Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်မှာ ခရီးသည်တင်ကားကို ဝါသဝ​​ရဲ့ စစ်ကြောင်းက ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ ခရီးသည်နှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို – မြစ်ကြီးနားကားလမ်း(ရှောင်ကွင်းလမ်း)မှာ ခရီးသည်တင်ကားကို သင်္ဃန်းဝတ် ဝါသဝ​၏ ပျူစောထီးစစ်ကြောင်းက ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့လို့ ခရီးသည်နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ စစ်သင်တန်းတစ်ခုတွင် တွေ့ရသည့် ဝါသဝနှင့် ပျူစောထီးများ။ (ဓာတ်ပုံ - အညာသားလေး)

မေ/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို – မြစ်ကြီးနားကားလမ်း(ရှောင်ကွင်းလမ်း)မှာ ခရီးသည်တင်ကားကို သင်္ဃန်းဝတ် ဝါသဝ​၏ ပျူစောထီးစစ်ကြောင်းက ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့လို့ ခရီးသည်နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၅ရက် ညနေ၅နာရီခွဲခန့်မှာ ရွှေဘို – မြစ်ကြီးနားကားလမ်း၊ စံပယ်နံ့သာရှောင်ကွင်းလမ်းမှာ သွားလာနေတဲ့ နန်းမြင့်ခရီးသည် တင်ကားကို ဒရုန်းနဲ့ဗုံးချခဲ့တာလို့ သိရပါတယ်။

“ဒဏ်ရာရကတော့များပြားတယ်ဗျ။ခရီးသည် နှစ်ယောက်သေ၊ နှစ်ယောက်စိုးရိမ်ရတယ်။နောက်ဆက်တွဲအခြေအနေ စုံစမ်းနေဆဲပါ”လို့ ကောလင်းမြို့နယ်အရှေ့ခြမ်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒရုန်းနဲ့ဗုံးချခဲ့စစ်တပ်ဟာ ကန့်ဘလူမြို့က ဝါသဝဦးစီးပြီး ရေမနေကျေးရွာကိုအထိုင်ချထားတဲ့ ပျူစောထီးစစ်ကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။

ကန့်ဘလူမြို့နယ်မှာ ပျူစောထီးတပ်တွေဟာ ဒရုန်းအသုံးပြုမှုများလာတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၈ရက်ကလည်း တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် တော်လှန်ရေးတပ်တွေရှိတဲ့နေရာကို ကန့်ဘလူက ပျူစောထီးနဲ့စစ်သားပူးပေါင်းတပ်က ဒရုန်းနဲ့ဗုံးချခဲ့လို့ တော်လှန်ရေးရဲဘော် ခုနစ်ဦး ကျဆုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။