းက ပျောက်နေခဲ့တဲ့ ဇင်ဝိုင်းက သားဖြစ်သူအတွက် ဂုဏ်ယူကြောင်း ရေးသားထားတဲ့ စာစုလေးနဲ့အတူ ပြန်ပေါ်လာခဲ့ပါတယ်။

ဆဏ်း/ People’s Spring

၂၀၂၁ အာဏာသိမ်းကာလ အစပိုင်းမှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းခံခဲ့ရပြီးတဲ့နောက်ပိုင်း ပြည်သူတွေရဲ့ မြင်ကွင်းက ပျောက်နေခဲ့တဲ့ ဇင်ဝိုင်းက သားဖြစ်သူအတွက် ဂုဏ်ယူကြောင်း ရေးသားထားတဲ့ စာစုလေးနဲ့အတူ ပြန်ပေါ်လာခဲ့ပါတယ်။

ထူးထူးခြားခြားချီးမွမ်းခန်းတွေဖွင့်ထားတာတော့ မဟုတ်ပါဘူး။

ဒီကာလမှာ အရာအားလုံးစွန့်ပြီး ပြည်သူဘက်ရပ်တည်ခဲ့တဲ့ သားဖြစ်သူအတွက် ကျေနပ်ကြောင်း ရိုးရိုးလေး ရေးထားတာပါ။

Public Service Announcement

Public Service Announcement

မင်းမော်ကွန်းဖတ်ဖို့ ဒုတိယအကြိမ် ရေးဖြစ်တာလို့လည်းဖော်ပြထားပါတယ်။

ပထမဆုံးအကြိမ်ကတော့ သရုပ်ဆောင်လောကကိုစဝင်တဲ့သားဖြစ်သူအတွက် ဆုံးမစကားပါ။

“သားကိုအဖေမော့ကြည့်ပါရစေ”ဆိုတဲ့စကားတခွန်းနဲ့မင်းကိုမှာခဲ့ဖူးရဲ့။ သားတစ်ယောက်ကို ကိုယ့်ထက်မြင့်မားအောင်မြင်စေချင်တဲ့ ဖခင်တယောက်ရဲ့ဆန္ဒပေါ့” လို့ လွန်ခဲ့တဲ့ ၂၈ နှစ်က ရေးသားခဲ့တဲ့ အကြောင်းအရာကို ဇင်ဝိုင်းက ပြောထားပါတယ်။

အခုတော့ အဲဒီ့တုန်းကပြောခဲ့တဲ့အတိုင်း သားဖြစ်သူက သူ့ထက်ပိုသာခဲ့တယ်လို့လည်း ချီးကျူးထားပါတယ်။

“ခု…သားကိုအဖေမော့ကြည့်နေရပီသား။ အဖေ့ထက်ပိုတော်တဲ့၊ အဖေ့ထက်ပိုကိုယ်ကျိုးစွန့်နိုင်တဲ့၊ အဖေ့ထက် ပိုပေးဆပ်နိုင်တဲ့၊အဖေ့ထက်ပိုမြင့်မားတဲ့ သားတယောက်အဖြစ်နဲ့ပေါ့။” လို့ ဇင်ဝိုင်းကရေးသားထားတာပါ။

မင်းမော်ကွန်းက စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့ အချိန်ကတည်းက ပြည်သူတွေနဲ့အတူ အမြဲရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦး
ပါ။

တစ်ခါတစ်လေ သူ့ရဲ့ လူမှုကွန်ရက်မှာ စိတ်လွတ် ကိုယ်လွတ်ရေးသားမှုတွေကြောင့် ဝေဖန်ခံရတာတွေရှိပေမယ့် သူမှားရင် မှားတဲ့ အကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံတက်သူလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မင်းမော်ကွန်းက မိသားစုနဲ့အတူ ဩစတေးလျနိုင်ငံမှာ နေထိုင်တာဖြစ်ပေမယ့်လည်း သူထွက်မသွားခင်က ပြောခဲ့တဲ့အတိုင်း တော်လှန်ရေး ဘက်တော်သားတွေဆီကို အခြေအနေပေးတိုင်း ပြန်လာလေ့ရှိသူပါ။

အခုလည်း ပြီးခဲ့တဲ့ရက်က ချင်းမိုင်မှာ ပြုလုပ်တဲ့ သူ့ရဲ့ ရုပ်ရှင်ပါဝင်ပြသတဲ့ ရန်ပုံငွေရုပ်ရှင်ပြပွဲကိုလည်း ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ခဲ့ပါတယ်။

အဲဒီ့ပွဲကို သူတို့သားအဖ နှစ်ယောက်စလုံးတက်ရောကခဲ့ကြတာလည်းဖြစ်ပါတယ်။

စင်ပေါ်မှာ စကားပြောနေတဲ့ သားဖြစ်သူကို ပြုံးပြုံးကြီး ကြည့်နေတဲ့ပုံကိုလည်း ဇင်ဝိုင်းက သူ့စာနဲ့အတူ တင်ထားခဲ့တာပါ။⁩

ဆက်စပ်သတင်းများ

သတင်း

တော်လှန်အနုပညာရှင် သုံးဦး ခေါင်းဆောင် ပါဝင်ထားတဲ့ Ray ရုပ်ရှင်ကို ဇွန် ၂၇ ရက် ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပထမဆုံးပြသသွားမှာဖြစ်ပါတယ်။

အတွေးအမြင်

သင်္ကြန်ရောက်တော့မည်ဟု ဆိုလိုက်သည်နှင့် စိတ်အာရုံထဲတွင် အလိုအလျောက် ပေါ်လာတတ်သည်မှာ သင်္ကြန်မိုး ရုပ်ရှင်နှင့် ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းများ၊ သင်္ကြန်သီချင်းများပင် ဖြစ်သည်။

သတင်း

ရုပ်ရှင်အစည်းအရုံးတည်ထောင်တဲ့ နှစ်(၈၀) ပြည့်အထိမ်းအမှတ် နှင်းဆီအဖွဲ့ရဲ့ ‌ဖျော်ဖြေပွဲက စစ်ကောင်စီဘက်က ဖိအားတွေကြောင့် လုပ်တာမဟုတ်ပဲ အဖွဲ့သားတွေကိုယ်တိုင် တတ်တတ်ကြွကြွလုပ်ဆောင်နေတာဖြစ်တယ်လို့ ရုပ်ရှင်လောကက သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရဲဘော်တွေအတွက် ခြေတု၊လက်တု တပ်ဆင်ပေးနိုင်ဖို့ရည်ရွယ်တဲ့ တော်လှန်အနုပညာရှင် မင်းမော်ကွန်းရဲ့ မွေးနေ့ လက်ဆောင်ကမ်ပိန်းက အောင်မြင်ခဲ့ပြီး မျှော်မှန်းထားတဲ့ ပမာဏထပ် ရန်ပုံငွေ ပိုရခဲ့တယ်လို့ Artists' Shelter က ထုတ်ပြန်ပါတယ်။