Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့ရှိ စစ်ကောင်စီ သံချပ်ကာတပ်ရင်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်၊ သံချပ်ကာယာဉ် ၄စီး ရဟုဆို

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးဆောင်ရွက်လျက်ရှိသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ယနေ့(ဇန်နဝါရီ ၂၄ရက်)တွင် စစ်ကောင်စီ၏ ဗန်းမော်အခြေစိုက် သံချပ်ကာ တပ်ရင်းသိမ်းပိုက်ရာ သံချပ်ကာယာဉ် ၄စီးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

၂၀၂၄ ဩဂုတ်အတွင်းက မိုးမောက်မြို့သိမ်းတိုက်ပွဲ၌ KIA သိမ်းပိုက်ရရှိသည့်သံချပ်ကာယာဉ်နှင့် KIAပူးပေါင်းတပ်မှ ရဲဘော်များ။(ဓာတ်ပုံ − The Kachin Net)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးဆောင်ရွက်လျက်ရှိသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ယနေ့(ဇန်နဝါရီ ၂၄ရက်)တွင် စစ်ကောင်စီ၏ ဗန်းမော်အခြေစိုက် သံချပ်ကာ တပ်ရင်းသိမ်းပိုက်ရာ သံချပ်ကာယာဉ် ၄စီးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIAနှင့် မဟာမိတ်တပ်များသည် ယနေ့တွင် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်။

“ဗန်းမော် သံချပ်ကာ တပ်ရင်းသိမ်းပိုက်။ သံချပ်ကာ တင့်ကား ၄စီး သိမ်းဆည်းရရှိထား” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ယနေ့ နေ့လည်ပိုင်းတွင် ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ်မေးမြန်းရာ သံချပ်ကာတပ်ကို ဝင်စီးပြီး သံချပ်ကာ ယာဉ် ၄စီး သိမ်းရသည့်ဖြစ်စဉ်ကို ကြားသိရကြောင်း ပြောသည်။

“အဲဒါကတော့ ကွန်ဖန်းတော့မဖြစ်ဘူး ပြောတော့ ပြောကြတယ်။ သံချပ်ကာကားတွေကို ဝင်စီးပြီးမှ အစီး ၄စီးကို ဝင်စီးတယ်ဆိုတာပေါ့။ ဒါပေမဲ့ အတိအကျ ကွန်ဖန်းမဖြစ်သေးပါဘူး။” ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့ နေ့လည်တွင် ပြောသည်။

ဗန်းမော်တိုက်ပွဲ အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA ပူးပေါင်းတပ်က ယနေ့တွင် ထိုးစစ်အရှိန်မြှင့်တင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်နေကြောင်းလည်း ၎င်းက ပြောပြသည်။

“ နည်းနည်းနားပြီးတော့မှ နည်းနည်းအရှိန်မြှင့်ပြီးမှ ပြန်ပြီးတော့မှ ထိုးစစ်ဆင်တဲ့သဘောမျိုးတော့ရှိပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIAသည် ဗန်းမော်နှင့် မံစီမြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာ ၄ရက်တွင် စတင်ခဲ့ရာ စစ်ဆင်ရေးအစပိုင်း၌လည်း သံချပ်ကာယာဉ် ၁စီးကို KIA ပူးပေါင်းတပ်က သိမ်းရခဲ့ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပြထားသည်။ KIA ၏ထိုးစစ် တစ်လကျော်အကြာ ဇန်နဝါရီ ၈ရက်တွင် မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ် အားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ဗန်းမော်မြို့ရှိ တပ်ရင်းဌာနချုပ်များကို ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူပေးခုခံတိုက်ခိုက်လျက်ရှိသည်ဟုလည်း သတင်းရင်းမြစ်တို့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အလောင်း ၄၀ကျော်ရှိပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က ပြန်စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဗန်းမော်နဲ့ ရွှေကူမြို့နယ်ကြား မြစ်ကြောင်းတလျှောက်မှာ ကြားဖြတ်တိုက်ခိုက်ရာ စက်တင်ဘာ ၁၄ရက် မနက်မှာ စစ်တပ်သင်္ဘော ၁စီး ထပ်မံတိုက်ခိုက်ခံရပြီး နစ်မြုပ်သွားဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပျက်စီးသွားတဲ့ သင်္ဘောပေါ်က စစ်သားတွေ အခြားသင်္ဘောပေါ်ပြောင်းရွှေ့၊ စစ်တပ်က သင်္ဘောပျက် ဆွဲသွားရန်ကြိုးပမ်းနေဟုဆို

သတင်း

ကမ်းကပ်ထားတဲ့သင်္ဘောအချို့နဲ့ မြစ်အတွင်းမောင်းပြေးတဲ့အမြန်ရေယာဉ်ငယ် တိုက်ခိုက်ခံရမှု ရုပ်သံ ထွက်ပေါ်