Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့ လေယာဉ်ကွင်းကို KIA ပူးပေါင်းတပ် ဝင်ရောက်ရှင်းလင်း၊ တိုက်ပွဲဆက်ပြင်းထန်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) တပ်ဌာနချုပ်အနီးရှိ လေယာဉ်ကွင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဝင်ရောက်ရှင်းလင်းနိုင်ပြီး လက်ကျန် စစ်ကောင်စီတပ်များနှင့်လည်း တိုက်ပွဲဆက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) တပ်ဌာနချုပ်အနီးရှိ လေယာဉ်ကွင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဝင်ရောက်ရှင်းလင်းနိုင်ပြီး လက်ကျန် စစ်ကောင်စီတပ်များနှင့်လည်း တိုက်ပွဲဆက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

ဇန်နဝါရီ ၂၄ရက်တွင် ထိုးစစ်အရှိန်မြှင့်ပြီးနောက် KIAက ဗန်းမော်မြို့ရှိ (၇၀၀၆)သံချပ်ကာ တပ်ရင်းကို ဇန်နဝါရီ ၂၅ရက်တွင် အပြီးသတ် သိမ်းပိုက် ကာ အနီးရှိ အမြောက်တပ်ကိုလည်း တိုက်ခိုက်ခဲ့သည်။

ယနေ့(ဇန်နဝါရီ ၂၆ရက်)တွင် အဆိုပါသံချပ်ကာတပ်၊ အမြောက်တပ်များအနီးရှိ လေယာဉ်ကွင်းအတွင်းသို့ KIA ပူးပေါင်းတပ်များ ဝင်ရောက်နိုင်သည့် ရုပ်သံမှတ်တမ်းအချို့လည်း ထွက်ပေါ်လာရာ လေယာဉ်ကွင်းကို တစိတ်တပိုင်း သိမ်းပိုက်ရရှိထားနိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

Public Service Announcement

Public Service Announcement

“လေယာဉ်ကွင်းထဲဝင်နေပြီ။ အကုန်တော့ မရသေးဘူး။ ကွင်းကအကျယ်ကြီး။ တချမ်းတော့ ရှင်းပြီးပြီ။ အမတ(၃၆၆)၊ (၇၀၀၆)သံချပ်ကာတပ်၊ လေယာဉ်ကွင်းတွေက ဆက်နေတာ။ ခလရ (၂၃၆၊ ၂၃၇)လည်း စကခ-၂၁နဲ့ ကပ်နေတာ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယနေ့တွင်လည်း တိုက်ပွဲအလွန်ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း တိုက်ခိုက်မှု မရပ်မနား ပြုလုပ်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “သိမ်းတော့ သိမ်းတယ် လေယာဉ်ကွင်းသိမ်းတယ်။ ဒါပေမဲ့ အကုန်လုံးအပြီးအစီးတော့ မဟုတ်သေးဘူး။ သူက နှစ်ခြမ်းရှိတယ် ကားလမ်းဟိုဘက်အခြမ်းမှာလည်းရှိတယ် ဒီဘက်ခြမ်းလည်းရှိတယ်။ သူတို့ ပြောတာ နောက်တခြမ်းရှိသေးတယ်လို့ ပြောတယ်” ဟု ပြောပြသည်။

KIA ပူးပေါင်းတပ်က ဗန်းမော်မြို့ကို ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲရက်ပေါင်း ၅၀ ကျော်အတွင်း မြို့ဧရိယာ အများစုနှင့် စစ်ကောင်စီတပ်စွဲရာနေရာအများအပြားကို သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ဟု ကချင်သတင်းရင်းမြစ်တို့က ပြောပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်က အသေခံ ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်တပ် အထိနာခဲ့ပြီး လက်ကျန်တပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်မှုရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ​ရွှေဘိုခရိုင်တပ်ရင်း ၂၄ ကဒီကနေ့ (မေလ ၂၄)မှာ ထပ်မံ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ၅လမ်းဆုံတပ်စခန်းကို စစ်တပ်က ပြန်လည်ထိုးစစ်ဆင်လာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ဆုတ်ခွာပေးရကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ဆောင်းပါး

လူနာကုတင်ပေါ်မှာ ကလေးငယ်တစ်ယောက်စူးစူးဝါးဝါးအော်ငိုနေပါတယ်။ ငိုသံကို ကြားရသူ၊ ကလေးကို မြင်ရသူတွေလည်း မျက်ရည်တွေ စီးကျနေပါတယ်။ ငိုသံဟာ မနေ့ညနေပိုင်းမှာ စစ်တပ်ကတိုက်လေယာဉ်နဲ့ ဗုံးကြဲစဉ်ကပေါက်ကွဲသံထက်တောင် ပိုပြီးကျယ်လောင်သ​ယောင် ခံစားရတယ်လို့ ကလေးငယ်ကို ဆေးကုပေးနေသူတစ်ဦးက ဆိုပါတယ်။

သတင်း

ဧရာဝတီမြစ်ကြောင်းကို စစ်ကောင်စီတပ်က စိုးမိုးဖို့ကြိုးစားနေပြီး မန္တလေးမြို့ကနေ သပိတ်ကျင်းမြို့အထိ မြစ်ကမ်းဘေးကျေးရွာတွေကို ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။