Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့ စစ်ကောင်စီထိန်းချုပ်နိုင်ပြီမှာ သတင်းအမှားဖြစ်ပြီး တိုက်ပွဲပြင်းထန်နေဟု KNDFပြော

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကို စစ်ကောင်စီထိန်းချုပ်နိုင်ပြီမှာ သတင်းအမှားဖြစ်ပြီး တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မိုးဗြဲမြို့တိုက်ပွဲအတွင်း တွေ့ရသော မိုးဗြဲ PDFမှ ရဲဘော်များ။ ဓာတ်ပုံ - MBPDF

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကို စစ်ကောင်စီထိန်းချုပ်နိုင်ပြီမှာ သတင်းအမှားဖြစ်ပြီး တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယခုရက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီး ပစ်ခတ်မှုအပြင် မြေပြင်ထိုးစစ်အရှိန်မြှင့်လာပြီးနောက် ဇန်နဝါရီ ၂၄ရက်တွင် အလုံးစုံထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီဝါဒဖြန့်ချန်နယ်များက ရေးသားနေကြသည်။

ထိုသို့ရေးသားလှုံ့ဆော်မှုမှာ သတင်းအမှားသာဖြစ်ကြောင်း မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေဆဲဟု KNDF တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“မိုးဗြဲမြို့က တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်တယ်။စစ်ကောင်စီဘက်ကတော့ ဒီမိုးဗြဲကိုထိန်းချုပ်နိုင်ဖို့ အပြင်းအထန်ထိုးစစ်ဆင်နေတဲ့အနေအထားမျိုးဖြစ်ပါတယ်”ဟု KNDF တာဝန်ရှိသူက ပြောသည်။

ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ကို ဇန်နဝါရီ၁၉ ရက်ကစ၍ လေကြောင်း၊လက်နက်ကြီး ပစ်ကူများစွာအပါအဝင် မြေပြင်အင်အား ၃၀၀ ကျော်ဖြင့် ကရင်နီပူးပေါင်းတပ်၏ ခံစစ်ကို ကျော်ဖြတ်ရန် စစ်ကောင်စီက ကြိုးပမ်းနေသည်ဟု မြေပြင်ရဲဘော်အချို့က လူထုနွေဦးသို့ ပြောထားသည်။

ဇန်နဝါရီ ၂၄ရက်အထိ လူထုနွေဦးကစုံစမ်းသိရှိရသော စစ်ရေးအချက်အလက်အရ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိပြီး မိုးဗြဲမြို့တွင်းကို စစ်ကောင်စီတပ်က တိုးဝင်ရန်ကြိုးပမ်းခြင်းဟု သိရသည်။

“ဒီလ မကုန်ခင် မိုးဗြဲကို ပြန်ထိန်းချုပ်ဖို့ အမိန့်ပေးထားတယ်လို့ သိရတယ်။တနေ့ကဆိုလည်း ပေါင် ၅၀၀ ဗုံးတွေ မိုးဗြဲကို ကြဲတယ်။ဖယ်ခုံနဲ့ လွိုင်ကော်အခြေစိုက်တပ်တွေကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်”ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

မိုးဗြဲ မြို့ရှိ စစ်ကောင်စီအခြေစိုက်ရာ ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း ၃၊ ပွဲကုန်း ၁၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်းနှင့် စည်ကား၂ နှင့် စက်တော်ရာတောင်ကုန်း(ခ)ဗျူဟာကုန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာတွင် ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့သည်။

သို့သော် မိုးဗြဲမြို့နှင့် နှစ်မိုင်ကျော်အကွာရှိ မြို့စောင့်တပ်ဖြစ်သော ခြေမြန်တပ်ရင်း အမှတ်(၄၂၂)ကိုမူ မသိမ်းပိုက်နိုင်ခဲ့ပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။